apple ရဲ့ အနာဂတ် နည်းပညာအသစ်တွေကို မတ်လ 25 Apple event မှာ ချပြမည်

apple ရဲ့ အနာဂတ် နည်းပညာအသစ်တွေကို မတ်လ 25 Apple event မှာ ချပြမည် google

Apple က လာမည့် မတ်လ ၂၅ ရက်နေ့မှာ California ပြည်နယ်၊ Cupertino ရဲ့ Steve jobs theater ကြီးမှာ ပြပွဲတစ်ခု ကျင်းပမယ်လို့ ကြေငြာလာပါတယ်။ 

ဒီ event မှာ ကုမ္ပဏီ၏ နောက်လာမည့် အွန်လိုင်းဝန်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး အနည်းနဲ့အများ ပစ်မှတ်ထားလာနိုင်ပါတယ်။ video streaming service လိုမျိုး မျှော်လင့်ထားကြပြီး HBO ကဲ့သို့သော ရုပ်သံလိုင်းတွေလိုမျိုး ကိုယ်ပိုင် ပရိုဂရမ်တွေ ရေးဆွဲပြီး အနာဂတ်မှာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းဖို့ ရည်ရွယ်နေပါတယ်။

 

နောက်ပြီး The Wall Street Journal, The New York Times, Washington Post, Netflix, တို့လို နေ့စဉ်လူထုကို အဆက်မပြတ် သတင်းအချက်အလက်တွေ ဖော်ပြပေးနေတဲ့ သတင်းတိုက်တွေလိုမျိုး Apple News ကို လုပ်ဖို့ရှိနေပါတယ်။ Apple News မှာ အသင်းဝင်ကြေးပေးပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်နေပါတယ်။

ဒီပွဲကြီးမှာ အခြားမျှော်လင့်ထားတာက AirPods 2, AirPower,တွေ နောက်ထပ် update အသစ်သစ်တွေမြင်တွေ့လာရနိုင်ပြီး iPad 5th Generation ကိုပါ ကြေငြာလာနိုင်ပါတယ်။ ဒီပွဲကြီးကိုတော့ Apple Fan တွေ စောင့်ကြည့်သင့်တဲ့ ပွဲတစ်ပွဲလို့ပြောရင်း အသစ်အသစ်တွေကို ရင်ခုန်ကြည့်ရအောင်ဗျာ..

ict guide

nga htet

Ref: Gsmarena

Read times
Rate this item
(0 votes)