အများပြည်သူများ အသုံးပြုသည့် မိုဘိုင်း နံပါတ်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

အများပြည်သူများ အသုံးပြုသည့် မိုဘိုင်း နံပါတ်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း google.com
အများပြည်သူများအနေဖြင့် SIM Cards များ အသုံးပြုရာတွင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ SIM Card မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ မိမိတို့ဝယ်ယူသည့်ဆိုင်၌ ဦးစွာပထမ SIM Card မှတ်ပုံတင်ခြင်းအား ဆောင်ရွက်ရမည်ဖြစ်ပါသည်။
 
မှတ်ပုံတင်ပြီးဖြစ်သော SIM Card အား ဝယ်ယူသည့်နေ့မှစတင်၍ ဖုန်းခေါ်ဆိုခြင်း (သို့) စာတိုပေးပို့ခြင်း (သို့) ငွေဖြည့်ခြင်းစသည့် နည်းလမ်းတစ်ခုခုအား ဝယ်ယူသည့်နေ့မှ ရက်ပေါင်း (၁၈၀) အတွင်း ပြုလုပ်ပါက SIM Card အား စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်း မရှိ ပါက SIM Card အား အသုံးပြု၍ မရနိုင်ပါ။ ရက်ပေါင်း ( ၁၈၀ ) အတွင်း အသုံးပြုခြင်း မရှိသည့် နံပါတ်များကို အော်ပရေတာများက သုံးစွဲသူအသစ်သို့ သတ်မှတ်ချထားပေးနိုင်မည်ဖြစ်ပါသည်။
 
အသုံးပြုမှုရရှိပြီးဖြစ်သည့် SIM Card အား ရက်ပေါင်း( ၆၀ )အတွင်း ငွေဖြည့်ပါက SIM Card အား ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေဖြည့်သွင်းခြင်းမပြုလုပ်ပါက ဖုန်းအဝင် Call သာ လက်ခံရရှိမည်ဖြစ်ကာ အထွက် Call ခေါ်ဆိုမှု အပါအဝင် စာတိုပေးပို့ခြင်း၊ အင်တာနက် သုံးစွဲခြင်းနှင့် အခြားသောဝန်ဆောင်မှုများအား အသုံးပြု၍ မရနိုင်ဘဲ ဖုန်းအဝင်လက်ခံမှုနှင့် SMS လက်ခံမှုတို့ကိုသာ ဆောင်ရွက်နိုင်ပါမည်။ (One Way Block အဆင့်ဖြစ်ပါသည်။)
 
ငွေဖြည့်သွင်းထားသည့် SIM Card များသည် တစ်နှစ်အထိ သက်တမ်းရှိနေမည်ဖြစ်ပြီး တစ်နှစ်အတွင်း မည်သည့် လုပ်ဆောင်ချက်မျိုးမှ မလုပ်ဆောင်ပါက One Way Block အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။
 
One Way Block အဆင့်သို့ရောက်ရှိသည့် SIM Card အား ဆက်လက် အသုံးပြုလိုပါက ရက်ပေါင်း (၃၀) အတွင်း ငွေဖြည့်သွင်းရမည်ဖြစ်ပြီး ငွေဖြည့်သွင်းခြင်း မပြုလုပ်ပါက ဖုန်းခေါ် ဆိုခြင်း ၊ SMS လက်ခံခြင်းနှင့်ပေးပို့ခြင်း အပါအဝင် အင်တာနက်သုံးစွဲခြင်းနှင့် အခြားသော ဝန်ဆောင်မှုများအား အသုံးပြု၍ မရနိုင်ပါ။ (Two Way Block အဆင့်ဖြစ်ပါသည်။)
 
Two Way Block အဆင့်သို့ရောက်ရှိသည့် SIM Card အား ဆက်လက်အသုံးပြုလိုပါက ရက်ပေါင်း ( ၆၀ ) အတွင်း ငွေဖြည့်သွင်းရမည်ဖြစ်ပြီး ငွေဖြည့်သွင်းခြင်း မပြုလုပ်ပါက SIM Card အား ဆက်လက်အသုံးပြု၍ မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။
 
ငွေဖြည့်သွင်းခြင်းမရှိသော Two Way Block အဆင့်သို့ရောက်ရှိနေသည့် SIM Card များမှာ ထပ်မံ၍ ရက်ပေါင်း ( ၆၀ ) ကျော်ပါက မိုဘိုင်းအော်ပရေတာများမှ ၎င်း SIM နံပါတ်များအား အခြားသုံးစွဲသူတစ်ဦးသို့ ပြန်လည်သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။
 
SIM Life Cycle အပြည့်အစုံ
 

 
Zawgyi Version
 
အမ်ားျပည္သူမ်ား အသုံးျပဳသည့္ မိုဘိုင္း နံပါတ္မ်ားႏွင့္စပ္လ်ဥ္း၍ အသိေပးေၾကညာျခင္း
 
အမ်ားျပည္သူမ်ားအေနျဖင့္ SIM Cards မ်ား အသုံးျပဳရာတြင္ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာန၏ SIM Card မွတ္ပုံတင္ျခင္းဆိုင္ရာ ၫႊန္ၾကားခ်က္ႏွင့္အညီ မိမိတို႔ဝယ္ယူသည့္ဆိုင္၌ ဦးစြာပထမ SIM Card မွတ္ပုံတင္ျခင္းအား ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။
 
