OPPO၊ Vivo နဲ့ Xiaomi တို့မှ ပိုမိုချောမွေ့လွယ်ကူစွာ file transfer လုပ်နိုင်တဲ့ Peer-to-Peer Transmission Alliance ကို စတင်

ကမ္ဘာ့ရှေ့ဆောင်စမတ်ဖုန်း brandတွေ ဖြစ်တဲ့ OPPO၊ Vivo နဲ့ Xiaomi တို့ဟာ ပိုမိုချောမွေ့လွယ်ကူစွာ file transfer လုပ်နိုင်တဲ့ Peer-to-Peer Transmission Allianceကို
စတင်လိုက်ပြီး အခြားAndroid စမတ်ဖုန်း brandများကိုလည်း ပူးပေါင်း ပါဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ OPPO ရဲ့ ဆန်းသစ်တဲ့ operation system တစ်ခုဖြစ်တဲ့ ColorOS ကို အသုံးပြုပြီး အခြား မတူညီတဲ့ brand တွေနဲ့ အင်တာနက် ကွန်ရက်မလိုဘဲ ဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကူးပြောင်းနိုင်တော့မှာ ဖြစ်ပါတယ်။
 
ယနေ့ခေတ်မှာဆိုရင် အင်တာနက်ကွန်ရက်တွေကြောင့် စမတ်ဖုန်းတွေကို နေ့စဉ်ဘဝမှာ အသုံးပြုရတာ အဆင်ပြေချောမွေ့လာပြီး အထူးသဖြင့် 5G နဲ့အတူ ပိုမိုမြန်ဆန် တည်ငြိမ်တဲ့ ဆက်သွယ်မှုတွေကိုလည်း ရရှိနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းမော်ဒယ်တွေ၊ brand တွေ မတူညီတဲ့အတွက်ကြောင့် ဖိုင်တွေကူးပြောင်းဖို့အတွက် အတားအဆီးများစွာ ရှိခဲ့ပါတယ်။
 
ဒီလိုမျိုး အခက်အခဲတွေကို ဖြေရှင်းဖို့နဲ့ မတူညီတဲ့ စမတ်ဖုန်း brand တွေဖြစ်နေရင်တောင် ချောမွေ့ပြီး ပိုမိုလွယ်ကူစွာ ဝေမျှနိုင်တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာဖို့အတွက် OPPO၊ Vivo နဲ့ Xiaomi တို့ဟာ မြန်နှုန်းမြင့် WiFi နဲ့ တိုက်ရိုက်လွှဲပြောင်းနိုင်တဲ့ Peer-to-Peer Transmission Alliance ကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
 
“ဒီ brand သုံးခုရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ သန်းပေါင်းများစွာသော OPPO၊ Vivo နဲ့ Xiaomi အသုံးပြုသူတွေကို အလွယ်တကူနဲ့ ဖိုင်တွေကူးပြောင်းနိုင်ဖို့အတွက် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒါဟာ OPPO၊ vivo နဲ့ Xiaomi သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ အခြား Android စမတ်ဖုန်း brand တွေကိုလည်း ဒီပူးပေါင်းမှုမှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။" လို့ OPPO နဲ့ President of Software Engineering Business Division ရဲ့ Vice President ဖြစ်သူ Andy Wu ကပြောကြားခဲ့ပါတယ်။
 
File Transfer function ဟာဆိုရင် power consumption ကို သက်သာစေတဲ့ Bluetooth Low Energy (BLE) ကို အသုံးပြုပြီး device များကို ခွဲခြားနိုင်တဲ့အပြင် Wi-Fi P2P (Peer to Peer) နည်းပညာကို အသုံးပြုကာ ဖိုင်များကို 20MB/s နှုန်းနဲ့ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။
 
ColorOS 7 ရရှိတဲ့ OPPO စမတ်ဖုန်းတွေမှာ drop down menu ကိုဖွင့်ပြီး desktop screen ပေါ်မှာရှိတဲ့ OPPO Share ကိုအသုံးပြုကာ ‌ ဖိုင်တွေကိုပို့ဖို့ ရည်ရွယ်ထားတဲ့ vivo (သို့မဟုတ်) Xiaomi ဖုန်းတွေကို ‌ရွေးချယ်ပြီး ဖိုင်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း လွယ်ကူစွာ ပို့နိုင်မှာ ဖြစ်ပါတယ်။
 
လက်ရှိမှာ ဒီ function ကို ColorOS 7 (Android 10) ထောက်ပံ့တဲ့ Reno 2၊ Reno 10X Zoom၊ F11 Pro၊ F11 Pro Marvel's Avengers Limited Edition နဲ့ F11 တို့မှာ trial version အနေနဲ့ ရရှိနေပြီ ဖြစ်ပါတယ်။ လာမည့်လတွေမှာလည်း Find Series၊ Reno Series၊ R Series၊ F Series၊ A Series နဲ့ K3 တို့အတွက်ပါ ထပ်မံ ဖြန့်ချီပေးသွားမှာ ဖြစ်ပါတယ်။
 
Zawgyi Version
 
OPPO၊ Vivo နဲ႔ Xiaomi တို႔မွ ပိုမိုေခ်ာေမြ႕လြယ္ကူစြာ file transfer လုပ္ႏိုင္တဲ့ Peer-to-Peer Transmission Alliance ကို စတင္
 
