ပရိတ်သတ် စိတ်ဝင်စားမှုအများဆုံးရှိထားတဲ့ Myanmar Idol Season (4) ကို OPPO Myanmar မှ Official Smartphone Sponsor အဖြစ် ပံ့ပိုးကူညီသွားမည်

OPPO Myanmar ကနေ ပရိတ်သတ် စိတ်ဝင်စားမှုအများဆုံးရှိထားတဲ့ Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲကို Official Smartphone Sponsor အဖြစ်
ပံ့ပိုးကူညီပေးသွားတော့မှာ ဖြစ်ပါတယ်။ အခုကျင်းပမယ့် Myanmar Idol ပြိုင်ပွဲဟာ (၄)ကြိမ်မြောက်အထိကို ရောက်ရှိလာပြီ ဖြစ်ပြီး ယခုပြိုင်ပွဲမှာလည်း မြို့နယ် ပေါင်း ၂ဝက ပြိုင်ပွဲဝင်သုံးသောင်းကျော် လာရောက် ယှဉ်ပြိုင်ကြတယ်လို့လည်း သိရပါတယ်။ Myanmar Idol ကနေ Top 11 ပြိုင်ပွဲဝင်များကိုလည်း ကြေညာပေးထားပြီး ဒီပြိုင်ပွဲကို OPPO ကနေ မကြာခင်က အသစ်စက်စက် မိတ်ဆက်ပေးထားတဲ့ OPPO Reno2 I 2F စမတ်ဖုန်းတွေနဲ့အတူ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။
 
Myanmar Idol Season (4) ကို ပံ့ပိုးကူညီပေးသွားမယ့် OPPO Reno2 စမတ်ဖုန်းဟာဆိုရင် ၅ဆအထိ ချဲ့နိုင်ပြီး အဝေးက ပုံရိပ်တွေကိုတောင် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်တဲ့ 5x Hybrid Zoom၊ အဆ၂၀အထိချဲ့နိုင်တဲ့ 20x Digital Zoom၊ ရုပ်ငြိမ် videoတွေကို ရိုက်ကူးနိုင်မယ့် Ultra Steady Video နဲ့ အလင်းရောင်မရှိသလောက်အချိန်တွေမှာတောင် ထင်ထင်ရှားရှားမြင်ရအောင်ရိုက်ကူးပေးနိုင်တဲ့ Ultra Dark Mode တွေပါဝင်ထားတဲ့ အသုံးပြုသူတိုင်းသဘောကျစေမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Myanmar Idol ပြိုင်ပွဲဝင် (၁၁)ယောက်ရဲ့ အလှဓာတ်ပုံတွေကိုလည်း Shane Photography မှ OPPO Reno2 နဲ့အတူ အလှပဆုံးပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
 
Reno2 F စမတ်ဖုန်းဟာဆိုရင်လည်း အချိန်တိုင်းနေရာတိုင်း စိတ်ကူးရှိသလောက် ပုံတွေကို ရိုက်ကူးနိုင်မယ့် Quad Camera set up ဖြစ်တဲ့ 48MP Ultra Clear Main Camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono Lens နဲ့ 2MP Portrait Lens တွေပါဝင်ထားတဲ့ အတွက် Ultra Wide Angle Video ရိုက်ကူးမှုတွေကိုလည်း ပြုလုပ်နိုင်ဦးမှာ ဖြစ်တဲ့အပြင် Ultra Night Mode 2.0 လည်း ထည့်သွင်းပေးထားတဲ့အတွက် ညဘက်ဓာတ်ပုံတွေကိုလည်း အကောင်းဆုံး ရိုက်ကူးပေးနိုင်မယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အကောင်းဆုံး Camera စွမ်းဆောင်ရည်တွေ ပါရှိတဲ့ OPPO Reno2 စမတ်ဖုန်းကို ခမ်းနားကျော့ရှင်းသော Luminous Black နဲ့ ပင်လယ်သမုဒ္ဒရာများရဲ့ ထူးခြားသိမ်မွေ့တဲ့ အရောင် Ocean Blue တို့ဖြင့် ရရှိနိုင်မှာဖြစ်ပြီး မြန်မာငွေ (၇၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း၊ Reno2 F ကို ဂန္ထဝင်ဆန်သော Sky White နဲ့ စိမ်းစိုတောက်ပတဲ့ Lake Green တို့ဖြင့် ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာငွေ (၅၂၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း နိုဝင်ဘာလ (၂)ရက်နေ့ကစတင်ပြီး OPPO ဖုန်းအရောင်းကောင်တာတိုင်းတွင် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။
 
ဝယ်ယူအားပေးသူများအတွက် OPPO မှ ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် အောက်တိုဘာ ၃၁ မှစပြီး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် စတင်တော့မည့် Myanmar Idol Season (4) ပြိုင်ပွဲသို့ ကိုယ်တိုင်တိုက်ရိုက်သွားရောက်ခွင့်ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ OPPO Reno2 I 2F စမတ်ဖုန်း ဝယ်ယူထားသူများဟာ ဝယ်ယူထားကြောင်းသက်သေဖြစ်တဲ့ ဖြတ်ပိုင်းဘောင်ချာကို OPPO Myanmar Facebook Page မှာ တင်ထားတဲ့ ပို့စ်အောက်မှာ Comment ပေးရမှာဖြစ်ပြီး ကံထူးသူအယောက် (၂၀)ဟာ ကြာသပတေးနေ့မှာ ကျင်းပပေးသွားမယ့် Myanmar Idol Season (4) ပြိုင်ပွဲကို သွားရောက်ကြည့်ရှုဖို့အတွက် အခွင့်အရေး ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ် စနေနေ့တိုင်းတွင် OPPO Diary Campaign ကိုလည်း OPPO Myanmar Facebook Page မှာ ပြုလုပ်ပေးသွားမှာဖြစ်ပြီး ကံထူးသူအယောက် ၂၀ ကို ရွေးချယ်ကာ သောကြာနေ့မှာပြုလုပ်မယ့် Myanmar Idol Season (4) ပြိုင်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်များကိုလည်း အပတ်စဉ် အင်္ဂါနေ့တိုင်း ‌ရွေးချယ်ပေးသွားဦးမှာ ဖြစ်တဲ့အတွက် Myanmar Idol Season (4) ကို OPPO Reno2 I Reno2 F တို့နဲ့အတူ အားပေးလိုက်ကြရ‌အောင်။
 
Read times
Rate this item
(1 Vote)

Related items