2019 Stevie International Business Awards ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အူရီဒူးမြန်မာမှ ဂုဏ်သိက္ခာကြီးမားသော ဆုတံဆိပ် ၂ ခုအားဆွတ်ခူးရရှိခဲ့

မြန်မာနိင်ငံဆက်သွယ်ရေးကဏ္ဍတွင် တီထွင်ဆန်းသစ်မှုအရှိဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပေးအပ်ခြင်းကို ဦးဆောင်နေသော
အော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးမြန်မာသည် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် Stevie International Business Awards (IBAs) ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဂုဏ်သိက္ခာကြီးမားသော ဆု ၂ ဆု ဖြစ်သည့် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility Program of the year) အတွက် ငွေတံဆိပ်ဆု နှင့် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ (Most Innovative Company of the Year) အတွက် ကြေးတံဆိပ်ဆု များအား ဆွတ်ခူးရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ The Stevie Awards ဆုချီးမြှင့်ပွဲ အခမ်းအနားများအား ကမ္ဘာတဝန်းရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များနှင့် လူ့အသိုင်းအဝန်းအတွက် ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြု ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ရှိသည်။
 
အူရီဒူးမြန်မာ၏ ရေရှည်အကျိုးရှိစေသော လူမှုအကျိုးပြုလုပ်ငန်းများသည် လူမှုအသိုင်းအဝန်းအတွက် အပေါင်း လက္ခဏာဆောင်သော သက်ရောက်မှုများအား ဖြစ်ထွန်းစေခဲ့သည့်အပြင် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူ ဖြစ်စေခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်အတွက် Stevie IBAs ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တစ်နှစ်တာ လူမှုအကျိုးပြုလုပ်ငန်းအတွက် ငွေတံဆိပ်ဆု အား ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
 
အူရီဒူးမြန်မာ၏ ရေရှည်အကျိုးရှိစေသော လူမှုအကျိုးပြုလုပ်ငန်းများ
 
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများစတင်လုပ်ကိုင်သည့် ၂၀၁၄ ခုနှစ်ကတည်းက စတင်၍ လူမှုအကျိုးပြုလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် အသုံးပြုခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် အူရီဒူးမြန်မာသည် ကူညီထောက်ပံ့မှုများ လိုအပ်နေသည့် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွင်း အဓိက ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးအပ်လျက်ရှိသည်။
 
အူရီဒူးမြန်မာသည် “မိနစ်များများပြောလေ၊ အူရီဒူးမှ များများလှူလေ” အမည်ရှိ မည်သူမဆို ပါဝင်ကူညီနိုင်သော လူမှုအကျိုးပြုလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားသော အချိန်ကာလအတွင်း ဖုန်းခေါ်ဆိုမှုများမှ ရရှိသော ဝင်ငွေထဲမှ လူမှုအကျိုးပြုလုပ်ငန်းများထံ လှူဒါန်းပေးခဲ့သည်။ အဆိုပါ အစီအစဉ်မှတဆင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများအား အဓိကထားပြီး ပညာရေးကဏ္ဍအတွင်း လိုအပ်နေသော ကူညီထောက်ပံ့မှုများအတွက် မြန်မာငွေကျပ် ၁.၂ ဘီလီယံအထိ လှူဒါန်းပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများသည် ယခုလက်ရှိ ခေတ်မီပညာရေးစနစ်များ မပေါ်ပေါက်မီ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းကပင် မြန်မာနိုင်ငံ ပညာရေး ကဏ္ဍ၏ အဓိကအခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး ယခုအချိန်အထိပင် နိုင်ငံတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော နေရာဒေသများ၏ အဓိက ပညာရေး အရင်းအမြစ်များ အဖြစ်လည်း ရှိနေဆဲ ဖြစ်သည်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများသည် ယခုလက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော နေရာဒေသများရှိ ကျောင်းသူကျောင်းသားပေါင်း ၃၀၀,၀၀၀ ကျော်အား ပညာသင်ကြားပေးလျက်ရှိသည်။ သို့ဖြစ်၍ အူရီဒူးမြန်မာသည် အဆိုပါ စာသင်ကျောင်းများတွင် လိုအပ်နေသည့် အခြေခံအဆောက်အအုံများအတွက် ကူညီထောက်ပံ့မှုများ ပေးအပ်နေသည့်အပြင် အခမဲ့ပညာရေးများ သင်ကြားပေးနေသည့် အခြားသော လူမှုအကျိုးပြုနေရာများအတွက်လည်း ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။ ဤစီမံကိန်းမှတဆင့် အူရီဒူးမြန်မာသည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတဝန်းတွင် စာသင်ကျောင်း အဆောက်အအုံပေါင်း ၃၆ ဆောင် အပါအဝင် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ပေါင်း ၅၅ ခုအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။
 
