Facebook ႏွင့္ Ooredoo တို႔ ပူးေပါင္း၍ Facebook အက္ပလီေကးရွင္းကို ေဒတာအသုံးျပဳခအခမဲ့ ျဖင့္ update လုပ္ေဆာင္ႏိုင္ရန္ ဝန္ေဆာင္မႈေပးမည္

Facebook ႏွင့္ Ooredoo တို႔ ပူးေပါင္း၍ Facebook အက္ပလီေကးရွင္းကို ေဒတာအသုံးျပဳခအခမဲ့ ျဖင့္ update လုပ္ေဆာင္ႏိုင္ရန္ ဝန္ေဆာင္မႈေပးမည္ google.com
အူရီဒူူးျမန္မာမွ ဝန္ေဆာင္မႈ အသုံးျပဳသူမ်ားအား မိမိတို႔၏ Facebook အက္ပလီေကးရွင္းကို အင္တာနက္ေဒတာ ကုန္က်စရိတ္မရွိဘဲ ဗားရွင္းျမႇင့္ႏိုင္ၿပီ ျဖစ္ေၾကာင္း
ေအာက္တိုဘာလ ၃ ရက္ေန႔က ထုတ္ျပန္ေၾကညာလိုက္ပါသည္။ ထို႔ေၾကာင့္ Facebook အက္ပလီေကးရွင္း ဗားရွင္း အေဟာင္း အသုံးျပဳလ်က္ရွိသူမ်ားမွာ ဗားရွင္းအသစ္အား ရယူအဆင့္ျမႇင့္တင္ၿပီး ေနာက္ဆုံးေပၚ နည္းပညာ လုပ္ေဆာင္ခ်က္မ်ားကို အသုံးျပဳႏိုင္ေတာ့မည္ ျဖစ္ပါသည္။
 
ျမန္မာႏိုင္ငံတြင္ Facebook သည္ သူငယ္ခ်င္း၊ မိတ္ေဆြမ်ား၊ ခ်စ္ခင္ရသူမ်ားႏွင့္ ေျပာဆိုဆက္သြယ္ရန္ အဓိက အသုံးျပဳလ်က္ရွိေသာပုံစံမ်ားအတြင္း တစ္ခုအပါအဝင္ျဖစ္ပါသည္။ ထို႔အျပင္ စီးပြားေရးလုပ္ငန္းမ်ား အေနျဖင့္ မိမိတို႔၏ ဝန္ေဆာင္မႈ အသုံးျပဳလ်က္ရွိေသာ ေဖာက္သည္မ်ားျဖင့္ ကိုယ္တိုင္ကိုယ္က် တိုက္႐ိုက္ ေျပာဆိုႏိုင္မည့္ ပလက္ေဖာင္းတစ္ခုအျဖစ္ ပိုမို အသုံးျပဳလာၾကၿပီ ျဖစ္သည္။
 
ထို အခ်က္မ်ားေၾကာင့္ အူရီဒူူးျမန္မာမွ Facebook အက္ပလီေကးရွင္းကို ေငြေၾကး အကုန္အက်မရွိဘဲ အဆင့္  ျမႇင့္တင္ႏိုင္ရန္ ဝန္ေဆာင္မႈ ေပးအပ္ရျခင္း ျဖစ္ပါသည္။ အဆိုပါ ဝန္ေဆာင္မႈျဖင့္ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားမွာ Facebook ၏ ဗားရွင္းအသစ္တြင္ပါရွိေသာ ပိုမို ေကာင္းမြန္သည့္ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ လုပ္ေဆာင္ခ်က္ မ်ား အပါအဝင္ ေနာက္ဆုံးေပၚ နည္းပညာလုပ္ေဆာင္ခ်က္မ်ားကို အသုံးျပဳၿပီး အက္ပလီေကးရွင္းမွ ရရွိေသာ အက်ိဳးေက်းဇူးမ်ားကို အျပည့္အဝ အသုံးခ်ႏိုင္မည္ ျဖစ္သည္။
 
ယခုကဲ့သို႔ အဆင့္ျမႇင့္တင္လိုက္ျခင္းေၾကာင့္ အက္ပလီေကးရွင္း အသုံးျပဳသူမ်ားမွာ ႏိုင္ငံတကာသုံး နည္းပညာ စံႏႈန္းႏွင့္ ကိုက္ညီသည့္ ယူနီကုဒ္စံစနစ္ျဖင့္ ပို႔စ္မ်ားတင္ႏိုင္ၿပီး စာစုမ်ားကိုလည္း အဆင္ေျပေခ်ာေမြ႕စြာ ဖတ္ရႈႏိုင္မည္ ျဖစ္သည့္အားေလ်ာ္စြာ အင္တာနက္အသုံးျပဳေနၾကသည့္ ေဂဟစနစ္ႀကီးအတြင္း ယူနီကုဒ္ စံစနစ္သို႔ ကူးေျပာင္းရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေသာ ႏိုင္ငံ၏ ေမွ်ာ္မွန္းခ်က္ကို ပံ့ပိုးေပးႏိုင္မည္ ျဖစ္ပါသည္။
 
