အူရီဒူးမြန်မာမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များတွင် အသုံးပြုနိုင်ရန် လူမှုကယ်ဆယ်‌ရေး အရေးပေါ်ယာဉ်များ လှူဒါန်းပေးအပ်

အူရီဒူးမြန်မာသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များ နှင့် ပံ့ပိုးကူညီမှုများကို လေးစားအသိအမှတ်ပြုသည့်အနေဖြင့် ပစ္စည်းကိရိယာ
အပြည့်အစုံပါရှိသော လူမှုကယ်ဆယ်ရေး အရေးပေါ်ယာဉ် ၂ စီးအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအား ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ တာဝန်ရှိသူများထံ လူမှုကယ်ဆယ်ရေး အရေးပေါ်ယာဉ်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
 
"ဒီနေ့ အခမ်းအနားဟာ အူရီဒူးမြန်မာအတွက် ထူးခြားလှတဲ့ အခမ်းအနား တစ်ခုဖြစ်ပြီး အူရီဒူး အနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို အခုလို တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတဲ့အတွက် အမှန်တကယ်ကို ဝမ်းမြောက်မိပါတယ်။ တာဝန်သိ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တာနဲ့ အညီ အူရီဒူးမြန်မာ အနေနဲ့ နိုင်ငံတွင်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို မြှင့်တင်ပေးသွားနိုင်မယ့် လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ရည်သန်ထားပြီး လက်ရှိမှာလည်း ဒီကဏ္ဍနှစ်ခုရဲ့ လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးသွားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် နေပါတယ်။ လူမှုအကျိုးပြုလုပ်ငန်း တွေနဲ့ ပတ်သက်လာရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်ချက်တွေဟာ အကောင်းမွန်ဆုံး သက်သေသာဓက တစ်ခုဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ အသိအမှတ်ပြုအားပေးလိုတဲ့ အတွက်လည်း အခုလို ကူညီပေးခဲ့ခြင်း ဖြစ်ပါတယ်။" ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားသွားခဲ့ပါသည်။
 
လှူဒါန်းပေးအပ်ခဲ့သော ယာဉ်များတွင် အဲယားကွန်းနှင့် အပူပေးစနစ်များ၊ လူနာရှင်ထိုင်ခုံ၊ ပစ္စည်းသိုလှောင်ဗီရို၊ ခေါက်စားပွဲ၊ မီးသီး၊ လက်ဆေးဘေစင်နှင့် ဗို့အား ၁၁၀/၂၂၀ ရှိ လျှပ်စစ်အင်ဗာတာစနစ် အစရှိသည့် လျှပ်စစ်စနစ်၊ ရေပိုက်ဆက်သွယ်မှုစနစ် နှင့် ပရိဘောဂအစရှိသည့် ပစ္စည်းကိရိယာများ အပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်သည့် အပြင်၊ အရေးပေါ်အခြေအနေများအတွက် အင်တာကွန်း ဆက်သွယ်ရေးစနစ်နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများလည်း ပါရှိပါသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် အဆိုပါယာဉ်များအား နိုင်ငံတွင်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်သည်။
 
အူရီဒူးမြန်မာသည် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ လုပ်ဆောင်သင့်သည်ဟု ယုံကြည်ထားပြီး ထိုနည်းတူစွာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေဖြင့်လည်း လိုအပ်သည့်နေရာ၊ လိုအပ်သည့် အချိန်များတွင် ကူညီထောက်ပံ့မှုများအား ပေးအပ်သွားရန် ရည်သန်လုပ်ဆောင်လျက် ရှိသည်။ ထို့အတူပင် ကဏ္ဍတစ်ခုချင်းစီအတွင်း တဖြည်းဖြည်းချင်း တိုးတက်လာခြင်းသည် အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဟု အူရီဒူးမြန်မာနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့မှ ယုံကြည်ထားကြပါသည်။
 
Zawgyi Version
 
အူရီဒူးျမန္မာမွ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ လူမႈအက်ိဳးျပဳ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားတြင္ အသုံးျပဳႏိုင္ရန္ လူမႈကယ္ဆယ္‌ေရး အေရးေပၚယာဥ္မ်ား လႉဒါန္းေပးအပ္
 
အူရီဒူးျမန္မာသည္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ လူမႈအက်ိဳးျပဳ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ား ႏွင့္ ပံ့ပိုးကူညီမႈမ်ားကို ေလးစားအသိအမွတ္ျပဳသည့္အေနျဖင့္ ပစၥည္းကိရိယာ အျပည့္အစုံပါရွိေသာ လူမႈကယ္ဆယ္ေရး အေရးေပၚယာဥ္ ၂ စီးအား ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၃ ရက္ေန႔တြင္ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းထံ လႊဲေျပာင္းေပးအပ္ လႉဒါန္းခဲ့သည္။ အဆိုပါ လႊဲေျပာင္းေပးအပ္ပြဲအား ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းရွိ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း႐ုံး၌ က်င္းပျပဳလုပ္ခဲ့ၿပီး အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္မွ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၏ တာဝန္ရွိသူမ်ားထံ လူမႈကယ္ဆယ္ေရး အေရးေပၚယာဥ္မ်ားအား လႊဲေျပာင္းေပးအပ္ခဲ့သည္။
 
