ကံထူးသူတွေ ကံကောင်းသူတွေဖြစ်လာစေတဲ့ အူရီဒူးရဲ့ “ဒုန်းဒုန်းဒုန်း” အထူးအစီအစဉ်

ကံထူးသူတွေ ကံကောင်းသူတွေဖြစ်လာစေတဲ့ အူရီဒူးရဲ့ “ဒုန်းဒုန်းဒုန်း” အထူးအစီအစဉ် google.com
အူရီဒူးရဲ့ “ဒုန်းဒုန်းဒုန်း” အထူးအစီအစဉ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပြီး ၁၀ ပတ်တိတိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုဆိုရင် ၅ပတ်မြောက်နဲ့ ၆ပတ်မြောက်ကံထူးရှင်တွေအထိကို ကံထူးဆုတွေဖြစ်တဲ့ Suzuki Swift ကား၊ Honda Wave မော်တော်ဆိုင်ကယ်၊ iPhone 11 နဲ့ ရွှေဒင်္ဂါးပြားတွေကို ချီးမြှင့်ပြီး ဖြစ်ပါတယ်။
 
အခုကျင်းပခဲ့တဲ့ ၅ပတ်မြောက် နဲ့ ၆ပတ်မြောက် ကံထူးဆုချီးမြှင့်ပွဲမှာ Suzuki Swift ကားကို ကံထူးခဲ့သူ ၂ဦးဟာ တကယ်ကို ကံထူးကံကောင်းသူတွေဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ ၂ ဦး လုံးဟာ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေနေရချိန်မှာ Suzuki Swift ကားကံထူးရှင် ဖြစ်ခွင့်ရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
 
၅ပတ်မြောက်ကံထူးရှင်ဖြစ်တဲ့ မနုထွေးခိုင်ဟာ လွန်ခဲ့တဲ့ ၃နှစ်ထဲက အူရီဒူးက စတင်အသုံးပြုခဲ့သူတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်က သူနာပြုဆရာမ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သူငယ်ချင်းဟာ ဖုန်းငွေဖြည့်ကတ်တွေ၊ ဆင်းကတ်တွေ ရောင်းသူဖြစ်တာကြောင့် သူ့မရဲ့ သူငယ်ချင်းဆီကနေတဆင့် အူရီဒူးရဲ့ ဒုန်းဒုန်းဒုန်း အစီအစဉ်ကို သိခဲ့ရတာဖြစ်ပါတယ်။ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ အူရီဒူးရဲ့ ဒုန်းဒုန်းဒုန်း ဒေတာ Pack အစီအစဉ် ၂ခု ထဲက ၉၅၀ MB ကို ဝယ်ယူဖြစ်ပြီး ဂိုးသွင်းတဲ့ ဂိမ်းကို ကစားကြည့်တဲ့အခါမှာ အများဆုံး ၅GB နဲ့အနည်းဆုံး ၂၅MB ဒေတာလက်ဆောင်တွေကို လက်ဝယ်ရရှိခဲ့ပါတယ်။ မနုထွေးခိုင်ဟာ ဒုန်းဒုန်းဒုန်း အစီအစဉ်ရဲ့ Suzuki Swift ကားကံထူးရှင်ဖြစ်ကြောင်း မနုထွေးခိုင်ဟာ သူမရဲ့ မိခင်ဆုံးသွားတဲ့ ရက်လည်ဆွမ်းအလှူအတွက် အစားအစာများ ချက်ပြုတ်နေချိန်မှာ အူရီဒူးရဲ့ ဒုန်းဒုန်းဒုန်းအစီအစဉ်ရဲ့ ကံထူးရှင်ကြေညာသူကောင်းထက်ဇော်က ဖုန်းဆက်ပြီး ကြေညာ ပေးလိုက်ပါတယ်။ သူမရဲ့ မိခင်ဆုံးပါသွားလို့ ဝမ်းနည်းနေတဲ့သူတစ်ယောက်အနေနဲ့ အခုလို ကားကံထူးရှင် ဖြစ်ခွင့်ရတယ်ဆိုတာ သိရတဲ့အတွက် အံ့ဩပြီး ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ သူမအနေနဲ့ ဒီကံထူးဆုဟာ သူမရဲ့ အမေကသူမအပေါ်ထားတဲ့ မေတ္တာတွေကြောင့် ရရှိတဲ့ ကံထူးဆုဖြစ်တယ်တဲ့ ယုံကြည်ထားပါတယ်။
 
၆ပတ်မြောက် ကံထူးရှင်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ကိုခန့်သူမောင်ဟာဆိုရင် မိုဘိုင်းဂိမ်းကစားရတာကို ဝါသနာပါပြီး အဒေါ်ဖြစ်သူရဲ့ အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ ကူညီလုပ်ကိုင်ပေးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဈေးနှုန်းသက်သာစွာနဲ့ ဒေတာတွေကို ဝယ်ယူအသုံးပြုဖို့အတွက် My Ooredoo App ကို အသုံးပြုခဲ့ပါတယ်။ အွန်လိုင်းဂိမ်းကစားသူဖြစ်တာကြောင့် ဈေးနှုန်းချိုသာတဲ့ အူရီဒူးရဲ့ ၉၀၀ MB ကို ၉၇၅ကျပ်သာကျတဲ့ ဒုန်းဒုန်းဒုန်း ဒေတာ pack ကို တစ်လကိုပျှမ်းမျှ (၄) ကြိမ် ဝယ်ပြီး အသုံးပြုဖြစ်ပါတယ်။ ဒေတာ pack ဝယ်ယူပြီး ဂိုးသွင်းတဲ့ဂိမ်းကိုကစားတဲ့အခါ လက်ငင်းဒေတာ လက်ဆောင်တွေကိုပါ ရရှိခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းကျန်းမာရေးအတွက် ဆေးရုံတင်ဖို့ ဆေးရုံကို ရောက်နေတဲ့အချိန်မှာပဲ အူရီဒူးရဲ့ ဒုန်းဒုန်းဒုန်းအစီအစဉ်ရဲ့ ကံထူးရှင်ကြေညာသူ ကောင်းထက်ဇော်က Suzuki Swift ကား ကံထူးရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဖုန်းဆက်ပြီး အကြောင်းကြားလာတဲ့အခါ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာ ထူးခြားစွာနဲ့ အူရီဒူးရဲ့ ကားကံထူးရှင်ဖြစ်တယ်ဆိုတာကို သိခွင့်ရတဲ့ ဝမ်းသာပီတိကို ထိန်းချုပ်ထားရတဲ့ ခံစားချက်က ဘယ်လို့မှ သူ့ဘဝမှာ မေ့မရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။
 
အူရီဒူး “ဒုန်းဒုန်းဒုန်း” အစီအစဉ်ရဲ့ ၅ပတ်မြောက်နဲ့ ၆ပတ်မြောက် ရဲ့ Suzuki Swift ကား ကံထူးရှင်တွေကို အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma နဲ့Chief Sales and Distribution Officer ဖြစ်သူ ဒေါ်ထားသန့်ဇင်တို့မှ ရန်ကုန်မြို့ရှိ မြန်မာပလာဇာတွင် အခမ်းအနားကျင်းပပြုလုပ်ပြီး ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်မှာ ပေးအပ်ခဲ့ပါသည်။
 
84448473_605607086947134_8672898589766189056_n.jpg
 
 
Zawgyi Version
 
 
 
 
 
 
 
 
Read times
Rate this item
(0 votes)