အူရီဒူးျမန္မာ အေနျဖင့္ ျမန္မာႏိုင္ငံမွ ျပည္သူမ်ား အင္တာနက္အား ေဘးကင္းလုံၿခဳံစြာ ႏွင့္ တာဝန္သိတတ္စြာ အဆင္ေျပေျပ အသုံးျပဳႏိုင္ေစရန္ တာဝန္အျပည့္အဝရွိပါသည္။ ယခုကဲ့သို႔ လူအမ်ားအား Facebook အက္ပလီေကးရွင္း ဗားရွင္းအေဟာင္းမွ ဗားရွင္းအသစ္သို႔ အဆင့္ျမႇင္တင္ ႏိုင္ရန္ ဝန္ေဆာင္မႈေပးလိုက္ျခင္းျဖင့္ ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻတစ္ဝန္းတြင္ ပိုမို နီးကပ္ခ်ိတ္ဆက္လာသည့္ လူမႈအသိုက္အဝန္းတစ္ခုအတြင္းရွိ လူတစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းစီအတြက္ အက်ိဳးေက်းဇူးမ်ား ခံစားရရွိေစၿပီး ဒစ္ဂ်စ္တယ္ႏိုင္ငံသားမ်ားအား ပိုမို ေကာင္းမြန္သည့္ စံႏႈန္းမ်ားျဖင့္ နည္းပညာကို အသုံးခ်ႏိုင္ေရး တိုက္တြန္းအားေပးရန္ အေထာက္အပံ့ျဖစ္ေစပါသည္။
 
မိမိ အသုံးျပဳေနသည့္ Facebook ႏွင့္ Messenger app မ်ားအား ဗားရွင္းအေဟာင္း၊ အသစ္ ခြဲျခားသိရွိႏိုင္ရန္ စစ္ေဆးပုံ
 
မိမိ အသုံးျပဳေနသည့္ Facebook သတင္းစဥ္ (News Feed) ထိပ္ဆုံးတြင္ အသိေပးခ်က္တစ္ခု လက္ခံရရွိမည္ ျဖစ္ပါသည္။ အဆိုပါ မတ္ေဆ့ခ်္မွတစ္ဆင့္ မိမိ အသုံးျပဳေနသည့္ ဗားရွင္းအေဟာင္း၊ အသစ္ကို ခြဲျခားသိရွိႏိုင္ ပါသည္။ Facebook မွ အက္ပလီေကးရွင္းအား ဗားရွင္းျမႇင့္ရန္ တိုက္တြန္းေပးသြားမည္ျဖစ္ၿပီး မိမိ အသုံးျပဳ ေနသည့္ ဆက္သြယ္ေရးေအာ္ပေရတာ အသီးသီးမွ help center မ်ားသို႔လည္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။ လက္ရွိ ဗားရွင္းအေဟာင္း အသုံးျပဳေနသူမ်ားမွာ ယေန႔မွစ၍ သုံးလအတြင္း အင္တာနက္ေဒတာ အခမဲ့ျဖင့္ အက္ပလီေကးရွင္း update လုပ္ႏိုင္မည့္ အခြင့္အေရးတစ္ခု ရရွိမည္ျဖစ္ပါသည္။ အေသးစိတ္ သိရွိလိုပါက www.ooredoo.com.mm တြင္ ဖတ္ရႈေလ့လာႏိုင္ပါသည္။
 
Facebook အေၾကာင္း
 
၂၀၀၄ ခုႏွစ္ကစတင္ၿပီး အသုံးျပဳသူမ်ားကို လူမႈအသိုင္းအဝိုင္းတစ္ခု ဖြဲ႕စည္းတည္ေဆာက္ႏိုင္ရန္ႏွင့္ ကမာၻတစ္ဝန္းရွိ လူအခ်င္းခ်င္း ပိုမို ရင္းႏွီးလာေစရန္ ရည္မွန္းခ်က္ျဖင့္ Facebook ကို စတင္ တည္ေထာင္ခဲ့ပါသည္။ Facebook ကို သူငယ္ခ်င္းမ်ားႏွင့္ မိသားစုမ်ား အဆက္အသြယ္ မျပတ္ေစရန္၊ ကမာၻတစ္ဝန္း ျဖစ္ပြားလ်က္ရွိေသာ အေၾကာင္းအရာ မ်ားကို သိရွိႏိုင္ရန္ႏွင့္ အသုံးျပဳသူမ်ား၏ ခံစားခ်က္မ်ားႏွင့္ အျဖစ္အပ်က္မ်ားကို ဖြင့္ဟေဝမွ်ရန္ အသုံးျပဳေနၾကသည္။
 
