မိုဘိုင်းဆက်သွယ်ရေးတာဝါများမှ ပြည်သူသို့သက်ရောက်လျက်ရှိသည့် လျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ
ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic Field- EMF) များသည်  နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ သိရှိနိုင်ရန်အတွက် EMF တိုင်းတာရေးစီမံချက် ရေးဆွဲကာ NARDA Safety Test Solution မှထုတ်လုပ်သည့် EMF Measuring Equipment ဖြင့် EMF တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းတာတွေ့ရှိသည့်ရလဒ်များဖြင့် အများပြည်သူသို့ အသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
 
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့များသည် ၂၀၁၉ ခုနှစ် ၊ (ဇွန်လ မှ ဒီဇင်ဘာလ) အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့ရှိ အများပြည်သူဆိုင်ရာနေရာ Public Area (၁၀)နေရာနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ တာဝါတိုင်စုစုပေါင်း (၅၁) တိုင်တို့တွင် EMF တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။
 
ဆက်လက်၍ EMF တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိသည့် ရလဒ်များပေါ်မူတည်၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ တာဝါတိုင်များမှ ရေဒီယိုစက်ပစ္စည်းများ၏ EMF ထုတ်လွှင့်မှုသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူသို့ သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ချိန်ညှိမှုများပြုလုပ်ရန်  မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများသို့ ညွှန်ကြားလျက်ရှိပါသည်။
 
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့၏ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Commission on Non - Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက်အောက်တွင်သာရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ် ၊ (ဇွန်လ မှ ဒီဇင်ဘာလ) အထိ EMF တိုင်းတာရေးဆောင်ရွက်ခဲ့သည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
 
 

 
 
Zawgyi Version
 
မိုဘိုင္းဆက္သြယ္ေရးတာဝါမ်ားမွ ျပည္သူသို႔သက္ေရာက္လ်က္ရွိသည့္ လွ်ပ္စစ္သံလိုက္စက္ကြင္းပမာဏကိုသိရွိႏိုင္ေရး တိုင္းတာေရးလုပ္ငန္းမ်ား ေဆာင္႐ြက္
 
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ ျမန္မာႏိုင္ငံတြင္အသုံးျပဳေနသည့္ မိုဘိုင္းဆက္သြယ္ေရးတာဝါမ်ားရွိ ေရဒီယိုစက္ပစၥည္းမ်ားမွ ထုတ္လႊင့္ေနသည့္ လွ်ပ္စစ္သံလိုက္စက္ကြင္း (Electromagnetic Field- EMF) မ်ားသည္  ႏိုင္ငံတကာစံသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီျခင္းရွိ/မရွိ သိရွိႏိုင္ရန္အတြက္ EMF တိုင္းတာေရးစီမံခ်က္ ေရးဆြဲကာ NARDA Safety Test Solution မွထုတ္လုပ္သည့္ EMF Measuring Equipment ျဖင့္ EMF တိုင္းတာစစ္ေဆးျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး တိုင္းတာေတြ႕ရွိသည့္ရလဒ္မ်ားျဖင့္ အမ်ားျပည္သူသို႔ အသိပညာေပးျခင္းမ်ားကို အေလးထားေဆာင္႐ြက္လ်က္ရွိပါသည္။
 
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာတြင္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ တိုင္းတာေရးအဖြဲ႕မ်ားသည္ ၂၀၁၉ ခုႏွစ္ ၊ (ဇြန္လ မွ ဒီဇင္ဘာလ) အထိ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ဧရာဝတီႏွင့္ ခ်င္းျပည္နယ္တို႔ရွိ အမ်ားျပည္သူဆိုင္ရာေနရာ Public Area (၁၀)ေနရာႏွင့္ မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာမ်ား၏ တာဝါတိုင္စုစုေပါင္း (၅၁) တိုင္တို႔တြင္ EMF တိုင္းတာေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ခဲ့ၿပီးျဖစ္ပါသည္။
 
ဆက္လက္၍ EMF တိုင္းတာေရးလုပ္ငန္းမွ တိုင္းတာေတြ႕ရွိသည့္ ရလဒ္မ်ားေပၚမူတည္၍ မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာမ်ား၏ တာဝါတိုင္မ်ားမွ ေရဒီယိုစက္ပစၥည္းမ်ား၏ EMF ထုတ္လႊင့္မႈသည္ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ အမ်ားျပည္သူသို႔ သက္ေရာက္မႈ အနည္းဆုံးျဖစ္ေစရန္အတြက္ လိုအပ္သည့္နည္းပညာပိုင္းဆိုင္ရာ ခ်ိန္ညႇိမႈမ်ားျပဳလုပ္ရန္  မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာမ်ားသို႔ ၫႊန္ၾကားလ်က္ရွိပါသည္။
 
ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ တိုင္းတာေရးအဖြဲ႕၏ တိုင္းတာေတြ႕ရွိသည့္ ရလဒ္မ်ားအရ ဆက္သြယ္ေရးတာဝါတိုင္မ်ားမွ မိုဘိုင္းေရဒီယိုစက္ပစၥည္းမ်ား၏ EMF သက္ေရာက္မႈသည္ International Commission on Non - Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ္မွတ္ခ်က္ေအာက္တြင္သာရွိေၾကာင္း ေတြ႕ရွိရပါသည္။ ၂၀၁၉ ခုႏွစ္ ၊ (ဇြန္လ မွ ဒီဇင္ဘာလ) အထိ EMF တိုင္းတာေရးေဆာင္႐ြက္ခဲ့သည့္ ေနရာမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။
 
 

 
 
Source : Motc.gov

Additional Info

  • Top Banner: 2486-electromagnetic-field-emf
  • Bottom Banner: 2486-electromagnetic-field-emf
  • Sidebar Banner: 2486-electromagnetic-field-emf
Read times
Rate this item
(1 Vote)