မွတ္ပုံတင္ၿပီးျဖစ္ေသာ SIM Card အား ဝယ္ယူသည့္ေန႔မွစတင္၍ ဖုန္းေခၚဆိုျခင္း (သို႔) စာတိုေပးပို႔ျခင္း (သို႔) ေငြျဖည့္ျခင္းစသည့္ နည္းလမ္းတစ္ခုခုအား ဝယ္ယူသည့္ေန႔မွ ရက္ေပါင္း (၁၈၀) အတြင္း ျပဳလုပ္ပါက SIM Card အား စတင္အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ထိုသို႔ျပဳလုပ္ျခင္း မရွိ ပါက SIM Card အား အသုံးျပဳ၍ မရႏိုင္ပါ။ ရက္ေပါင္း ( ၁၈၀ ) အတြင္း အသုံးျပဳျခင္း မရွိသည့္ နံပါတ္မ်ားကို ေအာ္ပေရတာမ်ားက သုံးစြဲသူအသစ္သို႔ သတ္မွတ္ခ်ထားေပးႏိုင္မည္ျဖစ္ပါသည္။
 
အသုံးျပဳမႈရရွိၿပီးျဖစ္သည့္ SIM Card အား ရက္ေပါင္း( ၆၀ )အတြင္း ေငြျဖည့္ပါက SIM Card အား ဆက္လက္အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ေငြျဖည့္သြင္းျခင္းမျပဳလုပ္ပါက ဖုန္းအဝင္ Call သာ လက္ခံရရွိမည္ျဖစ္ကာ အထြက္ Call ေခၚဆိုမႈ အပါအဝင္ စာတိုေပးပို႔ျခင္း၊ အင္တာနက္ သုံးစြဲျခင္းႏွင့္ အျခားေသာဝန္ေဆာင္မႈမ်ားအား အသုံးျပဳ၍ မရႏိုင္ဘဲ ဖုန္းအဝင္လက္ခံမႈႏွင့္ SMS လက္ခံမႈတို႔ကိုသာ ေဆာင္႐ြက္ႏိုင္ပါမည္။ (One Way Block အဆင့္ျဖစ္ပါသည္။)
 
ေငြျဖည့္သြင္းထားသည့္ SIM Card မ်ားသည္ တစ္ႏွစ္အထိ သက္တမ္းရွိေနမည္ျဖစ္ၿပီး တစ္ႏွစ္အတြင္း မည္သည့္ လုပ္ေဆာင္ခ်က္မ်ိဳးမွ မလုပ္ေဆာင္ပါက One Way Block အဆင့္သို႔ ေရာက္ရွိသြားမည္ျဖစ္ပါသည္။
 
One Way Block အဆင့္သို႔ေရာက္ရွိသည့္ SIM Card အား ဆက္လက္ အသုံးျပဳလိုပါက ရက္ေပါင္း (၃၀) အတြင္း ေငြျဖည့္သြင္းရမည္ျဖစ္ၿပီး ေငြျဖည့္သြင္းျခင္း မျပဳလုပ္ပါက ဖုန္းေခၚ ဆိုျခင္း ၊ SMS လက္ခံျခင္းႏွင့္ေပးပို႔ျခင္း အပါအဝင္ အင္တာနက္သုံးစြဲျခင္းႏွင့္ အျခားေသာ ဝန္ေဆာင္မႈမ်ားအား အသုံးျပဳ၍ မရႏိုင္ပါ။ (Two Way Block အဆင့္ျဖစ္ပါသည္။)
 
Two Way Block အဆင့္သို႔ေရာက္ရွိသည့္ SIM Card အား ဆက္လက္အသုံးျပဳလိုပါက ရက္ေပါင္း ( ၆၀ ) အတြင္း ေငြျဖည့္သြင္းရမည္ျဖစ္ၿပီး ေငြျဖည့္သြင္းျခင္း မျပဳလုပ္ပါက SIM Card အား ဆက္လက္အသုံးျပဳ၍ မရႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိသြားမည္ျဖစ္ပါသည္။
 
ေငြျဖည့္သြင္းျခင္းမရွိေသာ Two Way Block အဆင့္သို႔ေရာက္ရွိေနသည့္ SIM Card မ်ားမွာ ထပ္မံ၍ ရက္ေပါင္း ( ၆၀ ) ေက်ာ္ပါက မိုဘိုင္းေအာ္ပေရတာမ်ားမွ ၎ SIM နံပါတ္မ်ားအား အျခားသုံးစြဲသူတစ္ဦးသို႔ ျပန္လည္သတ္မွတ္ေပးသြားမည္ျဖစ္ပါသည္။
 
SIM Life Cycle အျပည့္အစုံ
 

 
Source; motc.gov
Read times
Rate this item
(1 Vote)