ဆမ်ဆောင်း ခေါက်ချိုးဖုန်းကို ပက်ပက်စက်စက် ဝေဖန်လိုက်တဲ့ ဟွာဝေး

ဆမ်ဆောင်း ခေါက်ချိုးဖုန်းကို ပက်ပက်စက်စက် ဝေဖန်လိုက်တဲ့ ဟွာဝေး google

Huawei Mate X နဲ့ Samsung Galaxy Fold တို့ရဲ့ MWC ( Bercelona ) ဘုရင်လုပွဲ ကတော့ တော်တော်လေးကို ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်များစွာကတည်းက စမတ်ဖုန်းကုမ္ပဏီတွေ အပြိုင်အဆိုင် ကြိုးစားနေခဲ့ကြတဲ့ ကြိုးစားမှု ရလဒ် foldable ဖုန်း ( ခေါက်ချိုးဖုန်း) တွေကို နောက်ဆုံး MWC ဆိုတဲ့ စင်မြင့်ထက်မှာ ပြသနိုင်ခဲ့ ပါပြီ။

 

Image result for huawei foldable phone

Huawei Mate X

ဟွာဝေး မိုဘိုင်းစီးပွားရေးဆိုင်ရာ CEO Richard Yu က "ဒီဖုန်း ၂ လုံးဟာ ဒီဇိုင်းပိုင်း တော်တော်လေးကို ကွာခြားပါတယ်။ သူတို့ရဲ့ ဖုန်းဟာ ကောင်းမွန်တဲ့ ပစ်မှတ်အခုကို ဦးတည်ပြီး မတူညီတဲ့ projects ၃ ခုနဲ့ ဒီခေါက်ဖုန်းကို ဖန်တီးခဲ့တာပါ။ သူတို့ဖန်တီးလိုက်တဲ့ ဒီဖုန်းဟာ ဆမ်ဆောင်း ခေါက်ချိုးဖုန်းနဲ့ တူသယောင်ရှိနေပါလိမ့်မယ်.။ ဒါပေမဲ့ သူတို့ထက်တော့ ပိုကောင်းပါတယ်။ Yu ရဲ့ "it was bad” ဆိုတဲ့ စာသားအရ Samsung ကို personally killed လိုက်သလိုပါပဲ..

 

Image result for samsung foldable phone

Samsung Galaxy Fold

Yu က " ဆမ်းဆောင်းဖုန်းရဲ့ အရှေ့ screen နဲ့ အနောက် screen နှစ်ခုလုံး ကို တော်တော်လေး ထူအောင်ထုတ်လုပ်ထားတာပဲလို့ " လှောင်ပြောင်လိုက်ပါတယ်။ သူတို့ဖုန်းက ကမ္ဘာ့အပါးဆုံး ခေါက်ချိုးဖုန်း ဆိုတော့လည်း ပြောအားရှိမှာပေါ့။

News : Redmi Note 7 Pro ရောင်းချမည့် ရက် ထုတ်ပြန်

သင်ဘယ် ဖုန်းကိုပဲ ကြိုက်ကြိုက်ကိစ္စမရှိပါဘူး။ ဒါဟာ သင့်ရဲ့ ရွေးချယ်မှုပါ။ ပိုမိုသပ်ရပ်လှပပြီး စမတ်ကျတဲ့ ခေါက်ချိုးဖုန်းကို သင်စိတ်ကြိုက်သေချာ ရွေးချယ်ပြီး ဝယ်ယူပါ။ Samsung Galaxy Fold ကို Euro 2000 ( ၃၅ သိန်း ဝန်းကျင်) နဲ့ Huawei Mate X ကို Euro 2290 ( ၃၉ သိန်း ဝန်းကျင်) နဲ့ ဝယ်ယူရရှိုနိင်ပါတယ်။ ဒီ ၂ လုံးထဲက ဘယ်ဖုန်းကို လူပိုစိတ်ဝင်စားမလဲ..?

၂ လုံးစလုံးပဲ ရောင်းအားတွေ ကိုယ်စီ တတ်ကြမလားဆိုတာ စဉ်းစားစရာပါ.။ သင်ကော ဘယ်ဖုန်းကို ပိုကြိုက်လဲ..။ ဝယ်မယ်ဆိုရင် ဘယ်ဖုန်းကို လိုချင်လဲ..။ တစ်ယောက်နဲ့တစ်ယောက်တော့ အကြိုက်ချင်း မတူဘူးပေါ့နော်..

ict guide

nga htet

Ref: GSMarena

 

Popular News:  Hard Disk ဘာကြောင့် ပျက်ရတာလဲ …?

Hard Disk ဘာကြောင့် ပျက်ရတာလဲ …?

Read times
Rate this item
(0 votes)