တစ်နှစ်တာလူမှုအကျိုးပြုလုပ်ငန်းဆုအပြင် အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတဝန်းရှိ လူမှုအသိုင်းအဝန်းအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများအား ပေးအပ်သွားနိုင်ရန် ၎င်း၏ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ အတွက် ကြေးတံဆိပ်ဆု ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ 
 
အူရီဒူးမြန်မာမှ ပေးအပ်သည့် ဆန်းသစ်သော မိုဘိုင်းဝန်ဆောင်မှုများ
 
- အူရီဒူး၏ မြန်မာ့အမြန်ဆန်ဆုံးသော 4G မိုဘိုင်းကွန်ရက်သည် မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်သို့ ဖြန့်ကြက် လွှမ်းခြုံနိုင်ခဲ့ပြီး ဖြစ်သည်။
 
- အူရီဒူး၏ 4G ကွန်ရက်သည် မြန်မာနိုင်ငံ၏ အမြန်ဆန်ဆုံးသော 4G ကွန်ရက်အဖြစ်လည်း Ookla အဖွဲ့၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။
 
- အူရီဒူးသည် မြန်မာနိုင်ငံတွင် 5G ဝန်ဆောင်မှုများအား ပေးအပ်ရန် အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း ကိုလည်း အောင်မြင်စွာ စမ်းသပ်ပြသနိုင်ခဲ့သည်။ ထို့အပြင် အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော 5G ဆက်သွယ်ရေး စင်တာကိုလည်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်တည်ထောင်ပေးခဲ့ပြီး အဆိုပါ တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ သင်ကြားလေ့လာနိုင်ရန် အတွက် အဆင့်မြင့် 5G စက်ပစ္စည်း ကိရိယာများ၊ သင်ရိုးညွှန်းတမ်းများနှင့် အလုပ်သင် အစီအစဉ်များကိုလည်း ၎င်း၏ မိတ်ဖက်ကွန်ရက် အဖွဲ့အစည်းများနှင့် လက်တွဲ၍ စီစဉ်ပေးအပ်လျက် ရှိသည်။
 
- အူရီဒူးမြန်မာသည် လယ်သမားများနှင့် ကျေးလက်ဒေသများရှိ ပြည်သူလူထုများ၏ နေ့စဉ်ဘဝများ ပိုမိုအဆင်ပြေ လွယ်ကူမှုရှိစေရန် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဖြေရှင်းချက်တစ်ရပ်ဖြစ်သည့် “အူရီဒူးစွယ်စုံ” ဝန်ဆောင်မှုကိုလည်း ပေးအပ်လျက်ရှိသည်။
 
- မြန်မာနိုင်ငံတဝန်းရှိ အသုံးပြုသူများ၏ မတူညီသော လိုအပ်ချက်များ၊ ကြိုက်နှစ်သက်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်  အူရီဒူးမြန်မာသည် ဆန်းသစ်ပြီး လိုက်လျောညီထွေမှုရှိသော “စိတ်တိုင်းကျ” အစီအစဉ်ဖြင့် မိမိ လိုအပ်သည့် ပမာဏအတိုင်း ဖုန်းခေါ်ဆိုမှုနှင့်ဒေတာ အစီအစဉ်များအား သတ်မှတ်ရွေးချယ် ဝယ်ယူနိုင်မည့် ဝန်ဆောင်မှုကိုလည်း ၎င်း၏ အက်ပလီကေးရှင်းတွင် ထည့်သွင်းမိတ်ဆက်ခဲ့သည်။
 
