Facebook ႏွင့္ MyTel တို႔ ပူးေပါင္း၍ အခမဲ့ အက္ပလီေကးရွင္း update လုပ္ေဆာင္ႏိုင္ရန္ ဝန္ေဆာင္မႈေပးမည္

Facebook ႏွင့္ MyTel တို႔ ပူးေပါင္း၍ အခမဲ့ အက္ပလီေကးရွင္း update လုပ္ေဆာင္ႏိုင္ရန္ ဝန္ေဆာင္မႈေပးမည္ google.com
Facebook ႏွင့္ MyTel တို႔ ပူးေပါင္း၍ ျမန္မာႏိုင္ငံရွိ ေဒသခံျပည္သူ သန္းေပါင္းမ်ားစြာအတြက္ Facebook အက္ပလီေကးရွင္း ဗားရွင္းအေဟာင္း
(ဗားရွင္း v201 အပါအဝင္ ေရွ႕တြင္ထြက္ရွိထားသည့္ ဗားရွင္းမ်ား) မွ ေနာက္ဆုံးထြက္ရွိထားသည့္ ဗားရွင္းအသစ္သို႔ (အက္ပလီေကးရွင္း update ျပဳလုပ္ရန္ အင္တာနက္ေဒတာ ကုန္က်စရိတ္မရွိဘဲ) အခမဲ့တစ္ႀကိမ္ ဗားရွင္းျမႇင့္ႏိုင္မည့္အေၾကာင္း ဂုဏ္ယူစိတ္လႈပ္ရွားစြာျဖင့္ ယေန႔ ထုတ္ျပန္ေၾကညာလိုက္ပါသည္။
 
လြန္ခဲ့သည့္ ငါးႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံတြင္ ဒစ္ဂ်စ္တယ္စနစ္သို႔ ကူးေျပာင္းလာျခင္းေၾကာင့္ ျပည္သူ မ်ား သတင္းအခ်က္အလက္မ်ား အလြယ္တကူ ရယူႏိုင္လာၿပီး တစ္ဦးႏွင့္တစ္ဦး ေျပာဆိုဆက္သြယ္ရာတြင္ ထူးျခားေကာင္းမြန္သည့္ ပုံစံအသစ္မ်ားကို အသုံးျပဳႏိုင္လာၾကသည့္အားေလ်ာ္စြာ သန္းေပါင္းမ်ားစြာေသာ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္မ်ား ႏွင့္ အေသးစား စီးပြားေရးလုပ္ငန္းမ်ားအတြက္ စီးပြားေရးအရ အက်ိဳးေက်းဇူးမ်ားစြာ ရရွိခဲ့ၾကသည္။
 
Apps မ်ားအား အဆင့္ျမင့္တင္ျခင္းသည္ ေဘးကင္းလုံၿခဳံမႈရွိရွိ မိုဘိုင္းသုံးစြဲႏိုင္ရန္အတြက္ အေရးႀကီးသည့္ အစိတ္အပိုင္းတစ္ခု ျဖစ္ေသာ္လည္း မိုဘိုင္းဖုန္း အသုံးျပဳသူမ်ားစြာအတြက္ ေငြေၾကးကုန္က်မႈ ရွိႏိုင္ပါသည္။ ထို အခက္အခဲမ်ားသည္ ျမန္မာႏိုင္ငံရွိ လူအမ်ားအတြက္ Facebook ၏ ဗားရွင္းအသစ္ ထြက္ရွိတိုင္း ပိုမို ေကာင္းမြန္ ေစရန္ ဖန္တီးထည့္သြင္းေပးထားေသာ အေရးႀကီးသည့္ လုံၿခဳံေရးဆိုင္ရာ နည္းပညာ လုပ္ေဆာင္ခ်က္မ်ား အပါအဝင္ အင္တာနက္ေပၚမွ ရရွိေသာ အက်ိဳးေက်းဇူးမ်ားကို အျပည့္အဝ ခံစားႏိုင္ရန္ အဟန႔္အတားတစ္ခု ျဖစ္ေနပါသည္။
 
