Facebook ႏွင့္ MPT တို႔ ပူးေပါင္း၍ အင္တာနက္ေဒတာဖိုး ကုန္က်စရာမလိုဘဲ အက္ပလီေကးရွင္း update လုပ္ေဆာင္ႏိုင္ရန္ ဝန္ေဆာင္မႈေပးမည္

Facebook ႏွင့္ MPT တို႔ ပူးေပါင္း၍ ျမန္မာႏိုင္ငံရွိ ေဒသခံျပည္သူ သန္းေပါင္းမ်ားစြာအတြက္ Facebook အက္ပလီေကးရွင္း ဗားရွင္းအေဟာင္း
(ဗားရွင္း v201 အပါအဝင္ ေရွ႕တြင္ထြက္ရွိထားသည့္ ဗားရွင္းမ်ား) မွ ေနာက္ဆုံးထြက္ရွိထားသည့္ ဗားရွင္းအသစ္သို႔ (အက္ပလီေကးရွင္း update ျပဳလုပ္ရန္ အင္တာနက္ေဒတာ ကုန္က်စရိတ္မရွိဘဲ) အခမဲ့တစ္ႀကိမ္ ဗားရွင္းျမႇင့္ႏိုင္မည့္အေၾကာင္း ဂုဏ္ယူစိတ္လႈပ္ရွားစြာျဖင့္ ယေန႔ ထုတ္ျပန္ေၾကညာလိုက္ပါသည္။
 
လြန္ခဲ့သည့္ ငါးႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံတြင္ ဒစ္ဂ်စ္တယ္စနစ္သို႔ ကူးေျပာင္းလာျခင္းေၾကာင့္ ျပည္သူ မ်ား သတင္းအခ်က္အလက္မ်ား အလြယ္တကူ ရယူႏိုင္လာၿပီး တစ္ဦးႏွင့္တစ္ဦး ေျပာဆိုဆက္သြယ္ရာတြင္ ထူးျခားေကာင္းမြန္သည့္ ပုံစံအသစ္မ်ားကို အသုံးျပဳႏိုင္လာၾကသည့္အားေလ်ာ္စြာ သန္းေပါင္းမ်ားစြာေသာ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္မ်ားႏွင့္ အေသးစား စီးပြားေရးလုပ္ငန္းမ်ားအတြက္ စီးပြားေရးအရ အက်ိဳးေက်းဇူး မ်ားစြာ ရရွိခဲ့ၾကသည္။
 
Apps မ်ားအား အဆင့္ျမႇင့္တင္ျခင္းသည္ ေဘးကင္းလုံၿခဳံမႈရွိရွိ မိုဘိုင္းသုံးစြဲႏိုင္ရန္အတြက္ အေရးႀကီးသည့္ အစိတ္အပိုင္းတစ္ခု ျဖစ္ေသာ္လည္း မိုဘိုင္းဖုန္း အသုံးျပဳသူမ်ားစြာအတြက္ ေငြေၾကးကုန္က်မႈ ရွိႏိုင္ပါသည္။ ထို အခက္အခဲမ်ားသည္ ျမန္မာႏိုင္ငံရွိ လူအမ်ားအတြက္ Facebook ၏ ဗားရွင္းအသစ္ ထြက္ရွိတိုင္း ပိုမို ေကာင္းမြန္ ေစရန္ ဖန္တီးထည့္သြင္းေပးထားေသာ အေရးႀကီးသည့္ လုံၿခဳံေရးဆိုင္ရာ နည္းပညာ လုပ္ေဆာင္ခ်က္မ်ား အပါအဝင္ အင္တာနက္ေပၚမွ ရရွိေသာ အက်ိဳးေက်းဇူးမ်ားကို အျပည့္အဝ ခံစားႏိုင္ရန္ အဟန႔္အတားတစ္ခု ျဖစ္ေနပါသည္။
 
