အလန်းစား ပုံရိပ်တွေ အတွက် Canon SX-70HS

အလန်းစား ပုံရိပ်တွေ အတွက် Canon SX-70HS google

ပထမဆုံး Canon point & shoot ကင်မရာထဲမှာ CR3 Raw format နဲ့ရိုက်ကူးနိုင်မယ့် Canon SX-70HS ကင်မရာဖြစ်ပါတယ်။

Point & Shoot Level ဆိုပေမယ့် Bridge Level နီးပါး အသုံးပြုနိုင်မှာပါ။

ဓာတ်ပုံ အနေနဲ့20.3 megapixels ရှိပြီး Video ပိုင်းမှာတော့ 4K resolution ကို 30p နဲ့မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ် ။ Continuous shooting ကို 10 fps လို့ဆိုထားတဲ့အတွက်တစ်စက္ကန့်မှာ ၁၀ ပုံအထိရိုက်ကူးနိုင်မှာဖြစ်လို့ Wildlife, Birds, Sports ရိုက်ကူးသူများ အကြိုက်တွေ့ နိုင်စေပါတယ်။

စမတ်ဖုန်းနဲ့အပြန်အလှန်ချိတ်ဆက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေလွှဲပြောင်းရယူနိုင်ဖို့အတွက် WiFi စနစ်လည်းပါဝင်ပါတယ်။Super Zoom 65x ကို အသုံးပြုထားတဲ့အတွက် ၃၅မမ မြင်ကွင်းနဲ့ဆိုရင် 21-1365mm အနေအထားနဲ့ ရရှိနိုင်မှာပါ။

Exposure Modes, Shooting Modes နဲ့ Feature တွေ စုံလင်အောင် ထည့်သွင်းပေးထားပါတယ်။ အရွယ်အစား 127.0 x 90.9 x 116.6 mm ဖြစ်ပြီး အလေးချိန်က 608g လေးပါတယ်။

တန်ဖိုးက ၆၈၀,၀၀၀ ကျပ် ဖြစ်ပြီး ROYAL Camera ဖုန်း ၀၁ ၈၃၉ ၈၃၇၀ နဲ့၀၁ ၃၉ ၁၆၁၅ တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Read 134 times
Rate this item
(0 votes)