“ျမန္မာႏိုင္ငံက Facebook အသုံးျပဳတဲ့ လူမႈအသိုင္းအဝိုင္းအတြက္ Facebook ကို ေဘးကင္းလုံၿခဳံမႈရွိရွိနဲ႔  ေကာင္းမြန္စြာ အသုံးျပဳႏိုင္ဖို႔ဆိုတာ ကြၽန္မတို႔ တစ္ကယ့္ကို အေရးႀကီးတဲ့ ဦးစားေပး ကိစၥရပ္ပါ။ ဒါ့ေၾကာင့္ပဲ ျမန္မာႏိုင္ငံက မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာ ေလးခုနဲ႔ လက္တြဲၿပီး ေဒသခံျပည္သူ သန္းေပါင္းမ်ားစြာအတြက္ သူတို႔လက္ရွိသုံးေနတဲ့ Facebook အက္ပလီေကးရွင္း အေဟာင္းကေန ေနာက္ဆုံးထြက္ရွိထားတဲ့ ဗားရွင္း အသစ္ကို ေငြေၾကး အကုန္အက်မရွိဘဲ ရယူအဆင့္ျမႇင့္တင္ႏိုင္ေအာင္ စီစဥ္ေပးခဲ့တာပါ။” ဟု Facebook ၏ APAC Head of Connectivity and Access Policy ျဖစ္သူ Tenzin Norbhu  က ေျပာသည္။  
 
ဆက္လက္ၿပီး “ဒီလို လက္တြဲေဆာင္႐ြက္လိုက္တဲ့အတြက္ လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက ကြၽန္မတို႔ ႀကိဳးစား ဖန္တီးၿပီး ထည့္သြင္းေပးထားတဲ့ ေနာက္ဆုံးေပၚ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ နည္းပညာလုပ္ေဆာင္ခ်က္ေတြကို ျမန္မာႏိုင္ငံက Facebook လူမႈအသိုင္းအဝိုင္းက ရယူ အသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အခု ေနာက္ဆုံးထြက္ရွိ ထားတဲ့ app နဲ႔ ကြၽန္မတို႔ရဲ႕လူမႈအသိုင္းအဝိုင္းကို ယူနီကုဒ္နဲ႔ ပို႔စ္ေတြတင္ႏိုင္၊ စာစုေတြကို ဖတ္ရႈႏိုင္ေအာင္ ကူညီေပးၿပီး ျမန္မာႏိုင္ငံရဲ႕ ယူနီကုဒ္စံစနစ္ ကူးေျပာင္းေရးကို ေထာက္ပံ့အားေပးသြားမွာ ျဖစ္ပါတယ္” ဟု  ေျပာသည္။
 
မိမိ အသုံးျပဳေနသည့္ Facebook ႏွင့္ Messenger app မ်ားအား ဗားရွင္းအေဟာင္း၊ အသစ္ ခြဲျခားသိရွိႏိုင္ရန္ စစ္ေဆးပုံ
 
မိမိ အသုံးျပဳေနသည့္ Facebook သတင္းစဥ္ (News Feed) ထိပ္ဆုံးတြင္ အသိေပးခ်က္တစ္ခု လက္ခံရရွိမည္ ျဖစ္ပါသည္။ အဆိုပါ မတ္ေဆ့ခ်္မွတစ္ဆင့္ မိမိ အသုံးျပဳေနသည့္ ဗားရွင္းအေဟာင္း၊ အသစ္ကို ခြဲျခားသိရွိႏိုင္ ပါသည္။ Facebook မွ အက္ပလီေကးရွင္းအား ဗားရွင္းျမႇင့္ရန္ အင္တာနက္ေဒတာ အခမဲ့ျဖင့္ download ျပဳလုပ္ႏိုင္သည့္ link အား အသိေပးေၾကညာ၍ တိုက္တြန္းေပးသြားမည္ျဖစ္ၿပီး မိမိ အသုံးျပဳ ေနသည့္ ဆက္သြယ္ေရးေအာ္ပေရတာ အသီးသီးမွ help center မ်ားသို႔လည္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။ လက္ရွိ ဗားရွင္းအေဟာင္း အသုံးျပဳေနသူမ်ားမွာ ယေန႔မွစ၍ သုံးလအတြင္း အင္တာနက္ေဒတာ အခမဲ့ျဖင့္ အက္ပလီေကးရွင္း update လုပ္ႏိုင္မည့္ အခြင့္အေရးတစ္ခု ရရွိမည္ျဖစ္ပါသည္။
 
