အူရီဒူးမြန်မာမှ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးများရှိ မိုဘိုင်းကွန်ရက်အရည်အသွေးများအား 4G LTE Turbo နည်းပညာဖြင့် အဆင့်မြှင့်တင်

မြန်မာနိုင်ငံတွင် ထိပ်တန်း ဒီဂျစ်တယ်ဝန်ဆောင်မှုများ ပေးအပ်နေသည့် အူရီဒူးမြန်မာသည် 4G LTE Turbo နည်းပညာဖြင့် ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးများ အတွင်းရှိ 4G ကွန်ရက်အရည်အသွေးကို မြှင့်တင်လိုက်ပြီဖြစ်ပါသည်။
 
အူရီဒူး၏ ဤ 4G LTE Turbo နည်းပညာသည် နေအိမ်၊ ရုံးခန်းနှင့် အခြားသော အတွင်းပိုင်းကျသည့်နေရာအသီးသီးရှိ လက်ရှိ 4G LTE ကွန်ရက်အရည်အသွေးများအား ပိုမိုကောင်းမွန်သော 4G မိုဘိုင်းကွန်ရက် အဆင့်သို့ သိသိသာသာ တိုးမြှင့်ပေးသွားနိုင်မည်ဖြစ်သည်။
 
၂၀၂၀ ခုနှစ် ဇန်နဝါရီလကုန်တွင် အူရီဒူးသည် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များရှိ 4G ကွန်ရက် အရည်အသွေးကို စတင်မြှင့်တင်ခဲ့ပြီးဖြစ်ပါသည်။ အူရီဒူးသည် ၎င်း၏ အမြန်ဆန်ဆုံးနှင့် လိုင်းတည်ငြိမ်မှုအားကောင်းသော 4G LTE ကွန်ရက်ဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာတွင် ဦးဆောင်လျှက်ရှိပြီး အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ်အတွေ့အကြုံများ ပေးအပ်နိုင်ရန်အတွက် 4G LTE ကွန်ရက်အရည်အသွေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်မြှင့်တင်သွားနိုင်ရန် အတွက်လည်း လုပ်ဆောင်လျှက်ရှိသည်။ အဆင့်မြှင့်တင်ထားသည့် 4G သည် အဆောက်အဦအတွင်းပိုင်းနေရာများတွင်သာမကဘဲ 4G ကွန်ရက်ရရှိနေသော နေရာဒေသများအပြင် အခြားသော နေရာအသစ်များအထိပါ တိုးချဲ့ပေးအပ်သွားမည် ဖြစ်သည်။
 
အူရီဒူး အသုံးပြုသူများသည် အဆိုပါ 4G LTE Turbo ကွန်ရက်အား အသုံးပြု၍ Live streaming အပါအဝင် YouTube မှ ဗီဒီယိုများ ကြည့်ရှုခြင်း၊ မိုဘိုင်းဂိမ်းများ ဆော့ကစားခြင်းနှင့် Video Calls ခေါ်ဆိုခြင်း အစရှိသည့် ဝန်ဆောင်မှုများကို နေရာဒေသမရွေး ပိုမိုအဆင်ပြေချောမွေ့စွာ မိုဘိုင်းအင်တာနက်ဖြင့် အဆက်မပြတ် ကြည့်ရှုဆက်သွယ်ပြီး အင်တာနက်၏ စွမ်းအားကို ခံစားနိုင်တော့မည်ဖြစ်ပါသည်။
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
အူရီဒူးျမန္မာမွ ပဲခူးႏွင့္ မႏၲေလးတိုင္းေဒသႀကီးမ်ားရွိ မိုဘိုင္းကြန္ရက္အရည္အေသြးမ်ားအား 4G LTE Turbo နည္းပညာျဖင့္ အဆင့္ျမႇင့္တင္
 
ျမန္မာႏိုင္ငံတြင္ ထိပ္တန္း ဒီဂ်စ္တယ္ဝန္ေဆာင္မႈမ်ား ေပးအပ္ေနသည့္ အူရီဒူးျမန္မာသည္ 4G LTE Turbo နည္းပညာျဖင့္ ပဲခူးႏွင့္ မႏၲေလးတိုင္းေဒသႀကီးမ်ား အတြင္းရွိ 4G ကြန္ရက္အရည္အေသြးကို ျမႇင့္တင္လိုက္ၿပီျဖစ္ပါသည္။ အူရီဒူး၏ ဤ 4G LTE Turbo နည္းပညာသည္ ေနအိမ္၊ ႐ုံးခန္းႏွင့္ အျခားေသာ အတြင္းပိုင္းက်သည့္ေနရာအသီးသီးရွိ လက္ရွိ 4G LTE ကြန္ရက္အရည္အေသြးမ်ားအား ပိုမိုေကာင္းမြန္ေသာ 4G မိုဘိုင္းကြန္ရက္ အဆင့္သို႔ သိသိသာသာ တိုးျမႇင့္ေပးသြားႏိုင္မည္ျဖစ္သည္။
 
၂၀၂၀ ခုႏွစ္ ဇန္နဝါရီလကုန္တြင္ အူရီဒူးသည္ ဧရာဝတီတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္မ်ားရွိ 4G ကြန္ရက္ အရည္အေသြးကို စတင္ျမႇင့္တင္ခဲ့ၿပီးျဖစ္ပါသည္။ အူရီဒူးသည္ ၄င္း၏ အျမန္ဆန္ဆုံးႏွင့္ လိုင္းတည္ၿငိမ္မႈအားေကာင္းေသာ 4G LTE ကြန္ရက္ျဖင့္ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားေပးအပ္ရာတြင္ ဦးေဆာင္လွ်က္ရွိၿပီး အသုံးျပဳသူမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ ဒီဂ်စ္တယ္အေတြ႕အႀကဳံမ်ား ေပးအပ္ႏိုင္ရန္အတြက္ 4G LTE ကြန္ရက္အရည္အေသြးကို တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ဆက္လက္ျမႇင့္တင္သြားႏိုင္ရန္ အတြက္လည္း လုပ္ေဆာင္လွ်က္ရွိသည္။ အဆင့္ျမႇင့္တင္ထားသည့္ 4G သည္ အေဆာက္အဦအတြင္းပိုင္းေနရာမ်ားတြင္သာမကဘဲ 4G ကြန္ရက္ရရွိေနေသာ ေနရာေဒသမ်ားအျပင္ အျခားေသာ ေနရာအသစ္မ်ားအထိပါ တိုးခ်ဲ႕ေပးအပ္သြားမည္ ျဖစ္သည္။
 
အူရီဒူး အသုံးျပဳသူမ်ားသည္ အဆိုပါ 4G LTE Turbo ကြန္ရက္အား အသုံးျပဳ၍ Live streaming အပါအဝင္ YouTube မွ ဗီဒီယိုမ်ား ၾကည့္ရႈျခင္း၊ မိုဘိုင္းဂိမ္းမ်ား ေဆာ့ကစားျခင္းႏွင့္ Video Calls ေခၚဆိုျခင္း အစရွိသည့္ ဝန္ေဆာင္မႈမ်ားကို ေနရာေဒသမေ႐ြး ပိုမိုအဆင္ေျပေခ်ာေမြ႕စြာ မိုဘိုင္းအင္တာနက္ျဖင့္ အဆက္မျပတ္ ၾကည့္ရႈဆက္သြယ္ၿပီး အင္တာနက္၏ စြမ္းအားကို ခံစားႏိုင္ေတာ့မည္ျဖစ္ပါသည္။
 
 
Read times
Rate this item
(1 Vote)