Xiaomi မှ ခေါက်ချိုး စမတ်ဖုန်း ထုတ်လုပ်မည်

Xiaomi မှ ခေါက်ချိုး စမတ်ဖုန်း ထုတ်လုပ်မည် google.com

ကွေးညွှတ်ပျော့ပြောင်းတဲ့ စမတ်ဖုန်း ပြိုင်ပွဲတော့ စနေပါပြီ။ Samsung နဲ့ Huawei တို့က သူတို့ရဲ့

ခေါက်ချိုး စမတ်ဖုန်းများကို ပြသခဲ့ကြပြီးပါပြီ။ အခုတော့ နာမည်ကျော် ဖုန်း ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Xiaomi နဲ့ Oppo တို့က ဒီလို ဖုန်းမျိုးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။

ကုမ္ပဏီ နှစ်ခုဟာ ကွေးညွှတ် စမတ်ဖုန်းအတွက် မျက်နှာပြင် ရောင်းချပေးမယ့် ကုမ္ပဏီကို ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။ ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေတဲ့ ကုမ္ပဏီများကတော့ LG Display , BOE , Visionox တို့ ဖြစ်ပါတယ်။ ရှောင်မီက ကွေးညွှတ် စမတ်ဖုန်းကို ပထမဆုံး ရောင်းချတဲ့ကုမ္ပဏီ ဖြစ်ဖို့နဲ့ မိတ်ဆက်ပြီးတာနဲ့ အမြောက်အများ ရောင်းချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရှောင်မီက အစောပိုင်းမှာ အဲဒီ စမတ်ဖုန်းကို တရုတ်မှာသာ ရောင်းချဖို့ အာရုံစိုက်ထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြိုင်ဖက် ကုမ္ပဏီများရဲ့ ကွေးညွှတ် စမတ်ဖုန်း ဈေးနှုန်းထက် သက်သာအောင်လည်း ပြုလုပ်ဖို့ရည်ရွယ်ထားပါတယ်။ ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ၁၇၈၈ နဲ့ ၂၆၅၂ ဒေါ်လာအကြားမှာရှိမယ်လို့ သတင်းထွက်နေပါတယ်။ ရှောင်မီကတော့ ၈၉၆ နဲ့ ၁၃၄၄ ဒေါ်လာအကြားမှာသာ ရောင်းချဖို့ရည်ရွယ်ထားပါတယ်။

Digital Times
Myanmar ICT Guide

Read times
Rate this item
(1 Vote)