လ ကိုအလွယ်တကူ ဓာတ်ပုံရိုက်နိုင်တော့မယ့် Mi 9 SE

လ ကိုအလွယ်တကူ ဓာတ်ပုံရိုက်နိုင်တော့မယ့် Mi 9 SE google.com

စမတ်ဖုန်းတစ်လုံးနဲ့ လကို အလွယ်တကူဓာတ်ပုံရိုက်လို့ရတယ်ဆိုတာ ထူးဆန်းတဲ့အရာတစ်ခုပါ။ Huawei ရဲ့ P30 Pro ဟာ

ပထမဦးဆုံး လကို ဓာတ်ပုံရိုက်နိုင်တဲ့ စမတ်ဖုန်းပါ။

 

ဒါပေမယ့် အခုအခါမှာတော့ Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးဖြစ်တဲ့ Mi 9 SE မှာလည်း လကို အလွယ်တကူဓာတ်ပုံရိုက်လို့ ရနိုင်မယ့် Moon Mode ပါဝင်လာပါပြီ။

 

Xiaomi ဟာအခုနောက်ပိုင်း သူတို့ရဲ့ ကင်မရာစွမ်းဆောင်ရည်ကို အတော်လေးမြှင့်တင်လာတာကိုတွေ့ရပါတယ်။ ဒီ Moon Mode ဟာလည်း MI 9 SE ရဲ့ နောက်ဆုံး MIUI Update အတွက် သီးသန့်ရည်ရွယ်ပြီး ထည့်သွင်းလာတာပါ။

 

ဒီ MIUI Update မှာဆိုရင် AI Smart Story Album Organization ပါဝင်လာပြီးတော့ Game Booster ကလည်းပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ တရုတ်မှာတော့ အဲ့ဒီ MIUI Update ကို ရရှိနေပြီဖြစ်ပြီးတော့ လာမယ့် ရက်သတ္တပတ်များမှာ နိုင်ငံတကာမှ Mi 9 SE များအတွက် ဖြန့်ချီပေးတော့မယ်လို့သိရပါတယ်။

 

 

Read : Game of Thrones ဇာတ်လမ်းကြောင့် ဒေါ်လာ ၂.၃ သန်းလောက်အမြတ်ထွက်ခဲ့တဲ့ Starbucks

Pk (Myanmar ICT Guide)

Ref : Gsmarena

Read times
Rate this item
(1 Vote)