OPPO Myanmar ၏ “OPPO Nebula Green Night”Ambassadors & Media Thank You Party တွင် OPPO Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ထပ်မံမိတ်ဆက်

OPPO Myanmarမှ ၂၀၁၉ ခုနှစ်တစ်နှစ်လုံးတွင် လက်တွဲလုပ်ကိုင်ခဲ့ကြသောAmbassadors များနှင့် OPPO ၏ သတင်းများကို စဉ်ဆက်မပြတ် ဖော်ပြပေးခဲ့ကြသော
မိတ်ဖက်မီဒီယာများကို ကျေးဇူးတင်သည့်အနေဖြင့် “Nebula Green Night”အမည်ရ Ambassadors & Media Thank You Party ကို ရန်ကုန်မြို့ရှိ Atlas Rooftop Bar & Lounge တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Thank You Party နှင့်အတူ OPPO မှအသစ်ထပ်မံထွက်ရှိလာတော့မည့် OPPO Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကိုလည်း OPPO Myanmar မှ တာဝန်ရှိသူများ၊ OPPO ၏ Brand Ambassadors များဖြစ်ကြသော ဝတ်မှုန်ရွှေရည် နှင့် ပိုင်တံခွန်၊ KOLs များဖြစ်ကြသော ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ လွှမ်းပိုင်၊ ယမင်းမေဦး၊ သဇင်ထူးမြင့်၊ ဖုန်းသီရိကျော်၊ ကျော်ထက်ဇော် တို့နှင့်အတူ ဖိတ်ကြားထားသော မီဒီယာများ ရှေ့မှောက်တွင် မိတ်ဆက်ပေးခဲ့ပါသည်။
 
OPPO_Reno.jpg
 
ထိုပွဲတွင်OPPO Myanmarမှ တစ်နှစ်ပတ်လုံး လက်တွဲလုပ်ကိုင်ခဲ့သည့် Ambassadors များနှင့် KOLs များကို အမှတ်တရ Caricature ပုံများကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း OPPO ၏ ပွဲသတင်းများနှင့် သတင်းထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် ဖော်ပြပေးခဲ့ကြသည့် Top 10 မီဒီယာများကို ဆုတံဆိပ်များ ပေးအပ်ခဲ့သည့်အပြင် တတိယဆုရရှိသော Myanmar ICT Directory ကို ဆုတံဆိပ်နှင့်အတူ Reno2 F Lake Green အရောင်ကို လည်းကောင်း၊ ဒုတိယဆုရရှိသော Tech Hub ကိုလည်း ဆုတံဆိပ်နှင့် Reno2 F Sky White အရောင်ကိုလည်းကောင်း၊ ပထမဆုရရှိသော MyTech Myanmar ကို အသစ်ထွက်ရှိလာသော Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို လည်းကောင်း ပေးအပ်ခဲ့ပါသည်။ ထို့အပြင် မိတ်ဖက် media များကိုလည်း အမှတ်တရ လက်ဆောင်တံဆိပ်များကို ပြန်လည်ပေးအပ်ခဲ့ပြီး “OPPO Nebula Green Night” Ambassadors & Media Thank You Party ကို ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ခဲ့ပါသည်။
 
111.jpg
 
OPPO Myanmar မှ Reno2 I 2F စမတ်ဖုန်း ၂မျိုးကို ပြီးခဲ့သော အောက်တိုဘာလက Melia Hotel Yangon ၌ အနုပညာရှင်ပေါင်းများစွာဖြင့် ခမ်းနားကြီးကျယ်စွာ မိတ်ဆက်ပေးခဲ့ပြီး ယခုအခါတွင်အစိမ်းရောင်ကို စိုပြေဆန်းပြားသည့် ခရမ်းရောင်ရောင်ပြေးများဖြင့် ရောစပ်ထားသည့် Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ယခုမိတ်ဆက်ပေးလိုက်သော Reno2 F Nebula Green (Limited Edition) အရောင်အသစ်သည် ယခင်မိတ်ဆက်ပေးခဲ့သော Reno2 F ကဲ့သို့ အလှပဆုံးပုံများကို ဖန်တီးရိုက်ကူးနိုင်မည့် 48MP Super Quad Camera၊ ညဘက်ဓာတ်ပုံရိုက်ခြင်းကို ကြိုက်နှစ်သက်သူများအတွက် Ultra Night Mode 2.0၊ မြင်ကွင်းကျယ်ပုံများကို ရိုက်ကူးနိုင်မည့်119° Ultra Wide Angle Lens၊ လှုပ်ရှားနေသည့် အချိန်များတွင် အကောင်းဆုံး ဗီဒီယိုများကို ဖန်တီးနိုင်မည့် Anti-Shake Video၊ နှင့် ရွှန်းစိုတောက်ပသော ၆.၅လက်မရှိသည့် မျက်နှာပြင်ပြည့် AMOLED Panoramic Screen ပါရှိသည့် စမတ်ဖုန်းတစ်လုံးဖြစ်ပါသည်။
 
222.jpg
 
OPPO Myanmar မှ အသစ်ထပ်မံမိတ်ဆက်ပေးလိုက်သည့် Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကြိုတင်မှာယူနိုင်မည် ဖြစ်ပြီး ဒီဇင်ဘာလ (၁၈) ရက်နေ့မှစတင်ကာ ဈေးနှုန်း (၅၃၉,၉၀၀) ကျပ်ဖြင့်OPPO ဖုန်းအရောင်းကောင်တာတိုင်းတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ ကြိုတင်မှာယူသူများကို မေတ္တာလက်ဆောင်အဖြစ်OPPO ခရီးဆောင်အိတ်များကိုလည်း လက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
 
Read times
Rate this item
(2 votes)