Facebook အေၾကာင္း
 
၂၀၀၄ ခုႏွစ္ကစတင္ၿပီး အသုံးျပဳသူမ်ားကို လူမႈအသိုင္းအဝိုင္းတစ္ခု ဖြဲ႕စည္းတည္ေဆာက္ႏိုင္ရန္ႏွင့္ ကမာၻတစ္ဝန္းရွိ လူအခ်င္းခ်င္း ပိုမို ရင္းႏွီးလာေစရန္ ရည္မွန္းခ်က္ျဖင့္ Facebook ကို စတင္ တည္ေထာင္ခဲ့ပါသည္။ Facebook ကို သူငယ္ခ်င္းမ်ားႏွင့္ မိသားစုမ်ား အဆက္အသြယ္ မျပတ္ေစရန္၊ ကမာၻတစ္ဝန္း ျဖစ္ပြားလ်က္ရွိေသာ အေၾကာင္းအရာ မ်ားကို သိရွိႏိုင္ရန္ႏွင့္ အသုံးျပဳသူမ်ား၏ ခံစားခ်က္မ်ားႏွင့္ အျဖစ္အပ်က္မ်ားကို ဖြင့္ဟေဝမွ်ရန္ အသုံးျပဳေနၾကသည္။
 
MyTel အေၾကာင္း
 
Mytel ကုမၸဏီသည္ ၂၀၁၆ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး ျမန္မာႏိုင္ငံဆက္သြယ္ေရး ေဈးကြက္သို႔ ေနာက္ဆုံး ဝင္ေရာက္လာသည့္ ဆက္သြယ္ေရးဝန္ေဆာင္မႈကုမၸဏီျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ကုမၸဏီ ၁၁ခုျဖင့္ ဖြဲ႕စည္းထားေသာ ကုမၸဏီအစုအဖြဲ႕၏ ႀကိဳတင္စိုက္ထူထားၿပီးျဖစ္ေသာ  ဆက္သြယ္ေရးတာဝါတိုင္ အေဆာက္အအုံမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ေရွ႕ေျပးေဈးကြက္မ်ားတြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္တိုင္ အေတြ႕အႀကဳံရွိသည့္ ဗီယက္နမ္ဆက္သြယ္ေရးဝန္ေဆာင္မႈကုမၸဏီ Viettel ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိသည္။ Mytel သည္ ျမန္မာႏိုင္ငံႏွင့္ကိုက္ညီသည့္ သုံးစြဲသူအႀကိဳက္ဝန္ေဆာင္မႈမ်ားကို ႀကိဳးပမ္း လုပ္ေဆာင္ေပးရင္း ေနာက္ဆုံးေပၚနည္းပညာမ်ားႏွင့္ ဆက္သြယ္ေရးေဈးကြက္အား အရွိန္အဟုန္ျမႇင့္ကာ ျမန္မာ  ျပည္သူျပည္သားမ်ား အတြက္ ေဈးႏႈန္းသက္သာၿပီး အရည္အေသြးေကာင္းမြန္သည့္ ဝန္ေဆာင္မႈမ်ားကို အဓိကေပးအပ္သြားမည္ ျဖစ္သည္။
 