- အူရီဒူးသည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအား My Ooredoo App မှတဆင့် ကြည့်ရှုခွင့် ရရှိစေရန် လုပ်ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် မိုဘိုင်ဖုန်းမှတဆင့် ကြည့်ရှုခွင့်ရရှိစေရန် လုပ်ဆောင်ပေးနိုင်သည့် ပထမဦးဆုံး ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 
 
“နိုင်ငံတကာမှာ အရှိန်အဝါကြီးမားတဲ့ Stevie International Business Awards ဆုချီးမြှင့်ပွဲမှာ အခုလို အသိအမှတ်ပြု ခံခဲ့ရတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ “ပြည်သူများ၏ လူမှုဘဝကို ဒီဂျစ်တယ် လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ အူရီဒူးမြန်မာအနေနဲ့ အမြန်ဆန်ဆုံးနဲ့ အတည်ငြိမ်ဆုံး မိုဘိုင်းကွန်ရက်ကနေတဆင့် အသုံးပြုသူတွေအတွက် အကောင်းမွန်ဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်ဖို့ အမြဲမပြတ် ကြိုးပမ်းလုပ်ဆောင်နေတဲ့အပြင် လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ် အသီးသီးကနေ တဆင့်လည်း လူမှုအသိုင်းအဝန်းအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ပေးအပ်နေပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတဝန်းက အသုံးပြုသူတွေအတွက် အကောင်းမွန်ဆုံး အကျိုးကျေးဇူးတွေကို ပေးအပ်သွားဖို့ ရည်သန်လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဒီအသိအမှတ်ပြုမှုတွေကနေတဆင့် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု ရရှိခဲ့တဲ့ အသိအမှတ်ပြု ဆုတံဆိပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ဦးဆောင်သူတစ်ဦး အဖြစ်သာမက လူမှုအသိုင်းအဝန်းကို အကျိုးဖြစ်ထွန်းမှု အဖြစ်စေဆုံး ဆက်သွယ်ရေး အော်ပရေတာတစ်ဦးအဖြစ် ရပ်တည်နေတဲ့ အူရီဒူးမြန်မာအတွက် လုပ်ငန်းတွေ ရှေ့ဆက်လုပ်ဆောင်သွားဖို့ အတွက်လည်း တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့သည်။
 
နိုင်ငံတကာ Stevie IBAs ဆုချီးမြှင့်ပွဲများအား ကမ္ဘာတဝန်းမှ မည်သည့် ကုမ္ပဏီအမျိုးအစား၊ အရွယ်အစားမျိုးမဆို ဝင်ရောက် လျှောက်ထားနိုင်ပြီး ၂၀၁၉ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲတွင် နိုင်ငံပေါင်း ၇၄ နိုင်ငံရှိ အဖွဲ့အစည်းများမှ လျှောက်ထားမှုပေါင်း ၄,၀၀၀ ကျော်အား လက်ခံရရှိခဲ့သည်။
 
Zawgyi Version
 
2019 Stevie International Business Awards ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ အူရီဒူးျမန္မာမွ ဂုဏ္သိကၡာႀကီးမားေသာ ဆုတံဆိပ္ ၂ ခုအားဆြတ္ခူးရရွိခဲ့
 
