အူရီဒူးရဲ့ “ခုဖြည့်ခုပေါက်” နဲ့ ၅၀၀ GB အထိ ဒေတာတွေ၊ Game Credit တွေ နဲ့ ဖုန်းငွေဖြည့်အပိုလက်ဆောင်တွေကိုကံထူးဖို့ တစ်ရက်ကို ၂၀၀၀ဖိုး ဖုန်းငွေဖြည့်လိုက်စို့

အူရီဒူးရဲ့ “ခုဖြည့်ခုပေါက်” နဲ့ ၅၀၀ GB အထိ ဒေတာတွေ၊ Game Credit တွေ နဲ့ ဖုန်းငွေဖြည့်အပိုလက်ဆောင်တွေကိုကံထူးဖို့ တစ်ရက်ကို ၂၀၀၀ဖိုး ဖုန်းငွေဖြည့်လိုက်စို့ google.com
မိုဘိုင်းအသုံးပြုသူတွေအကြိုက်တွေ့စေမယ့် အသုံးပြုရလွယ်ကူပြီး ထူးခြားဆန်းသစ်တဲ့ အစီအစဉ်တွေကို အစဉ်အမြဲပေးအပ်နေတဲ့ အူရီဒူးမြန်မာအနေနဲ့ အခုဆိုရင် မိုဘိုင်းအင်တာနက်သုံးစွဲသူတွေအတွက် “ခုဖြည့်ခုပေါက်” အစီအစဉ်ကို ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ။ “ခုဖြည့်ခုပေါက်” အစီအစဉ်မှာပါဝင်ကံစမ်းနိုင်ဖို့အတွက် တစ်နေ့ကိုမှ ၂၀၀၀ကျပ်နဲ့အထက် ဖုန်းငွေဖြည့်သွင်းဖို့သာလိုပါတယ်။
 
ပရိုမိုးရှင်းကာလအတွင်းမှာ တစ်ရက်တစ်ခါ အဆင်ပြေသလို ၂၀၀၀ကျပ်နဲ့အထက် ဖုန်းငွေဖြည့်သွင်းလိုက်ရင်တော့ အထူးလက်ဆောင်ဖြစ်  ၅၀၀GB အထိ ရရှိမယ့် ဒေတာ (သို့) ၁၀၀,၀၀၀ကျပ်အထိရရှိမယ့် ဖုန်းငွေဖြည့်လက်ဆောင် (သို့) ဂိမ်း နဲ့ ဂိမ်း item တွေ ဝယ်ယူနိုင်တဲ့ Gaming Credit နဲ့အူရီဒူးအချင်းချင်း ပေးပို့နိုင်တဲ့ SMS တွေကို ရရှိမှာဖြစ်ပါတယ်။ ဆုလက်ဆောင်တွေရဲ့ သက်တမ်းကတော့ (၇)ရက်ဖြစ်ပါတယ်။ ဒေတာလက်ဆောင်ရရှိသူတွေအနေနဲ့ကတော့ သုံးမကုန်တဲ့ ဒေတာတွေကိုတော့ အူရီဒူး “ဒုန်းဒုန်းဒုန်း” အစီအစဉ်က မိမိကြိုက်နှစ်သက်တဲ့ ဒေတာ (သို့) voice pack ကို ဝယ်ယူပြီး ဒေတာတွေကို ဆက်သွယ်သွားလို့ရပါသေးတယ်။
 
အခုလို အူရီဒူး “ခုဖြည့်ခုပေါက်”အစီအစဉ်ရဲ့ အထူးလက်ဆောင်တွေကို ကံထူးဖို့အတွက် EVCကိုယ်စားလှယ်ထံမှတဆင့် ဖုန်းငွေဖြည့်ခြင်း၊ ဖုန်းငွေဖြည့်ကဒ်ဖြင့် ဖုန်းငွေဖြည့်ခြင်း၊ My Ooredoo App မှ တဆင့် ဖုန်းငွေဖြည့်ခြင်း၊ online payment ဖြစ်တဲ့ M-ပိုက်ဆံမှတဆင့် ဖုန်းငွေဖြည့်ခြင်း၊ ဘဏ်များ၏ mobile banking မှ တဆင့် ဖုန်းငွေဖြည့်ခြင်း အစရှိတဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာနည်းလမ်းကို သုံးပြီး တစ်နေ့တာအတွင်း ၁၀၀၀ကျပ် ၂ကြိမ် ဒါမှမဟုတ် ၂၀၀၀ကျပ် နှင့်အထက် ဖုန်းငွေငွေဖြည့်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 
90251442_832926683874316_4730726126572273664_n.png
 
Zawgyi Version
 
 
 
 
 
84448473_605607086947134_8672898589766189056_n.jpg
 
 
Read times
Rate this item
(1 Vote)