Mytel သည္ ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ အက်ယ္ျပန႔္ဆုံး 4G ကြန္ရက္ႏွင့္ ေခတ္အမီဆုံး ဆက္သြယ္ေရး အေျခခံအေဆာက္အဦးမ်ား ေထာက္ပံ့ေပးၿပီး ဒစ္ဂ်စ္တယ္စနစ္သို႔ ကူးေျပာင္းရန္ႏွင့္ ျမန္မာျပည္သူျပည္သား တို႔၏ လူေနမႈဘဝမ်ားကို စြမ္းအားျမႇင့္တင္ရန္ ေဆာင္႐ြက္ေပးေနေသာ ဆက္သြယ္ေရးကြန္ရက္တစ္ခုျဖစ္လာ ေစရန္ ရည္႐ြယ္သည္။
 
အေသးစိတ္အခ်က္အလက္မ်ားကို ပိုမိုသိရွိလိုပါက https://www.facebook.com/mytelmyanmar ႏွင့္ www.mytel.com.mm တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္သည္။
 
 
(Unicode)
 
Facebook နှင့် MyTel တို့ ပူးပေါင်း၍ အခမဲ့ အက်ပလီကေးရှင်း update လုပ်ဆောင်နိုင်ရန် ဝန်ဆောင်မှုပေးမည်
 
Facebook နှင့် MyTel တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် Facebook အက်ပလီကေးရှင်း ဗားရှင်းအဟောင်း (ဗားရှင်း v201 အပါအဝင် ရှေ့တွင်ထွက်ရှိထားသည့် ဗားရှင်းများ) မှ နောက်ဆုံးထွက်ရှိထားသည့် ဗားရှင်းအသစ်သို့ (အက်ပလီကေးရှင်း update ပြုလုပ်ရန် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ) အခမဲ့တစ်ကြိမ် ဗားရှင်းမြှင့်နိုင်မည့်အကြောင်း ဂုဏ်ယူစိတ်လှုပ်ရှားစွာဖြင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။
 
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းလာခြင်းကြောင့် ပြည်သူ များ သတင်းအချက်အလက်များ အလွယ်တကူ ရယူနိုင်လာပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရာတွင် ထူးခြားကောင်းမွန်သည့် ပုံစံအသစ်များကို အသုံးပြုနိုင်လာကြသည့်အားလျော်စွာ သန်းပေါင်းများစွာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအရ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
 
Apps များအား အဆင့်မြင့်တင်ခြင်းသည် ဘေးကင်းလုံခြုံမှုရှိရှိ မိုဘိုင်းသုံးစွဲနိုင်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း မိုဘိုင်းဖုန်း အသုံးပြုသူများစွာအတွက် ငွေကြေးကုန်ကျမှု ရှိနိုင်ပါသည်။ ထို အခက်အခဲများသည် မြန်မာနိုင်ငံရှိ လူအများအတွက် Facebook ၏ ဗားရှင်းအသစ် ထွက်ရှိတိုင်း ပိုမို ကောင်းမွန် စေရန် ဖန်တီးထည့်သွင်းပေးထားသော အရေးကြီးသည့် လုံခြုံရေးဆိုင်ရာ နည်းပညာ လုပ်ဆောင်ချက်များ အပါအဝင် အင်တာနက်ပေါ်မှ ရရှိသော အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားနိုင်ရန် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။
 
“မြန်မာနိုင်ငံက Facebook အသုံးပြုတဲ့ လူမှုအသိုင်းအဝိုင်းအတွက် Facebook ကို ဘေးကင်းလုံခြုံမှုရှိရှိနဲ့  ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ တစ်ကယ့်ကို အရေးကြီးတဲ့ ဦးစားပေး ကိစ္စရပ်ပါ။ ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံက မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လေးခုနဲ့ လက်တွဲပြီး ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် သူတို့လက်ရှိသုံးနေတဲ့ Facebook အက်ပလီကေးရှင်း အဟောင်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်း အသစ်ကို ငွေကြေး အကုန်အကျမရှိဘဲ ရယူအဆင့်မြှင့်တင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။” ဟု Facebook ၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu  က ပြောသည်။  
 
