Call of Duty: Mobile version ထွက်လာတော့မည်

Call of Duty: Mobile version ထွက်လာတော့မည် google

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက Tencent နဲ့ Actvision တို့ဟာ Call of Duty ရဲ့ Android မိုဘိုင်းဂိမ်းဗားရှင်းကို စတင်စမ်းသပ်ခဲ့ပါတယ်။

အခုဆိုရင် Call of Duty မိုဘိုင်းဂိမ်းကို ဥရောပနဲ့ မြောက်နဲ့တောင်အမေရိက ဒေသတွေမှာ beta စမ်းသပ်မှု စတင်ပြုလုပ်တော့မယ်လို့ GDC ပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ Call of Duty: Mobile ဂိမ်းရဲ့ပုံစံနဲ့ ဂိမ်းစွမ်းဆောင်ရည်တွေက Xbox 360 နဲ့ PS3 က စွမ်းဆောင်ရည်အတိုင်း ရှိပါတယ်။ ဂိမ်းထဲမှာ Black Ops နဲ့ Modern Warfare ဂိမ်းတွေက လူတွေရင်းနှီးတဲ့မြေပုံတွေ ပါဝင်လာပါတယ်။

 

Call of Duty: Mobile ဂိမ်းဟာ အခမဲ့ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပြီး Search-and-Destroy, Team Deathmatch လိုမျိုး mode တွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ multiplayer ပွဲတွေကို အခမဲ့ ကစားနိုင်ပါတယ်။ Call of Duty: Mobile ဂိမ်း beta စမ်းသပ်မှုကို iOS နဲ့ Android နှစ်ခုစလုံးမှာ စတင်မလားဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ Call of Duty: Mobile ဂိမ်းကို စမ်းသပ်ကစားလိုသူတွေက ဖော်ပြထားတဲ့ https://www.callofduty.com/mobile လင့်ခ်မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

Ref: Engadget

Read times
Rate this item
(0 votes)