ျမန္မာနိင္ငံဆက္သြယ္ေရးက႑တြင္ တီထြင္ဆန္းသစ္မႈအရွိဆုံး ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားအား ေပးအပ္ျခင္းကို ဦးေဆာင္ေနေသာ ေအာ္ပေရတာတစ္ခုျဖစ္သည့္ အူရီဒူးျမန္မာသည္ မၾကာေသးမီက က်င္းပၿပီးစီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြက္ Stevie International Business Awards (IBAs) ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ ဂုဏ္သိကၡာႀကီးမားေသာ ဆု ၂ ဆု ျဖစ္သည့္ တစ္ႏွစ္တာ လူမႈအက်ိဳးျပဳလုပ္ငန္း (Corporate Social Responsibility Program of the year) အတြက္ ေငြတံဆိပ္ဆု ႏွင့္ တစ္ႏွစ္တာ ဆန္းသစ္တီထြင္မႈအရွိဆုံး ကုမၸဏီ (Most Innovative Company of the Year) အတြက္ ေၾကးတံဆိပ္ဆု မ်ားအား ဆြတ္ခူးရရွိခဲ့ေၾကာင္း ေၾကညာခဲ့သည္။ The Stevie Awards ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားမ်ားအား ကမာၻတဝန္းရွိ ကုမၸဏီမ်ား၊ အဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ လူ႔အသိုင္းအဝန္းအတြက္ ကူညီေထာက္ပံ့မႈမ်ားကို အသိအမွတ္ျပဳ ဂုဏ္ျပဳလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ႏွစ္စဥ္ က်င္းပ ျပဳလုပ္ေလ့ရွိသည္။
 
အူရီဒူးျမန္မာ၏ ေရရွည္အက်ိဳးရွိေစေသာ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားသည္ လူမႈအသိုင္းအဝန္းအတြက္ အေပါင္း လကၡဏာေဆာင္ေသာ သက္ေရာက္မႈမ်ားအား ျဖစ္ထြန္းေစခဲ့သည့္အျပင္ ႏိုင္ငံ၏ လူမႈေရးႏွင့္ စီးပြားေရးပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကိုလည္း အေထာက္အကူ ျဖစ္ေစခဲ့သည့္အတြက္ ၂၀၁၉ ခုႏွစ္အတြက္ Stevie IBAs ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ တစ္ႏွစ္တာ လူမႈအက်ိဳးျပဳလုပ္ငန္းအတြက္ ေငြတံဆိပ္ဆု အား ဆြတ္ခူးရရွိခဲ့ျခင္း ျဖစ္သည္။
 
အူရီဒူးျမန္မာ၏ ေရရွည္အက်ိဳးရွိေစေသာ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ား
 
အူရီဒူးျမန္မာသည္ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းမ်ားစတင္လုပ္ကိုင္သည့္ ၂၀၁၄ ခုႏွစ္ကတည္းက စတင္၍ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားအား စတင္ေဆာင္႐ြက္ခဲ့ၿပီး အဆိုပါ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားအတြက္ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္အထိ အေမရိကန္ေဒၚလာ ၃၈ သန္းေက်ာ္ အသုံးျပဳခဲ့ၿပီး ျဖစ္သည္။ အထူးသျဖင့္ အူရီဒူးျမန္မာသည္ ကူညီေထာက္ပံ့မႈမ်ား လိုအပ္ေနသည့္ ျမန္မာႏိုင္ငံ၏ ပညာေရးႏွင့္ က်န္းမာေရးက႑မ်ားအတြင္း အဓိက ပံ့ပိုးကူညီမႈမ်ား လုပ္ေဆာင္ေပးအပ္လ်က္ရွိသည္။
 
