OnePlus 7 နဲ့ One Plus 7 Pro အတွက် Android Q Beta ထွက်ရှိ

OnePlus 7 နဲ့ One Plus 7 Pro အတွက် Android Q Beta ထွက်ရှိ google.com
OnePlus 7 Pro အတွက် Kernel Source Code ကို မကြာခင်က ဖြန့်ချီပြီးနောက်မှာ OnePlus က OnePlus 7 နဲ့ OnePlus 7 Pro အတွက်
Android Q Beta ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ သူတို့ နှစ်လုံးစလုံးမှာ Android Pie ထည့်သွင်းထားတာပါ။ Stable Android Q ကို ဖြန့်ချီပေးဖို့တော့ လအနည်းငယ် လိုဦးမှာ ဖြစ်ပါတယ်။
 
Beta Version ဖြစ်တဲ့ အတွက် Bugs များ ပါလာဦးမှာ ဖြစ်ပါတယ်။ Beta Version မှာ အောက်ပါ ပြဿနာများကို ဖြေရှင်းပေးထားပါတယ်။
 
Ambient Display အလုပ်မလုပ်ခြင်း။
System ရဲ့ မတည်ငြိမ်မှု ပြဿနာ။
VoLTE ကို ဖွင့်ထားချိန်မှာ SMS ပေးပို့လို့ မရခြင်း။
Navigation Gesture အလုပ်မလုပ်ခြင်း။
Recovery Mode အလုပ်မလုပ်ခြင်း။
Developer Preview ကို Run ထားစဉ်မှာ အချို့ App များက အလုပ်ကောင်းစွာ မလုပ်ခြင်း။
 
Android Q Beta ကို ထည့်သွင်းမယ်ဆိုရင် ဖုန်းမှာ အနည်းဆုံး 3G ကျန်ရှိရမှာ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏဟာလည်း ၃၀ ရာခိုင်နှုန်းနဲ့ အထက်ရှိရမှာ ဖြစ်ပါတယ်။ 
 
Digital Times
Read times
Rate this item
(1 Vote)