စမတ်ဖုန်းလောကနဲ့ နည်းပညာသားတို့အတွက် တော်တော်လေးအရေးပါလှတဲ့ 2019 MWC အကြောင်းပြော မယ်ဆိုရင်
ခေါက်ချိုးဖုန်းတွေကတော့ မပါမဖြစ်ပါပဲ။ ဒါပေမယ့် ခေါက်ချိုးဖုန်းတွေနဲ့ ဒါတွေအပြင် ဘာတွေက များပြပွဲလာပရိတ်သတ်တွေကို ဆွဲဆောင်နိုင်ခဲ့သလဲဆိုတာကို လေ့လာကြည့်ရအောင်။
Samsung ကိုမြတ်ခြေအဖြတ်မခံတဲ့ Huawei
ခေါက်ချိုးရေးပန်းစားလာတဲ့အချိန်မှာ ရှေ့ကိုထွက်လာတဲ့ Samung ကို Huawei အနေနဲ့ အမှီလိုက်ဖို့အတွက် Mate X ကို MWC မှာအမှီမိတ်ဆက်ပေးခဲ့ပါတယ်။ Huawei ရဲ့ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်ပြီး အမှတ်တမဲ့အနေ အထားမှာတော့ tablet ပုံစံအတိုင်းဖြစ်နေမှာပါ။ ဒါပေမယ့် ကိုယ်ဘယ်လိုကိုင်မလဲဆိုတဲ့ အပေါ်မူတည်ပြီး အနေအထား ၃ မျိုးအထိပြောင်းလဲထားနိုင်ပါတယ်။ လက်ရှိမှာ ကင်မရာ ၃ လုံးပဲပါဝင်နေသေးပေမယ့် ၄ လုံးအထိဖြစ်လာနိုင်ပြီး 5G ကတော့ အသေအချာပါပဲ။
HoloLens 2
Microsoft ရဲ့မူလ AR handset တစ်ခုပဲဖြစ်ပြီး HoloLens ထက်ဘာတွေပိုကောင်းလာသလဲဆိုတာ စိတ်ဝင်စား စရာပါ။ AR ဆိုတာကတော့ လက်တွေ့ဘ၀နဲ့ စိတ်ကူးယာဉ်ကမ္ဘာတို့ရဲ့ပေါင်းစပ်ဖန်တီးမှုလို့ အရိုးရှင်းဆုံးနား လည်နိုင်ပါတယ်။ Eye tracking လို့ဆိုရမယ့် ကျွန်တော်တို့မျက်လုံးရဲ့ကြည့်ရှုရာကို ထပ်ကြပ်မကွာလိုက်ပြီး ပုံရိပ်ယောင်ပေါင်းစပ်ဖန်တီးမှုပိုကောင်းလာသလို မြင်ကွင်းထောက်ပံ့မှုပိုင်းမှာလည်းပိုကျယ်လာပါတယ်။ ဒါ့ အပြင် ကျွန်တော်တို့ရဲ့လက်ရဲ့လှုပ်ရှားမှုပိုင်းကိုလည်း အကောင်းဆုံးထောက်ပံ့ပေးမှုပါဝင်လာလို့ တကယ်ဝင် ရောက်နေတဲ့အလားအထင်မှားစေမှာဖြစ်ပါတယ်။
Motorola မှာလည်း ခေါက်ချိုးဖုန်းရှိနေပြီနော်
တိကျသေချာတဲ့ ထုတ်ပြန်ချက်တော့မရှိသေးပါဘူး။ ဒါပေမယ့် Motorola မှာလည်း Razr ဆိုတာရှိနေပြီး ဒါက ခေါက်ချိုးဖုန်းလို့ ပြောဆိုမှုတွေရှိနေပါတယ်။ လေသံထွက်ချက်အရဆိုရင် ဒေါ်လာ ၁,၅၀၀ နဲ့ လာမယ့် နွေရာသီ မှာရနိုင်မယ်လို့တောင် သိရပါတယ်။
ကင်မရာ ၅ လုံးနဲ့တိုင်ပတ်နိုင်တဲ့ Nokia
ကင်မရာတွေသူ့ထက်ငါအပြိုင်များတာက ရေစီးကြောင်းတစ်ခုအလားပါ။ အခုလည်း ကင်မရာ ၅ လုံးပါတဲ့ Nokia 9 PureView မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့ရဲ့ကင်မရာအပြင်အဆင်က အခေါင်းပေါက်တွေမြင်ရင် ကြောက်တဲ့ရောဂါရှိသူတွေအတွက်တော့ အဆင်ပြေဟန်မရှိပါဘူး။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ Nokia 210 ကိုဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ပြန်လည်မိတ်ဆက်ပေးခဲ့ပါတယ်။
LG G8 နဲ့မိတ်ကပ်မလိမ်းမီနဲ့ လိမ်းပြီးဆိုပြီးပူစရာမလိုတော့ဘူးနော် ….
လက်ဗွေစနစ်ပြီးတော့ မျက်နှာနဲ့ unlock လုပ်တာတွေအထိရှိလာပါတယ်။ ဒါပေမယ့် LG ရဲ့တစ်မူထူးခြားမှုကို တော့မှီမယ်မထင်ပါဘူး။ ပိုင်ရှင်ရဲ့ သွေးကြောကို scan ဖတ်ပြီး unlock လုပ်နိုင်မယ်ဆိုတော့ တော်တော်လေး ထူးခြားပြီပေါ့နော်။ ဒါကြောင့် မိတ်ကပ်လိမ်းမီနဲ့ မလိမ်းမီဆိုပြီး ပူစရာမလိုမှာအမှန်ပါပဲ။
ict guide