Android Q ရရှိမယ့် ဖုန်း ၈ လုံးကို ကြေညာလိုက်တဲ့ Huawei

Android Q ရရှိမယ့် ဖုန်း ၈ လုံးကို ကြေညာလိုက်တဲ့ Huawei google.com

Google ကသူ့ရဲ့ I/O Developer Conference မှာ သူ့ရဲ့ Pixel Phone များမှာသာ Android Q Beta 3 ကို

ရရှိမှာ မဟုတ်ဘဲ အခြား ကုမ္ပဏီများမှ ဖုန်း ၁၅ လုံးအတွက်လည်း ရရှိမယ်လို့ ကြေညာခဲ့ပါတယ်။

 

အဲဒီ ဖုန်း ၁၅ လုံးထဲမှာ Huawei Mate 20 Pro လည်း ပါဝင်ပါတယ်။ အခုတော့ Huawei က Android Q ကို ရရှိမယ့် သူ့ရဲ့ အစောဆုံး ဖုန်း ၈ လုံးကို ကြေညာလိုက်ပါတယ်။

 

အဲဒီ စမတ်ဖုန်းများကို အောက်မှာ လေ့လာပါ။

 

- Honor View20 / V20

- Honor Magic2

- Mate 20

- Mate 20 Pro

- Mate 20X

- Mate 20 RS Porsche Design

- P30

- P30 Pro

 

Huawei က Android Q အခြေပြု EMUI Version ကိုတော့ မပြောသေးပါဘူး။ ဒါ့အပြင် Android Q ကို ဖြန့်ချီမယ့် အချိန်ကိုလည်း Huawei က မပြောသေးပါဘူး။

 

Digital Times

Myanmar ICT Guide

Read 121 times
Rate this item
(1 Vote)