ကမာၻ႔ေရွ႕ေဆာင္စမတ္ဖုန္း brandေတြ ျဖစ္တဲ့ OPPO၊ Vivo နဲ႔ Xiaomi တို႔ဟာ ပိုမိုေခ်ာေမြ႕လြယ္ကူစြာ file transfer လုပ္ႏိုင္တဲ့ Peer-to-Peer Transmission Allianceကို စတင္လိုက္ၿပီး အျခားAndroid စမတ္ဖုန္း brandမ်ားကိုလည္း ပူးေပါင္း ပါဝင္ဖို႔အတြက္ ဖိတ္ေခၚလိုက္ၿပီ ျဖစ္ပါတယ္။ OPPO ရဲ႕ ဆန္းသစ္တဲ့ operation system တစ္ခုျဖစ္တဲ့ ColorOS ကို အသုံးျပဳၿပီး အျခား မတူညီတဲ့ brand ေတြနဲ႔ အင္တာနက္ ကြန္ရက္မလိုဘဲ ဖိုင္ေတြ၊ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုေတြကို ကူးေျပာင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။
 
ယေန႔ေခတ္မွာဆိုရင္ အင္တာနက္ကြန္ရက္ေတြေၾကာင့္ စမတ္ဖုန္းေတြကို ေန႔စဥ္ဘဝမွာ အသုံးျပဳရတာ အဆင္ေျပေခ်ာေမြ႕လာၿပီး အထူးသျဖင့္ 5G နဲ႔အတူ ပိုမိုျမန္ဆန္ တည္ၿငိမ္တဲ့ ဆက္သြယ္မႈေတြကိုလည္း ရရွိေနၾကၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဖုန္းေမာ္ဒယ္ေတြ၊ brand ေတြ မတူညီတဲ့အတြက္ေၾကာင့္ ဖိုင္ေတြကူးေျပာင္းဖို႔အတြက္ အတားအဆီးမ်ားစြာ ရွိခဲ့ပါတယ္။
 
ဒီလိုမ်ိဳး အခက္အခဲေတြကို ေျဖရွင္းဖို႔နဲ႔ မတူညီတဲ့ စမတ္ဖုန္း brand ေတြျဖစ္ေနရင္ေတာင္ ေခ်ာေမြ႕ၿပီး ပိုမိုလြယ္ကူစြာ ေဝမွ်ႏိုင္တဲ့ အေတြ႕အႀကဳံေတြကို ယူေဆာင္လာဖို႔အတြက္ OPPO၊ Vivo နဲ႔ Xiaomi တို႔ဟာ ျမန္ႏႈန္းျမင့္ WiFi နဲ႔ တိုက္႐ိုက္လႊဲေျပာင္းႏိုင္တဲ့ Peer-to-Peer Transmission Alliance ကို ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကပါတယ္။
 
“ဒီ brand သုံးခုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈဟာ ကမာၻအႏွံ႔အျပားမွာရွိတဲ့ သန္းေပါင္းမ်ားစြာေသာ OPPO၊ Vivo နဲ႔ Xiaomi အသုံးျပဳသူေတြကို အလြယ္တကူနဲ႔ ဖိုင္ေတြကူးေျပာင္းႏိုင္ဖို႔အတြက္ ရည္႐ြယ္တာပဲ ျဖစ္ပါတယ္။ ဒါဟာ OPPO၊ vivo နဲ႔ Xiaomi သုံးစြဲသူေတြကို ပိုမိုေကာင္းမြန္တဲ့ ဝန္ေဆာင္မႈေတြ ေပးႏိုင္ဖို႔အတြက္ ပထမဆုံး ေျခလွမ္း ျဖစ္ပါတယ္။ အျခား Android စမတ္ဖုန္း brand ေတြကိုလည္း ဒီပူးေပါင္းမႈမွာ ပါဝင္ဖို႔အတြက္ ဖိတ္ေခၚပါတယ္။" လို႔ OPPO နဲ႔ President of Software Engineering Business Division ရဲ႕ Vice President ျဖစ္သူ Andy Wu ကေျပာၾကားခဲ့ပါတယ္။
 
File Transfer function ဟာဆိုရင္ power consumption ကို သက္သာေစတဲ့ Bluetooth Low Energy (BLE) ကို အသုံးျပဳၿပီး device မ်ားကို ခြဲျခားႏိုင္တဲ့အျပင္ Wi-Fi P2P (Peer to Peer) နည္းပညာကို အသုံးျပဳကာ ဖိုင္မ်ားကို 20MB/s ႏႈန္းနဲ႔ ပို႔ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။
 
ColorOS 7 ရရွိတဲ့ OPPO စမတ္ဖုန္းေတြမွာ drop down menu ကိုဖြင့္ၿပီး desktop screen ေပၚမွာရွိတဲ့ OPPO Share ကိုအသုံးျပဳကာ ‌ ဖိုင္ေတြကိုပို႔ဖို႔ ရည္႐ြယ္ထားတဲ့ vivo (သို႔မဟုတ္) Xiaomi ဖုန္းေတြကို ‌ေ႐ြးခ်ယ္ၿပီး ဖိုင္ေတြကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း လြယ္ကူစြာ ပို႔ႏိုင္မွာ ျဖစ္ပါတယ္။
 
လက္ရွိမွာ ဒီ function ကို ColorOS 7 (Android 10) ေထာက္ပံ့တဲ့ Reno 2၊ Reno 10X Zoom၊ F11 Pro၊ F11 Pro Marvel's Avengers Limited Edition နဲ႔ F11 တို႔မွာ trial version အေနနဲ႔ ရရွိေနၿပီ ျဖစ္ပါတယ္။ လာမည့္လေတြမွာလည္း Find Series၊ Reno Series၊ R Series၊ F Series၊ A Series နဲ႔ K3 တို႔အတြက္ပါ ထပ္မံ ျဖန႔္ခ်ီေပးသြားမွာ ျဖစ္ပါတယ္။
 
Read times
Rate this item
(1 Vote)