iOS 13 ကို iPhone 6 , SE နဲ့ 5s များတွင် ရမည်မဟုတ်

iOS 13 ကို iPhone 6 , SE နဲ့ 5s များတွင် ရမည်မဟုတ် google.com
iPhonesoft.fr ရဲ့ သတင်းအရ iOS 13 ကို အိုင်ဖုန်း အဟောင်းများမှာ ရတော့မှာ မဟုတ်ပါဘူး။
iOS 12 ကိုတော့ iOS 11 ထည့်ထားတဲ့ Device အားလုံးအတွက် ဖြန့်ချီပေးခဲ့ပါတယ်။ iPhone 5s အထိ ပါခဲ့ပါတယ်။ ဒီနေ့ သတင်းအရ iPhone 5s, iPhone SE, iPhone 6 နဲ့ iPhone 6 Plus များမှာ iOS 13 ကို ရတော့မှာ မဟုတ်ပါဘူး။
 
၂၀၁၄ ခုနှစ်မှာ ရောင်းချခဲ့တဲ့ iPhone 6 , iPhone 6 Plus များဟာ ရောင်းအားအကောင်းဆုံး အိုင်ဖုန်းမျိုးဆက် ဖြစ်ခဲ့ပါတယ်။ အခုသတင်းအရ ဆိုရင်တော့ စက်တင်ဘာလမှာ ဖြန့်ချီမယ့် နောက်ဆုံးထုတ် iOS Update ကို မရမယ့် အိုင်ဖုန်းများစွာ ရှိလာတော့မှာဖြစ်ပါတယ်။ iPhone 5s ဟာ iPhone 6 Series များထက် iOS Update ကို တစ်နှစ်အပို ရရှိခဲ့တာပါ။ iPhone SE ကတော့ iOS Update ကို သုံးနှစ်သာ ရရှိတော့မှာ ဖြစ်ပါတယ်။
 
Apple က ၄ လက်မ အိုင်ဖုန်းကို iOS 13 နဲ့ အဆုံးသတ်ချင်တဲ့ပုံပေါ်ပါတယ်။ ကုမ္ပဏီက iPod Touch မော်ဒယ်တစ်မျိုးကိုသာ ထုတ်လုပ်ရောင်းချနေပါတယ်။ သူ့မှာလည်း ၄ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အိုင်ပတ်အပိုင်းမှာတော့ iPad mini 2 နဲ့ iPad Air တို့သာ iOS 13 ကို ရရှိမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ iPad Air ကို iPhone 5s လိုပဲ ၂၀၁၃ ခုနှစ်မှာ ရောင်းချခဲ့တာပါ။ Apple က iOS 13 ကို ကြေညာမယ့် ဇွန်လ ၃ ရက်နေ့မှာ ဒီသတင်းအချက်အလက်များကို တရားဝင် သိရမှာပါ။
 
Digital Times
Read 91 times
Rate this item
(1 Vote)