Apple က နည်းပညာသစ်နဲ့ ခေါက်ချိုးဖုန်း ထုတ်လုပ်လာမယ်လို့ မူပိုင်ခွင့် ရုံးက ပေါက်ကြား

Apple က နည်းပညာသစ်နဲ့ ခေါက်ချိုးဖုန်း ထုတ်လုပ်လာမယ်လို့ မူပိုင်ခွင့် ရုံးက ပေါက်ကြား google

2019 မှာ trend တစ်ခုဖြစ်နေတဲ့ ခေါက်ချိုးဖုန်းတွေကို စမတ်ဖုန်းကုမ္ပဏီ တော်တော်များများက ထုတ်လုပ်လာကြပါပြီ။

ပြောင်းလဲလာတဲ့ trend ပေါ်ကို မမှီခိုဘူး ဆိုရင်တော့ ပြိုင်ဘက်တွေထက် ခေတ်နောက်ကျနေမှာ အမှန်ပါပဲ။

အရင်ကတည်းက ဖုန်းဈေးကွက်ထဲမှာ ထိပ်ဆုံးက နေရာယူနေတဲ့ ဆရာကြီး သုံးဦးရှိပါတယ်။ Apple Samsung Huawei တို့ပါ။

ဒါပေမဲ့ 2019 မှာ Samsung နဲ့ Huawei ကSamsung Galaxy Fold တို့ ၊ Huawei Mate X တို့လို ခေါက်ချိုးဖုန်းတွေ ထုတ်လုပ်နေတဲ့ အချိန်မှာ Apple က ဘာအသံမှ မကြားရပဲ ငြိမ်နေခဲ့ပါတယ်။

US မူပိုင်ခွင့်ရုံးရဲ့အဆိုအရ apple ဟာ ခေါက်ချိုးဖုန်း တွေထုတ်လုပ်ဖို့ အတွက် မူပိုင်ခွင့်တောင် တင်ထားပြီးပြီးလို့ဆိုပါတယ်။ Apple က ပြောင်းလဲလာတဲ့ ဖုန်း trend ကို လိုက်ဖို့အတွက် ready ဖြစ်နေပြီလို့ သိရပါတယ်။ အနာဂတ်မှာ folding iPhone တွေပေးစွမ်းဖို့အတွက် တိုးတိုးတိတ်တိတ်ကြံစည်နေတယ်လို့ ထင်ပါတယ်။

 

Image credit: Patently Apple

 

 

ဒီမူပိုင်ခွင် လျောက်လွှာထဲမှာ သူများတွေနဲ့ မတူတဲ့ internal heating system ဆိုတဲ့ နည်းပညာတစ်ခုကို သုံးလာပါတယ်။ ဒီနည်းပညာဟာ ဖုန်းပူလာတာနဲ့အမျှ ကွေးညွန့်လုပ်ဆောင်ချက်ကို ပိုမို ကောင်းမွန်လာစေမှာပါ။

အေးစက်နေတဲ့အခါ ခေါက်ချိုးဖုန်းတွေအနေနဲ့ ကွဲအက်မှုတွေ ရှိနိုင်ပြီး အခု ဒီဖုန်းမှာဆိုရင် ကွေးညွန့်နေတဲ့ ဝင်ရိုးတွေကို ကိုယ်ဘာသာ အပူပေးနိုင်မည့် ဝင်ရိုးအလင်းရောင်တောက်ပနေတဲ့ pixel အစုအဝေး တွေ ပါဝင်လာမှာပါ။ ပူစေနိုင်သည့် element တွေ ဒါမှမဟုတ် အခြား အပူထုတ် နည်းလမ်းတွေနဲ့ မျက်နှာပြင် အပြည့်ကနေ ဝင်ရိုးတွေကို ခေါက်ချိုးလို့ရအောင် လုပ်ဆောင်ပေးမှာပါ။

အမှန်တကယ်တော့ မူပိုင်ခွင့်ရုံးကို လွန်ခဲ့တဲ့ 2017 dec ထဲက လာရောက် မူပိုင်ခွင့်တင်ခဲ့တာဖြစ်ပြီး apple လား ၊ ဘယ်သူလား သေချာမသိရသေးပါဘူး။ တကယ်လို့သာ apple က ကြိတ်လုပ်နေတယ်ဆိုရင်တော့ foldable iPhone ကို နောက်နှစ်မှာတော့ အတိအလင်း ကြေငြာလာနိုင်ပြီး 2020 မှာ foldable iPhone တွေ launch လုပ်နိုင်ဖွယ် ရှိနေပါတယ်။

ict guide

ref: techrader

 

Read times
Rate this item
(0 votes)