အူရီဒူးျမန္မာသည္ “မိနစ္မ်ားမ်ားေျပာေလ၊ အူရီဒူးမွ မ်ားမ်ားလႉေလ” အမည္ရွိ မည္သူမဆို ပါဝင္ကူညီႏိုင္ေသာ လူမႈအက်ိဳးျပဳလုပ္ငန္းကိုလည္း ေဆာင္႐ြက္ခဲ့ၿပီး သတ္မွတ္ထားေသာ အခ်ိန္ကာလအတြင္း ဖုန္းေခၚဆိုမႈမ်ားမွ ရရွိေသာ ဝင္ေငြထဲမွ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားထံ လႉဒါန္းေပးခဲ့သည္။ အဆိုပါ အစီအစဥ္မွတဆင့္ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမ်ားအား အဓိကထားၿပီး ပညာေရးက႑အတြင္း လိုအပ္ေနေသာ ကူညီေထာက္ပံ့မႈမ်ားအတြက္ ျမန္မာေငြက်ပ္ ၁.၂ ဘီလီယံအထိ လႉဒါန္းေပးႏိုင္ခဲ့ၿပီး ျဖစ္သည္။ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမ်ားသည္ ယခုလက္ရွိ ေခတ္မီပညာေရးစနစ္မ်ား မေပၚေပါက္မီ လြန္ခဲ့သည့္ ႏွစ္ရာေပါင္းမ်ားစြာ ကတည္းကပင္ ျမန္မာႏိုင္ငံ ပညာေရး က႑၏ အဓိကအေျခခံအုတ္ျမစ္ ျဖစ္ခဲ့ၿပီး ယခုအခ်ိန္အထိပင္ ႏိုင္ငံတြင္းရွိ ဖြံ႕ၿဖိဳးတိုးတက္မႈအားနည္းေသာ ေနရာေဒသမ်ား၏ အဓိက ပညာေရး အရင္းအျမစ္မ်ား အျဖစ္လည္း ရွိေနဆဲ ျဖစ္သည္။ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမ်ားသည္ ယခုလက္ရွိတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈအားနည္းေသာ ေနရာေဒသမ်ားရွိ ေက်ာင္းသူေက်ာင္းသားေပါင္း ၃၀၀,၀၀၀ ေက်ာ္အား ပညာသင္ၾကားေပးလ်က္ရွိသည္။ သို႔ျဖစ္၍ အူရီဒူးျမန္မာသည္ အဆိုပါ စာသင္ေက်ာင္းမ်ားတြင္ လိုအပ္ေနသည့္ အေျခခံအေဆာက္အအုံမ်ားအတြက္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္ေနသည့္အျပင္ အခမဲ့ပညာေရးမ်ား သင္ၾကားေပးေနသည့္ အျခားေသာ လူမႈအက်ိဳးျပဳေနရာမ်ားအတြက္လည္း ကူညီေထာက္ပံ့မႈမ်ား ေပးအပ္လ်က္ရွိသည္။ ဤစီမံကိန္းမွတဆင့္ အူရီဒူးျမန္မာသည္ လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံတဝန္းတြင္ စာသင္ေက်ာင္း အေဆာက္အအုံေပါင္း ၃၆ ေဆာင္ အပါအဝင္ ပညာေရးႏွင့္ လူမႈဖြံ႕ၿဖိဳးတိုးတက္မႈအစီအစဥ္ေပါင္း ၅၅ ခုအား ကူညီေထာက္ပံ့မႈမ်ား ေပးအပ္ႏိုင္ခဲ့ၿပီး ျဖစ္သည္။
 
တစ္ႏွစ္တာလူမႈအက်ိဳးျပဳလုပ္ငန္းဆုအျပင္ အူရီဒူးျမန္မာသည္ ျမန္မာႏိုင္ငံတဝန္းရွိ လူမႈအသိုင္းအဝန္းအတြက္ အေကာင္းမြန္ဆုံးေသာ ဝန္ေဆာင္မႈမ်ား၊ အက်ိဳးေက်းဇူးမ်ားအား ေပးအပ္သြားႏိုင္ရန္ ၎၏ တစ္စိုက္မတ္မတ္ ႀကိဳးပမ္းအားထုတ္မႈမ်ားအတြက္လည္း ၂၀၁၉ ခုႏွစ္အတြက္ တစ္ႏွစ္တာဆန္းသစ္တီထြင္မႈအရွိဆုံး ကုမၸဏီ အတြက္ ေၾကးတံဆိပ္ဆု ကိုလည္း ဆြတ္ခူးရရွိခဲ့သည္။ 
 
အူရီဒူးျမန္မာမွ ေပးအပ္သည့္ ဆန္းသစ္ေသာ မိုဘိုင္းဝန္ေဆာင္မႈမ်ား
 
- အူရီဒူး၏ ျမန္မာ့အျမန္ဆန္ဆုံးေသာ 4G မိုဘိုင္းကြန္ရက္သည္ ျမန္မာႏိုင္ငံတဝန္းရွိ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္သို႔ ျဖန႔္ၾကက္ လႊမ္းၿခဳံႏိုင္ခဲ့ၿပီး ျဖစ္သည္။
 