“ျမန္မာႏိုင္ငံက Facebook အသုံးျပဳတဲ့ လူမႈအသိုင္းအဝိုင္းအတြက္ Facebook ကို ေဘးကင္းလုံၿခဳံမႈရွိရွိနဲ႔  ေကာင္းမြန္စြာ အသုံးျပဳႏိုင္ဖို႔ဆိုတာ ကြၽန္မတို႔ တစ္ကယ့္ကို အေရးႀကီးတဲ့ ဦးစားေပး ကိစၥရပ္ပါ။ ဒါ့ေၾကာင့္ပဲ ျမန္မာႏိုင္ငံက မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာ ေလးခုနဲ႔ လက္တြဲၿပီး ေဒသခံျပည္သူ သန္းေပါင္းမ်ားစြာ အတြက္ သူတို႔လက္ရွိသုံးေနတဲ့ Facebook အက္ပလီေကးရွင္း အေဟာင္းကေန ေနာက္ဆုံးထြက္ရွိထားတဲ့ ဗားရွင္း အသစ္ကို ေငြေၾကး အကုန္အက်မရွိဘဲ ရယူအဆင့္ျမႇင့္တင္ႏိုင္ေအာင္ စီစဥ္ေပးခဲ့တာပါ။” ဟု Facebook ၏ APAC Head of Connectivity and Access Policy ျဖစ္သူ Tenzin Norbhu  က ေျပာသည္။ 
 
MPT-KSGM Joint Operations ၏ Chief Commercial Officer ျဖစ္သူ Mr. Reizo Umeda က “MPT မွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ေဆာင္မႈအသုံးျပဳသူေတြကို ဒီေန႔ေခတ္ရဲ႕ ဒစ္ဂ်စ္တယ္နဲ႔ ဆိုရွယ္မီဒီယာ နယ္ပယ္ကေန အက်ိဳးေက်းဇူးေတြ ရယူခံစားႏိုင္ေအာင္ အၿမဲတမ္း ႀကိဳးပမ္းလုပ္ေဆာင္ေပးေနပါတယ္။ Facebook က ျမန္မာႏိုင္ငံမွာ လူသုံးအမ်ားဆုံး ဆိုရွယ္မီဒီယာ ပလက္ေဖာင္းျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဝန္ေဆာင္မႈ အသုံးျပဳသူေတြ အေနနဲ႔ သူတို႔ရဲ႕ Facebook အက္ပလီေကးရွင္းကို ပုံမွန္ update လုပ္ေပးဖို႔ အေရးႀကီးပါတယ္။ ဒီ ပူးေပါင္းမႈ ကေန MPT အသုံးျပဳသူေတြဟာ အင္တာနက္ေဒတာဖိုး အကုန္အက်မရွိဘဲ သူတို႔ရဲ႕ Facebook App ကို  ေနာက္ဆုံးဗားရွင္းနဲ႔ အဆင့္ျမႇင့္တင္ၿပီး update ျပဳလုပ္ႏိုင္မွာပါ။ အခုလို MPT နဲ႔ Facebook တို႔ရဲ႕ လက္တြဲ ႀကိဳးပမ္းမႈေၾကာင့္ MPT အသုံးျပဳသူေတြဟာ Facebook ရဲ႕ ေနာက္ဆုံးေပၚ နည္းပညာ လုပ္ေဆာင္ခ်က္ေတြကို ရယူအသုံးျပဳႏိုင္ေတာ့မွာျဖစ္ၿပီး ဒစ္ဂ်စ္တယ္ေခတ္ႀကီးမွာ ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို  ေဘးကင္းလုံၿခဳံမႈ အျပည့္နဲ႔ အသုံးျပဳႏိုင္ေတာ့မွာပါ” ဟု ေျပာသည္။
 
မိမိ အသုံးျပဳေနသည့္ Facebook ႏွင့္ Messenger app မ်ားအား ဗားရွင္းအေဟာင္း၊ အသစ္ ခြဲျခားသိရွိႏိုင္ရန္ စစ္ေဆးပုံ
 