"ဒီေန႔ အခမ္းအနားဟာ အူရီဒူးျမန္မာအတြက္ ထူးျခားလွတဲ့ အခမ္းအနား တစ္ခုျဖစ္ၿပီး အူရီဒူး အေနနဲ႔ ျမန္မာႏိုင္ငံက ျပည္သူလူထုကို အခုလို တစ္ဖက္တစ္လမ္းက ကူညီခြင့္ရတဲ့အတြက္ အမွန္တကယ္ကို ဝမ္းေျမာက္မိပါတယ္။ တာဝန္သိ စီးပြားေရးလုပ္ငန္း တစ္ခုျဖစ္တာနဲ႔ အညီ အူရီဒူးျမန္မာ အေနနဲ႔ ႏိုင္ငံတြင္း က်န္းမာေရးနဲ႔ ပညာေရးက႑ေတြကို ျမႇင့္တင္ေပးသြားႏိုင္မယ့္ လူမႈအက်ိဳးျပဳ လုပ္ငန္းေတြကို လုပ္ေဆာင္သြားဖို႔ ရည္သန္ထားၿပီး လက္ရွိမွာလည္း ဒီက႑ႏွစ္ခုရဲ႕ လိုအပ္ခ်က္ေတြကို အေကာင္းမြန္ဆုံး ျဖည့္ဆည္းေပးသြားႏိုင္ဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ ေနပါတယ္။ လူမႈအက်ိဳးျပဳလုပ္ငန္း ေတြနဲ႔ ပတ္သက္လာရင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အေကာင္းမြန္ဆုံး သက္ေသသာဓက တစ္ခုျဖစ္ၿပီး ေဖာင္ေဒးရွင္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တစ္ဖက္တစ္လမ္းကေန အသိအမွတ္ျပဳအားေပးလိုတဲ့ အတြက္လည္း အခုလို ကူညီေပးခဲ့ျခင္း ျဖစ္ပါတယ္။" ဟု အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္မွ ေျပာၾကားသြားခဲ့ပါသည္။
 
လႉဒါန္းေပးအပ္ခဲ့ေသာ ယာဥ္မ်ားတြင္ အဲယားကြန္းႏွင့္ အပူေပးစနစ္မ်ား၊ လူနာရွင္ထိုင္ခုံ၊ ပစၥည္းသိုေလွာင္ဗီ႐ို၊ ေခါက္စားပြဲ၊ မီးသီး၊ လက္ေဆးေဘစင္ႏွင့္ ဗို႔အား ၁၁၀/၂၂၀ ရွိ လွ်ပ္စစ္အင္ဗာတာစနစ္ အစရွိသည့္ လွ်ပ္စစ္စနစ္၊ ေရပိုက္ဆက္သြယ္မႈစနစ္ ႏွင့္ ပရိေဘာဂအစရွိသည့္ ပစၥည္းကိရိယာမ်ား အျပည့္အစုံ တပ္ဆင္ထားၿပီး ျဖစ္သည့္ အျပင္၊ အေရးေပၚအေျခအေနမ်ားအတြက္ အင္တာကြန္း ဆက္သြယ္ေရးစနစ္ႏွင့္ ေဆးဘက္ဆိုင္ရာ ပစၥည္းကိရိယာမ်ားလည္း ပါရွိပါသည္။ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းသည္ အဆိုပါယာဥ္မ်ားအား ႏိုင္ငံတြင္း အေရးေပၚက်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ရန္ လိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳသြားမည္ ျဖစ္သည္။
 
အူရီဒူးျမန္မာသည္ အေရးေပၚက်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ရာတြင္ လူမ်ိဳး၊ ဘာသာ မခြဲျခားဘဲ လုပ္ေဆာင္သင့္သည္ဟု ယုံၾကည္ထားၿပီး ထိုနည္းတူစြာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း အေနျဖင့္လည္း လိုအပ္သည့္ေနရာ၊ လိုအပ္သည့္ အခ်ိန္မ်ားတြင္ ကူညီေထာက္ပံ့မႈမ်ားအား ေပးအပ္သြားရန္ ရည္သန္လုပ္ေဆာင္လ်က္ ရွိသည္။ ထို႔အတူပင္ က႑တစ္ခုခ်င္းစီအတြင္း တျဖည္းျဖည္းခ်င္း တိုးတက္လာျခင္းသည္ အားလုံးအတြက္ ပိုမိုေကာင္းမြန္ေသာ အနာဂတ္ကို ဖန္တီးႏိုင္မည္ဟု အူရီဒူးျမန္မာႏွင့္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းတို႔မွ ယုံၾကည္ထားၾကပါသည္။
 
Read times
Rate this item
(0 votes)