အပေါက်သေးသေးလေးတွေ ကြောက်တဲ့ရောဂါ Trypophobia နဲ့ Nokia 9 rear camera

အပေါက်သေးသေးလေးတွေ ကြောက်တဲ့ရောဂါ Trypophobia နဲ့ Nokia 9 rear camera google

နည်းပညာတွေက တစ်နေ့နဲ့တစ်နေ့ ပြောင်းလဲတိုးတတ်လာတော့

စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီတွေလည်း သူ့ထက်ငါ အပြိုင် နည်းပညာပိုင်းကော၊ ဒီဇိုင်းပိုင်းပါ သူများနဲ့မတူ တမူထူးပြီး ထုတ်လုပ်လာကြပါတယ်။ အခုခေတ်ကိုက တမူထူးမှ အောင်မြင်တဲ့ခေတ်ဆိုတော့လည်း..

2019 စမတ်ဖုန်း တွေကို လေ့လာကြည့်ရရင် ကင်မရာပိုင်း ပိုမိုအသားပေးလာတာ တွေ့ရတယ်။ စမတ်ဖုန်းတွေမှာ ကင်မရာကို ၁လုံး၊ ၂ လုံးကနေ အခုဆိုရင် ၆ လုံး၊ ၇ လုံး တွေအထိပါ ပါဝင်လာတာကို တွေ့ရမှာပါ။

အခုအသစ်ထွက်ရှိထားတဲ့ Nokia 9 ဆိုရင် သူ့ရဲ့ rear camera တင် ၅ လုံးပါဝင်လာပြီး light တွေ ၊ sensor တွေ ဘာတွေနဲ့ဆိုရင် ၇ လုံးလောက်ထိ ကျောဘက်မှ ပါဝင်လာပါတယ်။

ရုတ်တရက် ကြည့်လိုက်ရင် အပေါက် သေးသေးလေး တွေ စုပုံပြီး ကပ်နေသလိုပါပဲ။

 

Nokia's new phone triggering people with a fear of holes

 

 

ဒီဖုန်းကို user ဘက်က complain နည်းနည်းတော့ တတ်နေတယ်ဗျ။ ဘာလို့လဲ ဆိုတော့ Trypophobia လို့ခေါ်တဲ့ အပေါက်သေးသေးလေးတွေ စုပုံနေတာကို ကြောက်တဲ့ ရောဂါ ကြောင့်ပါ။ ဒီရောဂါဟာ စိတ်ရောဂါတစ်ခုလိုပဲ မြင်နေရုံနဲ့တင် လန့်နေတတ်တဲ့ ရောဂါတစ်မျိုးပါ။

ကံဆိုးချင်တော့ သူများတွေ ထက်တမူထူးခြားနေတဲ့ nokia 9 ဖုန်းက ဒီလို ရောဂါဓာတ်ခံ ရှိသူတွေအဖို့ အသည်းယားချင်စရာပါ။

 

Image result for trypophobia

မိမိကိုယ်တိုင်က ဒီရောဂါရှိတယ် မရှိဘူးဆိုတာကို သိချင်ရင် ပေါက်သေးသေးလေးတွေ အစုလိုက်အပုံလိုက် မြင်နေရရုံနဲ့ ကြောက်နေတဲ့သူလား၊ သတ္တိရှိရှိ ကိုင်ကြည့်၊ မြင်ကြည့်နိုင်တဲ့သူမျိုးလား ဆိုတာ စမ်းကြည့်အုန်းနော်။ ပြီးမှ ဒီဖုန်းကို ဝယ်ပေါ့..။ ဝယ်ပြီးမှ ကြောက်ပြီး မကိုင်ရဲမှာ စိုးလို့….

ict guide

nga htet

Ref: UNILAD

Read times
Rate this item
(0 votes)