မိမိ အသုံးျပဳေနသည့္ Facebook သတင္းစဥ္ (News Feed) ထိပ္ဆုံးတြင္ အသိေပးခ်က္တစ္ခု လက္ခံရရွိမည္ ျဖစ္ပါသည္။ အဆိုပါ မတ္ေဆ့ခ်္မွတစ္ဆင့္ မိမိ အသုံးျပဳေနသည့္ ဗားရွင္းအေဟာင္း၊ အသစ္ကို ခြဲျခားသိရွိႏိုင္ ပါသည္။ Facebook မွ အက္ပလီေကးရွင္းအား ဗားရွင္းျမႇင့္ရန္ အင္တာနက္ေဒတာအကုန္အက်မရွိဘဲ download ျပဳလုပ္ႏိုင္သည့္ link အား အသိေပးေၾကညာ၍ တိုက္တြန္းေပးသြားမည္ျဖစ္ၿပီး မိမိ အသုံးျပဳ ေနသည့္ ဆက္သြယ္ေရးေအာ္ပေရတာ အသီးသီးမွ help center မ်ားသို႔လည္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။ လက္ရွိ ဗားရွင္းအေဟာင္း အသုံးျပဳေနသူမ်ားမွာ ယေန႔မွစ၍ သုံးလအတြင္း အင္တာနက္ေဒတာ အခမဲ့ျဖင့္ အက္ပလီေကးရွင္း update လုပ္ႏိုင္မည့္ အခြင့္အေရးတစ္ခု ရရွိမည္ျဖစ္ပါသည္။
 
Facebook အေၾကာင္း
 
၂၀၀၄ ခုႏွစ္ကစတင္ၿပီး အသုံးျပဳသူမ်ားကို လူမႈအသိုင္းအဝိုင္းတစ္ခု ဖြဲ႕စည္းတည္ေဆာက္ႏိုင္ရန္ႏွင့္ ကမာၻတစ္ဝန္းရွိ လူအခ်င္းခ်င္း ပိုမို ရင္းႏွီးလာေစရန္ ရည္မွန္းခ်က္ျဖင့္ Facebook ကို စတင္ တည္ေထာင္ခဲ့ပါသည္။ Facebook ကို သူငယ္ခ်င္းမ်ားႏွင့္ မိသားစုမ်ား အဆက္အသြယ္ မျပတ္ေစရန္၊ ကမာၻတစ္ဝန္း ျဖစ္ပြားလ်က္ရွိေသာ အေၾကာင္းအရာ မ်ားကို သိရွိႏိုင္ရန္ႏွင့္ အသုံးျပဳသူမ်ား၏ ခံစားခ်က္မ်ားႏွင့္ အျဖစ္အပ်က္မ်ားကို ဖြင့္ဟေဝမွ်ရန္ အသုံးျပဳေနၾကသည္။
 
MPT အေၾကာင္း
 
ျမန္မာျပည္၏ ပထမဦးဆုံးႏွင့္ ဦးေဆာင္ဆက္သြယ္ေရးေအာ္ပေရတာျဖစ္သည့္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) သည္ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ေပါင္း (၁၃၀) ေက်ာ္ၾကာေအာင္ လုပ္ငန္း ေဆာင္႐ြက္လ်က္ရွိပါသည္။ အႀကီးမားဆုံး 3G အင္တာနက္ကြန္ရက္ ျဖစ္သည့္အျပင္ သာမန္ 4G/LTE ထက္ျမန္ႏႈန္း ၂ ဆ ရွိသည့္ 4x4 MIMO နည္းပညာသုံး LTE+ ကြန္ရက္ႏွင့္အတူ ျမန္မာျပည္သူျပည္သား သုံးစြဲသူမ်ားႏွင့္ စီးပြားေရးလုပ္ငန္းႀကီးမ်ားအတြက္ လိုင္းဖုန္းမ်ားႏွင့္ မိုဘိုင္းဆက္သြယ္ေရးမ်ားကို ဝန္ေဆာင္မႈမ်ား ေပးအပ္လ်က္ရွိပါသည္။
 
