Android Pie (9) Update ရရှိမည့် ဖုန်း ၃ လုံး Xiaomi ကြေငြာ

Android Pie (9) Update ရရှိမည့် ဖုန်း ၃ လုံး  Xiaomi  ကြေငြာ google

Xiaomi ရဲ့အင်ဂျင်နီယာ Zhang Guoquan က သက်တမ်း 2

နှစ်ရှိပြီဖြစ်တဲ့ စမတ်ဖုန်းသုံးမျိုးကို Android Pie Update ပေးသွားမှာဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။ Android 9.0 Pie Update ရရှိလာမယ့် Xiaomi စမတ်ဖုန်းများကတော့ Mi 6 Mi Mix 2 နှင့် Mi Note 3 တို့ ဖြစ်ပါတယ်။ 2017 ခုနှစ်ထွက် Xiaomi ရဲ့ အဆင့်မြင့် စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi 6 ဟာ GPU Driver ဖြစ်တဲ့ Game Turbo လည်း ရရှိပါမယ်။ ယင်းစနစ်ကြောင့် Xiaomi Mi 6 အသုံးပြုသူများအနေဖြင့် ဂိမ်းကစားတဲ့အခါ ညက်ညောစွာ ကစားနိုင်ပါမယ်။

လက်ရှိအချိန်မှာ Zhang Guoquan က ယင်းဖုန်းသုံးမျိုးဟာ မဝေးတော့တဲ့ကာလအတွင်းမှာ Android Pie Update ရရှိမယ်လို့သာဆိုထားပြီး ဘယ်တော့ Update ပေးမယ်ဆိုတာ အတိအကျ ပြောကြားထားခြင်း မရှိသေးပါဘူး။

Xiaomi ဟာ နောက်ပိုင်းမှာ သူတို့ရဲ့ စမတ်ဖုန်းများကို ဆော့ဝဲလ် Update ပေးရာမှာ အထူးဂရုစိုက်လုပ် ဆောင်လာပြီး အသုံးပြုသူများရဲ့ ယုံကြည်မှုကို ပိုလို့ ရရှိအောင် လုပ်ဆောင်လာတာ တွေ့ရပါတယ်။

Source: net guide

 

Read times
Rate this item
(1 Vote)