Display အောက်မှာ Selfie camera 2 လုံး ထည့်သွင်းထားတဲ့ Xiaomi ဒီဇိုင်းထွက်လာဖွယ်ရှိ

Display အောက်မှာ Selfie camera 2 လုံး ထည့်သွင်းထားတဲ့ Xiaomi ဒီဇိုင်းထွက်လာဖွယ်ရှိ google

ဖုန်းစခရင်ရဲ့ အောက်မှာ Notch နဲ့ ရှေ့ကင်မရာနှစ်လုံး ထည့်သွင်းထားတဲ့ ဖုန်းဒီဇိုင်းတခုကို Xiaomi က မူပိုင်ခွင့်တင်လိုက်ပါတယ်။

April Fools’ Day မှာ ထွက်ပေါ်လာတဲ့ သတင်းဖြစ်လို့ ယုံချင်စရာ သိပ်မရှိပေမယ့်၊ Xiaoomi ဟာ ဒီမူပိုင်ခွင့်ကို ကမ္ဘာ့ဉာဏမူပိုင်ခွင့်ရုံး (WIPO) မှာ တကယ် တင်ထားတာ ဖြစ်ပါတယ်။

အောက်ဘက်က Notch ထဲမှာ ကင်မရာနှစ်လုံး ထည့်ထားတဲ့ ဒီဇိုင်းအပြင် ဖုန်းစခရင်အောက် ဘေးတဖက်တချက်မှာ ရှေ့ကင်မရာတလုံးစီ ထည့်ထားတဲ့ ဒီဇိုင်းတခုကိုလည်း တွေ့မြင်ရပါတယ်။ Xiaomi ရဲ့ မူပိုင်ခွင့်က ပုံကြမ်းတွေကို LetsGoDigital က အခုလို ပုံဖော်ပေးထားပါတယ်။

Xiaomi ရဲ့ မူပိုင်ခွင့်လိုင်စင်ကို WIPO database ထဲမှာလည်း မှတ်ပုံတင်နံပါတ်၊ အတည်ပြုနံပါတ်တွေနဲ့ အမှန်တကယ် တွေ့မြင်ရပါတယ်။ စတင်ထားတဲ့ ရက်က ၂၀၁၈၊ မေ ၂၅ ဆိုတော့ တနှစ်လောက် ရှိပါတော့မယ်။ ကျောဘက်မှာလည်း ကင်မရာနှစ်လုံး ပါရှိပြီး၊ ရှေ့ဘက်မှာ Notch ကို စခရင်အောက်နား ထားထားတဲ့အတွက် အပေါ်ဘက်က လုံးဝ စခရင်အပြည့် ဖြစ်နေမှာပါ။


Xiaomi
ဟာ ရှေ့ကင်မရာနှစ်လုံးကို အပေါ်တဖက်တချက်မှာ ထားထားတဲ့ ဒီဇိုင်းတမျိုးကိုလည်း မူပိုင်ခွင့်တင်ထားပါသေးတယ်။

ရှေ့ကင်မရာကို အောက်မှာ ထားတယ်ဆိုရင်တော့ Selife ရိုက်တဲ့အခါ နည်းနည်း တိုင်ပတ်ပါလိမ့်မယ်။ ဖုန်းကို အပေါ် မြှောက်ကိုင်မှ မျက်နှာနဲ့ တတန်းတည်းလောက် ဖြစ်ပြီး အဆင်ပြေမှာပါ။ ဒါပေမယ့် ဖုန်းအပေါ်ဘက်မှာ Notch မရှိတော့ စခရင်အပြည့်အရသာ ပိုခံစားနိုင်မှာ ဖြစ်ပါတယ်။ အောက်ဘက်က Notch ကိုတော့ အပေါ်လောက် အာရုံစိုက်မိလောက်မှာ မဟုတ်ပါဘူး။

Ref: GSM Arena

 

Read times
Rate this item
(0 votes)