Huawei Y7 Prime (2019) ရဲ့ Faux Leather Edition ထွက်ရှိ

Huawei Y7 Prime (2019) ရဲ့ Faux Leather Edition ထွက်ရှိ google.com

Huawei က Y7 Prime (2019) ရဲ့ Faux Leather Edition ကို ကြေညာလိုက်ပါတယ်။ အနောက်ဘက်ကို

သားရေနဲ့ ဖုံးအုပ်ထားတဲ့ ဒီဇိုင်းပါ။ တကယ်တော့ ပလတ်စတစ်ကိုယ်ထည်သာ ဖြစ်ပါတယ်။ မူလမော်ဒယ်များနဲ့ နောက်ထပ် ကွာခြားချက်က Storage ကို တိုးမြှင့်ထားတာပါ။ 64GB Storage ပါပါတယ်။ အခြား Specs များက မူလမော်ဒယ်နဲ့ တူညီပါတယ်။

 

Huawei Y7 Prime (2019) မှာ ၆.၂၆ လက်မ IPS HD+ Display ထည့်သွင်းထားပါတယ်။ Waterdrop Notch မှာ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 450 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM ပါပါတယ်။

 

အနောက်ဘက်မှာ 13MP Main Camera ကို 2MP Depth Sensor နဲ့ တွဲဖက် ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Android 8.1 Oreo အခြေပြု EMUI 8.2 မောင်းနှင်ထားပါတယ်။ ပါကစ္စတန်မှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပြီး ၂၂၀ ဒေါ်လာကျသင့်ပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

 

Digital Times

Myanmar ICT Guide

Read 80 times
Rate this item
(1 Vote)