- အူရီဒူး၏ 4G ကြန္ရက္သည္ ျမန္မာႏိုင္ငံ၏ အျမန္ဆန္ဆုံးေသာ 4G ကြန္ရက္အျဖစ္လည္း Ookla အဖြဲ႕၏ အသိအမွတ္ျပဳျခင္းကို ရရွိခဲ့သည္။
 
- အူရီဒူးသည္ ျမန္မာႏိုင္ငံတြင္ 5G ဝန္ေဆာင္မႈမ်ားအား ေပးအပ္ရန္ အဆင္သင့္ရွိေနၿပီ ျဖစ္ေၾကာင္း ကိုလည္း ေအာင္ျမင္စြာ စမ္းသပ္ျပသႏိုင္ခဲ့သည္။ ထို႔အျပင္ အူရီဒူးျမန္မာသည္ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးေသာ 5G ဆက္သြယ္ေရး စင္တာကိုလည္း ရန္ကုန္နည္းပညာတကၠသိုလ္တြင္ စတင္တည္ေထာင္ေပးခဲ့ၿပီး အဆိုပါ တကၠသိုလ္မွ ေက်ာင္းသားေက်ာင္းသူမ်ား သင္ၾကားေလ့လာႏိုင္ရန္ အတြက္ အဆင့္ျမင့္ 5G စက္ပစၥည္း ကိရိယာမ်ား၊ သင္႐ိုးၫႊန္းတမ္းမ်ားႏွင့္ အလုပ္သင္ အစီအစဥ္မ်ားကိုလည္း ၎၏ မိတ္ဖက္ကြန္ရက္ အဖြဲ႕အစည္းမ်ားႏွင့္ လက္တြဲ၍ စီစဥ္ေပးအပ္လ်က္ ရွိသည္။
 
- အူရီဒူးျမန္မာသည္ လယ္သမားမ်ားႏွင့္ ေက်းလက္ေဒသမ်ားရွိ ျပည္သူလူထုမ်ား၏ ေန႔စဥ္ဘဝမ်ား ပိုမိုအဆင္ေျပ လြယ္ကူမႈရွိေစရန္ ဒီဂ်စ္တယ္ပိုင္းဆိုင္ရာ ေျဖရွင္းခ်က္တစ္ရပ္ျဖစ္သည့္ “အူရီဒူးစြယ္စုံ” ဝန္ေဆာင္မႈကိုလည္း ေပးအပ္လ်က္ရွိသည္။
 
- ျမန္မာႏိုင္ငံတဝန္းရွိ အသုံးျပဳသူမ်ား၏ မတူညီေသာ လိုအပ္ခ်က္မ်ား၊ ႀကိဳက္ႏွစ္သက္မႈမ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္  အူရီဒူးျမန္မာသည္ ဆန္းသစ္ၿပီး လိုက္ေလ်ာညီေထြမႈရွိေသာ “စိတ္တိုင္းက်” အစီအစဥ္ျဖင့္ မိမိ လိုအပ္သည့္ ပမာဏအတိုင္း ဖုန္းေခၚဆိုမႈႏွင့္ေဒတာ အစီအစဥ္မ်ားအား သတ္မွတ္ေ႐ြးခ်ယ္ ဝယ္ယူႏိုင္မည့္ ဝန္ေဆာင္မႈကိုလည္း ၎၏ အက္ပလီေကးရွင္းတြင္ ထည့္သြင္းမိတ္ဆက္ခဲ့သည္။
 
- အူရီဒူးသည္ ၂၀၁၈ ခုႏွစ္ ဖီဖာကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲႀကီးအား My Ooredoo App မွတဆင့္ ၾကည့္ရႈခြင့္ ရရွိေစရန္ လုပ္ေဆာင္ေပးခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ မိုဘိုင္ဖုန္းမွတဆင့္ ၾကည့္ရႈခြင့္ရရွိေစရန္ လုပ္ေဆာင္ေပးႏိုင္သည့္ ပထမဦးဆုံး ဆက္သြယ္ေရးေအာ္ပေရတာအျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။ 
 