ဆက်လက်ပြီး “ဒီလို လက်တွဲဆောင်ရွက်လိုက်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျွန်မတို့ ကြိုးစား ဖန်တီးပြီး ထည့်သွင်းပေးထားတဲ့ နောက်ဆုံးပေါ် ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံက Facebook လူမှုအသိုင်းအဝိုင်းက ရယူ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခု နောက်ဆုံးထွက်ရှိ ထားတဲ့ app နဲ့ ကျွန်မတို့ရဲ့လူမှုအသိုင်းအဝိုင်းကို ယူနီကုဒ်နဲ့ ပို့စ်တွေတင်နိုင်၊ စာစုတွေကို ဖတ်ရှုနိုင်အောင် ကူညီပေးပြီး မြန်မာနိုင်ငံရဲ့ ယူနီကုဒ်စံစနစ် ကူးပြောင်းရေးကို ထောက်ပံ့အားပေးသွားမှာ ဖြစ်ပါတယ်” ဟု  ပြောသည်။
 
မိမိ အသုံးပြုနေသည့် Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် စစ်ဆေးပုံ
 
မိမိ အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ မတ်ဆေ့ချ်မှတစ်ဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင် ပါသည်။ Facebook မှ အက်ပလီကေးရှင်းအား ဗားရှင်းမြှင့်ရန် အင်တာနက်ဒေတာ အခမဲ့ဖြင့် download ပြုလုပ်နိုင်သည့် link အား အသိပေးကြေညာ၍ တိုက်တွန်းပေးသွားမည်ဖြစ်ပြီး မိမိ အသုံးပြု နေသည့် ဆက်သွယ်ရေးအော်ပရေတာ အသီးသီးမှ help center များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လက်ရှိ ဗားရှင်းအဟောင်း အသုံးပြုနေသူများမှာ ယနေ့မှစ၍ သုံးလအတွင်း အင်တာနက်ဒေတာ အခမဲ့ဖြင့် အက်ပလီကေးရှင်း update လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်ပါသည်။
 
Facebook အကြောင်း
 
၂၀၀၄ ခုနှစ်ကစတင်ပြီး အသုံးပြုသူများကို လူမှုအသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူအချင်းချင်း ပိုမို ရင်းနှီးလာစေရန် ရည်မှန်းချက်ဖြင့် Facebook ကို စတင် တည်ထောင်ခဲ့ပါသည်။ Facebook ကို သူငယ်ချင်းများနှင့် မိသားစုများ အဆက်အသွယ် မပြတ်စေရန်၊ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော အကြောင်းအရာ များကို သိရှိနိုင်ရန်နှင့် အသုံးပြုသူများ၏ ခံစားချက်များနှင့် အဖြစ်အပျက်များကို ဖွင့်ဟဝေမျှရန် အသုံးပြုနေကြသည်။
 
MyTel အကြောင်း
 
Mytel ကုမ္ပဏီသည် ၂၀၁၆ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်သို့ နောက်ဆုံး ဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီ ၁၁ခုဖြင့် ဖွဲ့စည်းထားသော ကုမ္ပဏီအစုအဖွဲ့၏ ကြိုတင်စိုက်ထူထားပြီးဖြစ်သော  ဆက်သွယ်ရေးတာဝါတိုင် အဆောက်အအုံများနှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသည့် ဗီယက်နမ်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် သုံးစွဲသူအကြိုက်ဝန်ဆောင်မှုများကို ကြိုးပမ်း လုပ်ဆောင်ပေးရင်း နောက်ဆုံးပေါ်နည်းပညာများနှင့် ဆက်သွယ်ရေးဈေးကွက်အား အရှိန်အဟုန်မြှင့်ကာ မြန်မာ  ပြည်သူပြည်သားများ အတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဓိကပေးအပ်သွားမည် ဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အကျယ်ပြန့်ဆုံး 4G ကွန်ရက်နှင့် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံအဆောက်အဦးများ ထောက်ပံ့ပေးပြီး ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန်နှင့် မြန်မာပြည်သူပြည်သား တို့၏ လူနေမှုဘဝများကို စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်လာ စေရန် ရည်ရွယ်သည်။
 
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် www.mytel.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
 
Read times
Rate this item
(1 Vote)