၂၀၁၄ ခုႏွစ္ ဇူလိုင္လမွ စတင္ကာ MPT အေနျဖင့္ ဂ်ပန္ႏိုင္ငံ စီးပြားေရးလုပ္ငန္းစုႀကီးျဖစ္ေသာ KDDI Corporation (KDDI) ႏွင့္ Sumitomo Corporation (Sumitomo) တို႔ ပူးေပါင္းလုပ္ကိုင္သည့္  KDDI Summit Global Myanmar (KSGM) ႏွင့္ အက်ိဳးတူပူးေပါင္းမႈ ကတိကဝတ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။ KDDI ႏွင့္ Sumitomo တို႔က ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑တြင္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို MPT ႏွင့္အတူတကြ ပူးေပါင္းေဖာ္ေဆာင္ရန္အတြက္ အေမရိကန္ေဒၚလာ ၂ ဘီလီယံကို ၁၀ ႏွစ္တာအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ သြားမည္ျဖစ္ပါသည္။ အဆိုပါ ရင္းႏွီးျမႇဳပ္နံွမႈ ေငြေၾကးပမာဏမွာ ျမန္မာႏိုင္ငံအတြင္း ဂ်ပန္ႏိုင္ငံ၏ရင္းႏွီးျမႇဳုပ္ႏွံမႈ သမိုင္း၌ အႀကီးမားဆုံးေသာ ရင္းႏွီးျမႇဳပ္ႏွံမႈလည္းျဖစ္ပါသည္။
 
MPT အေနျဖင့္ KSGM ႏွင့္ အတူပူးေပါင္း၍ ဝန္ထမ္းေပါင္း ၈,၀၀၀ ေက်ာ္ႏွင့္အတူ ဆက္သြယ္ေရး နည္းပညာ က႑ကို တိုးတက္ေစျခင္းျဖင့္ ျမန္မာႏိုင္ငံအား ေရွ႕သို႔လွမ္းခ်ီႏိုင္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနပါသည္။ လက္ရွိတြင္ MPT သည္ အသုံးျပဳသူေပါင္း ၂၃ သန္းေက်ာ္အတြက္ ဝန္ေဆာင္မႈမ်ား ေပးအပ္လ်က္ရွိပါသည္။
 
အေသးစိတ္ အခ်က္အလက္ကို သိရွိလိုပါက http://www.mpt.com.mm သို႔မဟုတ္ http://www.facebook.com/mptofficialpage တြင္ ဖတ္ရႈေလ့လာႏိုင္ပါသည္။ ျမန္မာႏိုင္ငံရွိ လူငယ္မ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ဦးစားေပးေဆာင္႐ြက္ေနသည့္ MPT ၏ လႈပ္ရွားမႈမ်ားကို သိရွိလိုပါက သတင္းအခ်က္အလက္ အျပည့္အစုံပါ လုပ္ငန္းသုံးဗြီဒီယို  http://mptcsr.foc.lotayamm.com/mptyouth တြင္ အခမဲ့ ဝင္ေရာက္ၾကည့္ရႈ ေလ့လာႏိုင္ပါသည္။
 
 
(Unicode) 
 
Facebook နှင့် MPT တို့ ပူးပေါင်း၍ အင်တာနက်ဒေတာဖိုး ကုန်ကျစရာမလိုဘဲ အက်ပလီကေးရှင်း update လုပ်ဆောင်နိုင်ရန် ဝန်ဆောင်မှုပေးမည်
 
Facebook နှင့် MPT တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် Facebook အက်ပလီကေးရှင်း ဗားရှင်းအဟောင်း (ဗားရှင်း v201 အပါအဝင် ရှေ့တွင်ထွက်ရှိထားသည့် ဗားရှင်းများ) မှ နောက်ဆုံးထွက်ရှိထားသည့် ဗားရှင်းအသစ်သို့ (အက်ပလီကေးရှင်း update ပြုလုပ်ရန် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ) အခမဲ့တစ်ကြိမ် ဗားရှင်းမြှင့်နိုင်မည့်အကြောင်း ဂုဏ်ယူစိတ်လှုပ်ရှားစွာဖြင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။
 
