ဘောင်းဘီထဲမှာ မီးလောင်သွားတဲ့ iPhone XS Max

ဘောင်းဘီထဲမှာ မီးလောင်သွားတဲ့ iPhone XS Max google.com

ဝယ်ထားတာ သုံးပတ်ပဲရှိသေးတဲ့ iPhone XS Max ဟာ ပိုင်ရှင်ရဲ့ ဘောင်းဘီထဲမှာ မီးလောင်သွားတဲ့

ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 

အိုဟိုင်းအိုး ပြည်နယ် ကိုလမ်ဘတ်စ်မှ Josh Hillard ဆိုသူက ဒီဇင်ဘာလ 12 ရက်နေ့တွင် အလုပ်မှာနေ့လည်စာအတွက် အနားပေးချိန်မှာ သူ့ဘောင်းဘီရဲ့အနောက်ဘက် အိတ်ကပ်ကနေ ညှော်နံ့ရခဲ့တယ်လို့ iDrop News ကိုပြောပါတယ်။

အဲဒီနောက်မှာ မီးခိုးများထွက်လာပြီး သူ့အရေပြားကို မီးလောင်တာကိုခံစားခဲ့ရပါတယ်။ သူ့ရဲ့ iPhone XS Max ဟာ မီးလောင်နေတာ ဖြစ်ပါတယ်။ အခန်းထဲမှာ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ဦးရှိတဲ့ အတွက် သူဟာ အခြားအခန်းတစ်ခုထဲသွားပြီး ဘောင်းဘီကို လဲခဲ့ရတယ်လို့ သိရပါတယ်။

 

အလုပ်မှ အရာရှိတစ်ဦးက သူ့အော်သံကို ကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခဲ့ရပါတယ်။ အဲဒီညနေမှာပဲ Hillard ဟာ မီးလောင်သွားတဲ့ အိုင်ဖုန်းကို Apple Store ကို ယူသွားခဲ့ပါတယ်။ ကုမ္ပဏီက နောက်တစ်ရက်မှာ ဖုန်းအသစ်လဲလှယ်ပေးခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာလည်း Las Vegas မှ စတိုးတစ်ခုမှာ iPhone 6S မီးလောင်သွားတာကို လုံခြုံရေးကင်မရာကနေ ဗီဒီယိုရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဖြစ်ရပ်များဟာ တစ်လုံးတစ်လေမှာသာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Galaxy Note 7 လို အရေအတွက်များစွာမှာ ဖြစ်ပွားခဲ့တာမဟုတ်ပါဘူး။

NetGuide Journal

Myanmar ICT Guide

Read 175 times
Rate this item
(1 Vote)