“ႏိုင္ငံတကာမွာ အရွိန္အဝါႀကီးမားတဲ့ Stevie International Business Awards ဆုခ်ီးျမႇင့္ပြဲမွာ အခုလို အသိအမွတ္ျပဳ ခံခဲ့ရတဲ့အတြက္ အရမ္းကို ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။ “ျပည္သူမ်ား၏ လူမႈဘဝကို ဒီဂ်စ္တယ္ လူေနမႈျဖင့္ ေတာက္ပေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးမည္” ဆိုတဲ့ ရည္မွန္းခ်က္နဲ႔အညီ အူရီဒူးျမန္မာအေနနဲ႔ အျမန္ဆန္ဆုံးနဲ႔ အတည္ၿငိမ္ဆုံး မိုဘိုင္းကြန္ရက္ကေနတဆင့္ အသုံးျပဳသူေတြအတြက္ အေကာင္းမြန္ဆုံး အသုံးျပဳမႈ အေတြ႕အႀကဳံေတြကို ေပးအပ္သြားႏိုင္ဖို႔ အၿမဲမျပတ္ ႀကိဳးပမ္းလုပ္ေဆာင္ေနတဲ့အျပင္ လူမႈအက်ိဳးျပဳလုပ္ငန္း အစီအစဥ္ အသီးသီးကေန တဆင့္လည္း လူမႈအသိုင္းအဝန္းအတြက္ လိုအပ္တဲ့ ကူညီေထာက္ပံ့မႈေတြကို ေပးအပ္ေနပါတယ္။ အခုအခ်ိန္မွာေတာ့ ႏိုင္ငံတဝန္းက အသုံးျပဳသူေတြအတြက္ အေကာင္းမြန္ဆုံး အက်ိဳးေက်းဇူးေတြကို ေပးအပ္သြားဖို႔ ရည္သန္လုပ္ေဆာင္ေနတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္ခ်က္ေတြကို ဒီအသိအမွတ္ျပဳမႈေတြကေနတဆင့္ သက္ေသျပႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အခု ရရွိခဲ့တဲ့ အသိအမွတ္ျပဳ ဆုတံဆိပ္ေတြဟာ ျမန္မာႏိုင္ငံရဲ႕ ဒီဂ်စ္တယ္ဦးေဆာင္သူတစ္ဦး အျဖစ္သာမက လူမႈအသိုင္းအဝန္းကို အက်ိဳးျဖစ္ထြန္းမႈ အျဖစ္ေစဆုံး ဆက္သြယ္ေရး ေအာ္ပေရတာတစ္ဦးအျဖစ္ ရပ္တည္ေနတဲ့ အူရီဒူးျမန္မာအတြက္ လုပ္ငန္းေတြ ေရွ႕ဆက္လုပ္ေဆာင္သြားဖို႔ အတြက္လည္း တြန္းအားတစ္ရပ္ ျဖစ္ေစခဲ့ပါတယ္” ဟု အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္က ေျပာၾကားခဲ့သည္။
 
ႏိုင္ငံတကာ Stevie IBAs ဆုခ်ီးျမႇင့္ပြဲမ်ားအား ကမာၻတဝန္းမွ မည္သည့္ ကုမၸဏီအမ်ိဳးအစား၊ အ႐ြယ္အစားမ်ိဳးမဆို ဝင္ေရာက္ ေလွ်ာက္ထားႏိုင္ၿပီး ၂၀၁၉ ခုႏွစ္အတြက္ ဆုခ်ီးျမႇင့္ပြဲတြင္ ႏိုင္ငံေပါင္း ၇၄ ႏိုင္ငံရွိ အဖြဲ႕အစည္းမ်ားမွ ေလွ်ာက္ထားမႈေပါင္း ၄,၀၀၀ ေက်ာ္အား လက္ခံရရွိခဲ့သည္။
 
Read times
Rate this item
(1 Vote)