အူရီဒူးျမန္မာ အေၾကာင္း
 
အူရီဒူးျမန္မာသည္ ျမန္မာႏိုင္ငံတြင္ ဆက္သယ္ေရး ဝန္ေဆာင္မႈမ်ားေပးအပ္ရန္ ၂၀၁၃ခုႏွစ္ ဇြန္လတြင္ လိုင္စင္ရရွိခဲ့ပါသည္။ အူရီဒူးျမန္မာသည္ “ျပည္သူမ်ား၏ လူမႈဘဝကို ဒီဂ်စ္တယ္ လူေနမႈျဖင့္ ေတာက္ပေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးမည္” ဆိုသည့္ ရည္မွန္းခ်က္ႏွင့္အတူ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑တြင္ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ား ေပးအပ္ရာ၌ ဦးေဆာင္လွ်က္ရွိေနပါသည္။ အူရီဒူးျမန္မာသည္ ယခုအခါတြင္ တစ္ဦးခ်င္းအသုံးျပဴသူမ်ား သာမက စီးပြားေရးလုပ္ငန္းမ်ား၊ အစိုးရဌာနမ်ား ႏွင့္ အေသးစားႏွင့္အလတ္စား လုပ္ငန္းမ်ားအတြက္ လုပ္ငန္းမ်ား တိုးတက္ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ေစရန္ ဝန္ေဆာင္မႈမ်ားစြာ ေပးအပ္လ်က္ရွိပါသည္။ အဆိုပါ ဝန္ေဆာင္မႈမ်ားသည္ လူမႈဘ၀ ဖြံ႕ၿဖိဳးေရး ႏွင့္ လုပ္ပိုင္ခြင့္ အခြင့္အလမ္းမ်ား ရရွိေရးတို႔ကို ဦးတည္၍ ဝန္ေဆာင္မႈေပးထားသျဖင့္ ျပည္သူမ်ားအား လုပ္ကိုင္စြမ္းအားမ်ားကို ျမႇင့္တင္ေပးျခင္း ႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို ပိုမိုေခ်ာေမြ႕စြာ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါသည္။ အူရီဒူးျမန္မာသည္ ၎၏ ထုတ္ကုန္မ်ား၊ ဝန္ေဆာင္မႈမ်ား ႏွင့္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားမွတဆင့္ ျပည္သူမ်ား၏ ဘဝကို ေတာက္ပေကာင္းမြန္ေစရန္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ပါသည္။
 
(Unicode)
 
Facebook နှင့် Ooredoo တို့ ပူးပေါင်း၍ Facebook အက်ပလီကေးရှင်းကို ဒေတာအသုံးပြုခအခမဲ့ ဖြင့် update လုပ်ဆောင်နိုင်ရန် ဝန်ဆောင်မှုပေးမည်
 
အူရီဒူူးမြန်မာမှ ဝန်ဆောင်မှု အသုံးပြုသူများအား မိမိတို့၏ Facebook အက်ပလီကေးရှင်းကို အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ဗားရှင်းမြှင့်နိုင်ပြီ ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါသည်။ ထို့ကြောင့် Facebook အက်ပလီကေးရှင်း ဗားရှင်း အဟောင်း အသုံးပြုလျက်ရှိသူများမှာ ဗားရှင်းအသစ်အား ရယူအဆင့်မြှင့်တင်ပြီး နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။
 
မြန်မာနိုင်ငံတွင် Facebook သည် သူငယ်ချင်း၊ မိတ်ဆွေများ၊ ချစ်ခင်ရသူများနှင့် ပြောဆိုဆက်သွယ်ရန် အဓိက အသုံးပြုလျက်ရှိသောပုံစံများအတွင်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများ အနေဖြင့် မိမိတို့၏ ဝန်ဆောင်မှု အသုံးပြုလျက်ရှိသော ဖောက်သည်များဖြင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် ပြောဆိုနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် ပိုမို အသုံးပြုလာကြပြီ ဖြစ်သည်။
 
