ပထမဆုံးတစ်လအတွင်း အလုံးရေ ၄ သန်းကျော် ရောင်းချခဲ့ရတဲ့ Redmi note 7 & Pro

ပထမဆုံးတစ်လအတွင်း အလုံးရေ ၄ သန်းကျော် ရောင်းချခဲ့ရတဲ့ Redmi note 7 & Pro google

ရှောင်မီရဲ့ နောက်ဆုံးထုတ် စွမ်းရည်သင့် ဖုန်းများ ဖြစ်တဲ့ Redmi Note 7 နဲ့ Note 7 Pro တို့ဟာ ရောင်းအား အလွန်လန်းနေပါတယ်။

တစ်ကမ္ဘာလုံးမှာ အလုံးရေ လေးသန်းကျော်ရောင်းချထားရပါတယ်။ တရုတ်မှာလည်း ပထမဆုံးလမှာ အလုံးရေ ၁ သန်းကျော်ရောင်းချခဲ့ရပါတယ်။

အခုလည်း အိန္ဒိယမှာ ၁ လအတွင်း Xiaomi Redmi Note 7 နဲ့ Note 7 Pro အလုံးပေါင်း ၁ သန်း ရောင်းချရတယ်လို့ ကြေညာလိုက်ပါတယ်။ ရှောင်မီက အဲဒီ ဖုန်းများကို တိုးချဲ့ထုတ်လုပ်နေပြီး နောက်ထပ် သန်းပေါင်းများစွာ ရောင်းပေးမယ်လို့ ပြောပါတယ်။ Redmi က သူ့ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် ဖုန်းကိုလည်း ထုတ်လုပ်ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Redmi Note 7 ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Processor: Qualcomm Snapdragon 660
• Screen: 6.3-inch 2340×1080 pixel LCD display
• RAM: 6GB
• Rear camera: 48-megapixel + 5-megapixel depth-sensing camera
• Front camera: 13-megapixel
• Internal storage: 64GB
• Software: Android 9 Pie with MIUI 10
• Battery: 4,000 mAh

Read times
Rate this item
(2 votes)