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းလာခြင်းကြောင့် ပြည်သူ များ သတင်းအချက်အလက်များ အလွယ်တကူ ရယူနိုင်လာပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရာတွင် ထူးခြားကောင်းမွန်သည့် ပုံစံအသစ်များကို အသုံးပြုနိုင်လာကြသည့်အားလျော်စွာ သန်းပေါင်းများစွာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအရ အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြသည်။
 
Apps များအား အဆင့်မြှင့်တင်ခြင်းသည် ဘေးကင်းလုံခြုံမှုရှိရှိ မိုဘိုင်းသုံးစွဲနိုင်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း မိုဘိုင်းဖုန်း အသုံးပြုသူများစွာအတွက် ငွေကြေးကုန်ကျမှု ရှိနိုင်ပါသည်။ ထို အခက်အခဲများသည် မြန်မာနိုင်ငံရှိ လူအများအတွက် Facebook ၏ ဗားရှင်းအသစ် ထွက်ရှိတိုင်း ပိုမို ကောင်းမွန် စေရန် ဖန်တီးထည့်သွင်းပေးထားသော အရေးကြီးသည့် လုံခြုံရေးဆိုင်ရာ နည်းပညာ လုပ်ဆောင်ချက်များ အပါအဝင် အင်တာနက်ပေါ်မှ ရရှိသော အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားနိုင်ရန် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။
 
“မြန်မာနိုင်ငံက Facebook အသုံးပြုတဲ့ လူမှုအသိုင်းအဝိုင်းအတွက် Facebook ကို ဘေးကင်းလုံခြုံမှုရှိရှိနဲ့  ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ တစ်ကယ့်ကို အရေးကြီးတဲ့ ဦးစားပေး ကိစ္စရပ်ပါ။ ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံက မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လေးခုနဲ့ လက်တွဲပြီး ဒေသခံပြည်သူ သန်းပေါင်းများစွာ အတွက် သူတို့လက်ရှိသုံးနေတဲ့ Facebook အက်ပလီကေးရှင်း အဟောင်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်း အသစ်ကို ငွေကြေး အကုန်အကျမရှိဘဲ ရယူအဆင့်မြှင့်တင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။” ဟု Facebook ၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu  က ပြောသည်။  
 
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT မှာတော့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေကို ဒီနေ့ခေတ်ရဲ့ ဒစ်ဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာ နယ်ပယ်ကနေ အကျိုးကျေးဇူးတွေ ရယူခံစားနိုင်အောင် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်ပေးနေပါတယ်။ Facebook က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်ပြီး ကျွန်တော်တို့ ဝန်ဆောင်မှု အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ Facebook အက်ပလီကေးရှင်းကို ပုံမှန် update လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒီ ပူးပေါင်းမှု ကနေ MPT အသုံးပြုသူတွေဟာ အင်တာနက်ဒေတာဖိုး အကုန်အကျမရှိဘဲ သူတို့ရဲ့ Facebook App ကို  နောက်ဆုံးဗားရှင်းနဲ့ အဆင့်မြှင့်တင်ပြီး update ပြုလုပ်နိုင်မှာပါ။ အခုလို MPT နဲ့ Facebook တို့ရဲ့ လက်တွဲ ကြိုးပမ်းမှုကြောင့် MPT အသုံးပြုသူတွေဟာ Facebook ရဲ့ နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်တွေကို ရယူအသုံးပြုနိုင်တော့မှာဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို  ဘေးကင်းလုံခြုံမှု အပြည့်နဲ့ အသုံးပြုနိုင်တော့မှာပါ” ဟု ပြောသည်။
 
မိမိ အသုံးပြုနေသည့် Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် စစ်ဆေးပုံ
 