ထို အချက်များကြောင့် အူရီဒူူးမြန်မာမှ Facebook အက်ပလီကေးရှင်းကို ငွေကြေး အကုန်အကျမရှိဘဲ အဆင့်  မြှင့်တင်နိုင်ရန် ဝန်ဆောင်မှု ပေးအပ်ရခြင်း ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများမှာ Facebook ၏ ဗားရှင်းအသစ်တွင်ပါရှိသော ပိုမို ကောင်းမွန်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် များ အပါအဝင် နောက်ဆုံးပေါ် နည်းပညာလုပ်ဆောင်ချက်များကို အသုံးပြုပြီး အက်ပလီကေးရှင်းမှ ရရှိသော အကျိုးကျေးဇူးများကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
 
ယခုကဲ့သို့ အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် အက်ပလီကေးရှင်း အသုံးပြုသူများမှာ နိုင်ငံတကာသုံး နည်းပညာ စံနှုန်းနှင့် ကိုက်ညီသည့် ယူနီကုဒ်စံစနစ်ဖြင့် ပို့စ်များတင်နိုင်ပြီး စာစုများကိုလည်း အဆင်ပြေချောမွေ့စွာ ဖတ်ရှုနိုင်မည် ဖြစ်သည့်အားလျော်စွာ အင်တာနက်အသုံးပြုနေကြသည့် ဂေဟစနစ်ကြီးအတွင်း ယူနီကုဒ် စံစနစ်သို့ ကူးပြောင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံ၏ မျှော်မှန်းချက်ကို ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။
 
အူရီဒူးမြန်မာ အနေဖြင့် မြန်မာနိုင်ငံမှ ပြည်သူများ အင်တာနက်အား ဘေးကင်းလုံခြုံစွာ နှင့် တာဝန်သိတတ်စွာ အဆင်ပြေပြေ အသုံးပြုနိုင်စေရန် တာဝန်အပြည့်အဝရှိပါသည်။ ယခုကဲ့သို့ လူအများအား Facebook အက်ပလီကေးရှင်း ဗားရှင်းအဟောင်းမှ ဗားရှင်းအသစ်သို့ အဆင့်မြှင်တင် နိုင်ရန် ဝန်ဆောင်မှုပေးလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ပိုမို နီးကပ်ချိတ်ဆက်လာသည့် လူမှုအသိုက်အဝန်းတစ်ခုအတွင်းရှိ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီအတွက် အကျိုးကျေးဇူးများ ခံစားရရှိစေပြီး ဒစ်ဂျစ်တယ်နိုင်ငံသားများအား ပိုမို ကောင်းမွန်သည့် စံနှုန်းများဖြင့် နည်းပညာကို အသုံးချနိုင်ရေး တိုက်တွန်းအားပေးရန် အထောက်အပံ့ဖြစ်စေပါသည်။
 
မိမိ အသုံးပြုနေသည့် Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် စစ်ဆေးပုံ
 
မိမိ အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ မတ်ဆေ့ချ်မှတစ်ဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင် ပါသည်။ Facebook မှ အက်ပလီကေးရှင်းအား ဗားရှင်းမြှင့်ရန် တိုက်တွန်းပေးသွားမည်ဖြစ်ပြီး မိမိ အသုံးပြု နေသည့် ဆက်သွယ်ရေးအော်ပရေတာ အသီးသီးမှ help center များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လက်ရှိ ဗားရှင်းအဟောင်း အသုံးပြုနေသူများမှာ ယနေ့မှစ၍ သုံးလအတွင်း အင်တာနက်ဒေတာ အခမဲ့ဖြင့် အက်ပလီကေးရှင်း update လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက www.ooredoo.com.mm တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
 
Facebook အကြောင်း
 
၂၀၀၄ ခုနှစ်ကစတင်ပြီး အသုံးပြုသူများကို လူမှုအသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူအချင်းချင်း ပိုမို ရင်းနှီးလာစေရန် ရည်မှန်းချက်ဖြင့် Facebook ကို စတင် တည်ထောင်ခဲ့ပါသည်။ Facebook ကို သူငယ်ချင်းများနှင့် မိသားစုများ အဆက်အသွယ် မပြတ်စေရန်၊ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော အကြောင်းအရာ များကို သိရှိနိုင်ရန်နှင့် အသုံးပြုသူများ၏ ခံစားချက်များနှင့် အဖြစ်အပျက်များကို ဖွင့်ဟဝေမျှရန် အသုံးပြုနေကြသည်။
 
အူရီဒူးမြန်မာ အကြောင်း
 
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏ လူမှုဘဝကို ဒီဂျစ်တယ် လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် ယခုအခါတွင် တစ်ဦးချင်းအသုံးပြူသူများ သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
 
Read times
Rate this item
(1 Vote)