ဖုန်းကြည့်များတဲ့ ဆယ်ကော်ျသက်တွေ ကျန်းမာရေး မထိခိုက်နိုင်ဘူးလို့ စစ်တမ်းတစ်ခုက ဖော်ပြ

ဖုန်းကြည့်များတဲ့ ဆယ်ကော်ျသက်တွေ ကျန်းမာရေး မထိခိုက်နိုင်ဘူးလို့ စစ်တမ်းတစ်ခုက ဖော်ပြ google

ဆယ်ကျော်သက်တွေ ဖုန်း ၊ တက်ဘလက် ကြည့်တဲ့ အချိန် ပမာဏများရင် ဆိုးကျိုး ရှိနိုင်သလား ဆိုတာ သုတေသန စစ်တမ်းတစ်ခု ကောက်ယူခဲ့ကြပါတယ်။

အရင်ကတော့ ဆယ်ကျော်သက်တွေ ဖုန်း ကြည့်ချိန်များခြင်းဟာ ကိုယ်ရော ၊ စိတ်ပါ ထိခိုက်စေတယ်လို့ ပြောခဲ့ကြပါတယ်။ အခု စစ်တမ်းက အဲဒါကို ဆန့်ကျင်ထားပါတယ်။

အိပ်ယာ မ၀င်ခင်မှာ ဖုန်းကြည့်ခြင်းဟာ အိပ်စက်မှုကို ထိခိုက်စေတယ်လို့ အရင်က ပြောခဲ့ကြဖူးပါတယ်။ အခု စစ်တမ်းက အိပ်ယာ မ၀င်ခင်မှာ ဖုန်း ကြည့်ခြင်း၊ လိုင်းသုံးခြင်း၊ ဂိမ်း ကစားခြင်း၊ တီဗီ ကြည့်ခြင်းများဟာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို မထိခိုက်စေဘူးလို့ ပြောပါတယ်။

ဒီစစ်တမ်းကို အောက်စဖို့ဒ် တက္ကသိုလ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်နဲ့ အိုင်ယာလန် နိုင်ငံ ၃ ခုက ဒေတာများကို ကောက်ယူခဲ့ကြပါတယ်။ ပါဝင် ခဲ့တဲ့ လူပေါင်း ၁၇ ၀၀၀ ရှိပါတယ်။ သူတို့ဟာ နေ့စဉ် ဘယ်အချိန်မှာ ဘာတွေ လုပ်သလဲ ဆိုတဲ့ သတင်းအချက်အလက်များကို သုတေသနပညာရှင်များအား ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။

သုတေသနကို ပြုလုပ်သူ Amy Orben က “ ဒီနေ့ခေတ်မှာ လူတွေရဲ့ နေ့စဉ်လူနေမှုဘ၀နဲ့ လုပ်ငန်းများမှာ စကရင်ပါတဲ့ အီလက်ထရောနစ် ကိရိယာများကို မဖြစ်မနေ အသုံးပြုနေကြပါတယ်။ အဲဒီအတွက် စကရင်ကို အလွန်အမင်း ကြည့်တာဟာ ကိုယ်နဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာကို အဖြေရှာဖို့ လိုအပ်ပါတယ်။ “ လို့ ပြောပါတယ်။

Read times
Rate this item
(0 votes)