Xiaomi Mi 9 Global version ကို ဈေးကွက်ထဲမှာ စတင်ကြေငြာ

Xiaomi Mi 9 Global version ကို ဈေးကွက်ထဲမှာ စတင်ကြေငြာ google

Xiaomi ဟာ Mi Mix 3 5G ဗားရှင်းကို ကြေညာပြီးနောက် Mi 9 ကိုလည်း ဂလိုဘယ်ဗားရှင်းနှင့် ကြေညာလာပါတယ်။

Xiaomi Mi 9 က ပြီးခဲ့တဲ့ အပတ်တုန်းကမှ တရုတ်မှာ ကြေညာခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်း ဖြစ်ပါတယ်။

Mi 9 က ယမန်နှစ်ထွက် Mi 8 ရဲ့ခြေရာကို ဆက်ခံတဲ့ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းက Xiaomi ဖုန်းတွေထဲမှာ ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Waterdrop Notch အသုံးပြုထားတဲ့ ပထမဆုံး Xiaomi အဆင့်မြင့်စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Mi 9 ကျောဘက်မှာ Gorilla Glass 5 မှန်သုံးထားပြီး မျက်နှာပြင်မှာ Gorlla Glass 6 မှန် သုံးထားပါတယ်။ ကျောဘက်မှာ Nano-Laser Engraving Holographic Technology သုံးထားတဲ့အပြင် Dual Layer Nano-Coating သုံးထားပါတယ်။ ဒါကြောင့်လည်း ကျောဘက်ကိုကြည့်လိုက်ရင် လှပတဲ့ ရောင်ပြေးဒီဇိုင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာဆင်ဆာကို Sapphire Glass ဖြင့် ကာကွယ်ပေးထားပါတယ်။

Mi 9 မှာ မျက်နှာပြင် 6.39 လက်မ 1080 x 2340 px Resolution AMOLED သုံးထားပါတယ်။ Reading Mode 2.0 သုံးထားကာ ညဖက်သုံးချိန်မှာ မျက်စိမထိခိုက်အောင် ကာကွယ်ပေးပါမယ်။ Snapdragon 855 သုံးထားကာ RAM 6GB နှင့် Storage 128GB ပါဝင်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးက 12MP Telephoto Lens 2x Optical Zoom 48MP Sony IMX586 နှင့် 16MP Super Ultra-Wide Angle ကင်မရာ သုံးထားပါတယ်။ မြင်ကွင်းကျယ် Portrait ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်ပါမယ်။ ပိုကောင်းတဲ့ဓာတ်ပုံများရိုက်ကူးနိုင်ဖို့ AI စနစ်များလည်း ပါဝင်ပါသေးတယ်။

ဒီဖုန်းမှာ ပဉ္စမမြောက်မျိုးဆက် In-Display Fingerprint Scanner သုံးထားပြီး ပိုမိုလျှင်မြန်တိကျတဲ့အပြင် လက်ဗွေရာစနစ်ဧရိယာလည်း ပိုကြီးလာပါတယ်။ ဘက်ထရီ 3300 mAh ပါဝင်ပေမယ့် 27W ဖြင့် အားသွင်းနိုင်ပါမယ်။ Mi 9 က ကြိုးမဲ့အားသွင်းမှုကို 20W ဖြင့်ထောက်ပံ့တဲ့ ကမ္ဘာ့ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းမယ်ဆိုရင်လည်း မိနစ် 90 အားသွင်းရုံဖြင့် 0 ရာခိုင်နှုန်းမှ 100 ရာခိုင်နှုန်းအထိ ရရှိပါမယ်။

Mi 9 ရဲ့ RAM 6/64GB ကို ယူရို 449 နှင့် RAM 6/128GB ကို ယူရို 499 ဖြင့်လည်းကောင်း ရောင်းချသွားပါမယ်။ ပြင်သစ်၊ စပိန်တို့မှာ ကြိုတင်အမှာလက်ခံနေပြီဖြစ်ပြီး ဖေဖော်ဝါရီလ 28 ရက်နေ့မှာ အီတလီမှာလည်း စတင်ရောင်းချသွားပါမယ်။ ဒီဖုန်းကို Ocean Black Lavender Violet Piano Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ မကြာမီကာလအတွင်းမှာ ပြည်တွင်းဈေးကွက်မှာလည်း Mi 9 ဂလိုဘယ်ဗားရှင်းကို စတင်ရောင်းချသွားဖို့ ရှိပါတယ်။

Xiaomi ဟာ Mi 9 Transparent Edition ကိုတော့ ဂလိုဘယ်ဗားရှင်းနှင့် မကြေညာခဲ့ပါဘူး။

source: net guide

Read times
Rate this item
(0 votes)