Firmware Update မှာ ပါဝင်လာမည့် Galaxy S10 Night Camera အသစ်

Firmware Update မှာ ပါဝင်လာမည့် Galaxy S10 Night Camera အသစ် google

Samsung S10 ရဲ့ကင်မရာမှာ အံအားသင့်ဖွယ်ရာတွေ ပေးစွမ်းမည့် အရာတစ်ခုကို အခုလာမည့် firmware update မှာ ထည့်သွင်းလာတော့မှာပါ။

Samsung Galaxy S10 User တွေထဲက ညဘက်ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် Night Mode function ကို ထည့်သွင်းပေးလိုက်ပါတယ်။

ဖုန်းမှာ နဂိုကတည်းက Bright Night ဆိုတဲ့ ကြည်လင်ပြတ်သားတဲ့ ညပုံရိပ်တွေကို ရိုက်ကူးနိုင်မည့် camera feature တစ်ခုထည့်ပေးထားသော်လည်း ဒီ feature ရဲ့လုပ်ဆောင်ချက်က မှောင်တဲ့ဘက်ကို အရမ်းကို သက်ရောက်နေတယ်ဗျ။

ဒါကြောင့် ဒီ firmware update မှာ Night Mode နဲ့ပတ်သတ်ပြီး တခုခုလုပ်ဆောင်ပေးလိုက်တာပါ။ ဒီအသစ်ပါဝင်လာမည့် night mode feature ကို Night လို့ခေါ်ပြီး camera app ထဲမှာ ပါဝင်လာပါမယ်။

ဒီ firmware update ကို Switzerland မှာ စတင်ပေးနေပြီး အခြားနိုင်ငံတွေဆီကို မကြာခင်ရောက်လာတော့မှာဖြစ်ပါတယ်။

Read more: အိန္ဒိယရဲ့ play store နဲ့ App store တွေမှာ တရားဝင်ပိတ်ပစ် လိုက်တဲ့ TikTok

ဒါကြောင့် ကျနော်တို့နိုင်ငံက Samsung Galaxy S10 အသုံးပြုသူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကင်မရာစွမ်းဆောင်ချက်တစ်ခုကို ရရှိနိုင်ရန် အသိပေးလိုက်ပါတယ်။

ict guide
nga htet
Ref: Gsmarena

Read times
Rate this item
(0 votes)