မိမိ အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ မတ်ဆေ့ချ်မှတစ်ဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင် ပါသည်။ Facebook မှ အက်ပလီကေးရှင်းအား ဗားရှင်းမြှင့်ရန် အင်တာနက်ဒေတာအကုန်အကျမရှိဘဲ download ပြုလုပ်နိုင်သည့် link အား အသိပေးကြေညာ၍ တိုက်တွန်းပေးသွားမည်ဖြစ်ပြီး မိမိ အသုံးပြု နေသည့် ဆက်သွယ်ရေးအော်ပရေတာ အသီးသီးမှ help center များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လက်ရှိ ဗားရှင်းအဟောင်း အသုံးပြုနေသူများမှာ ယနေ့မှစ၍ သုံးလအတွင်း အင်တာနက်ဒေတာ အခမဲ့ဖြင့် အက်ပလီကေးရှင်း update လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်ပါသည်။
 
Facebook အကြောင်း
 
၂၀၀၄ ခုနှစ်ကစတင်ပြီး အသုံးပြုသူများကို လူမှုအသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူအချင်းချင်း ပိုမို ရင်းနှီးလာစေရန် ရည်မှန်းချက်ဖြင့် Facebook ကို စတင် တည်ထောင်ခဲ့ပါသည်။ Facebook ကို သူငယ်ချင်းများနှင့် မိသားစုများ အဆက်အသွယ် မပြတ်စေရန်၊ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော အကြောင်းအရာ များကို သိရှိနိုင်ရန်နှင့် အသုံးပြုသူများ၏ ခံစားချက်များနှင့် အဖြစ်အပျက်များကို ဖွင့်ဟဝေမျှရန် အသုံးပြုနေကြသည်။
 
MPT အကြောင်း
 
မြန်မာပြည်၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်း (၁၃၀) ကျော်ကြာအောင် လုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။ အကြီးမားဆုံး 3G အင်တာနက်ကွန်ရက် ဖြစ်သည့်အပြင် သာမန် 4G/LTE ထက်မြန်နှုန်း ၂ ဆ ရှိသည့် 4x4 MIMO နည်းပညာသုံး LTE+ ကွန်ရက်နှင့်အတူ မြန်မာပြည်သူပြည်သား သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် လိုင်းဖုန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးများကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
 
၂၀၁၄ ခုနှစ် ဇူလိုင်လမှ စတင်ကာ MPT အနေဖြင့် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့ ပူးပေါင်းလုပ်ကိုင်သည့်  KDDI Summit Global Myanmar (KSGM) နှင့် အကျိုးတူပူးပေါင်းမှု ကတိကဝတ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ KDDI နှင့် Sumitomo တို့က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများကို MPT နှင့်အတူတကွ ပူးပေါင်းဖော်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို ၁၀ နှစ်တာအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သွားမည်ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နံှမှု ငွေကြေးပမာဏမှာ မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ရင်းနှီးမြှုုပ်နှံမှု သမိုင်း၌ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါသည်။
 
MPT အနေဖြင့် KSGM နှင့် အတူပူးပေါင်း၍ ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်နှင့်အတူ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍကို တိုးတက်စေခြင်းဖြင့် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ လက်ရှိတွင် MPT သည် အသုံးပြုသူပေါင်း ၂၃ သန်းကျော်အတွက် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
 
အသေးစိတ် အချက်အလက်ကို သိရှိလိုပါက http://www.mpt.com.mm သို့မဟုတ် http://www.facebook.com/mptofficialpage တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ မြန်မာနိုင်ငံရှိ လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေသည့် MPT ၏ လှုပ်ရှားမှုများကို သိရှိလိုပါက သတင်းအချက်အလက် အပြည့်အစုံပါ လုပ်ငန်းသုံးဗွီဒီယို  http://mptcsr.foc.lotayamm.com/mptyouth တွင် အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။
 
Read times
Rate this item
(2 votes)