Game Streaming ဝန်ဆောင်မှုအသစ် Google Stadia ထွက်ရှိတော့မည်

Game Streaming ဝန်ဆောင်မှုအသစ် Google Stadia ထွက်ရှိတော့မည် google.com
မတ်လတုန်းက Google က Cloud နည်းပညာသုံး Game Streaming ဝန်ဆောင်မှုအသစ်
“Stadia” ကို မိတ်ဆက်ခဲ့ပါတယ်။ အင်တာနက်လိုင်းကောင်းကောင်းရှိရုံနဲ့ ဂိမ်းမျိုးစုံကို Chrome browser ကနေတင် Device မရွေး streaming ဆော့ကစားနိုင်မယ့် အမိုက်စားနည်းပညာဖြစ်ပါတယ်။
 
ဒါပေမယ့် မိတ်ဆက်ပွဲတုန်းက Stadia ရဲ့ ဈေးနှုန်း၊ ထွက်မယ့်ရက်၊ ပါမယ့်ဂိမ်းစတာတွေကို Google ဘက်က အတိအကျ မပြောသွားခဲ့ပါဘူး။ မိတ်ဆက်ပွဲတုန်းက “ဒီနှစ်နှောင်းပိုင်းမှာ” ထုတ်မယ်လို့ပဲ ပြောခဲ့တာ ဖြစ်ပါတယ်။
 
ယခုအခါမှာတော့ Google Stadia ရဲ့ တရားဝင် Twitter စာမျက်နှာမှာ Stadia ပလက်ဖောင်းကို ထုတ်ပေးဖို့ အဆင်သင့်နီးပါး ဖြစ်နေပြီလို့ ကြေညာလိုက်ပါတယ်။ အားလုံးသိချင်နေကြတဲ့ အထက်ပါအချက်သုံးချက်ကိုလည်း မကြာမီသိရတော့မှာပါ။
 
Game Developers တွေအနေနဲ့ Stadia ပလက်ဖောင်းမှာ ဂိမ်းတွေကို စွမ်းဆောင်ရည်နိမ့် Hardware တွေမှာ အဆင်ပြေပြေ ဆော့ကစားနိုင်ဖို့အတွက် Optimize လုပ်စရာမလိုဘဲ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Stadia အတွက် သီးသန့် Wi-Fi လက်ကိုင်ခလုတ်တခုလည်း ထုတ်ပေးထားပြီး၊ Latency အနည်းဆုံးနဲ့ အင်တာနက်တိုက်ရိုက်ချိတ်ဆက်ကစားနိုင်မယ့် လက်ကိုင်ခလုတ် ဖြစ်ပါတယ်။
 
ဂိမ်းနယ်ပယ်အတွင်း Stadia အကြောင်း မေးခွန်းများစွာလည်း ရှိသေးတဲ့အတွက် Google အနေနဲ့ မကြာခင် ကြေညာတဲ့အခါ ဒီမေးခွန်းတွေကိုပါ ဖြေသွားရင် ပိုကောင်းမှာပါ။ လာမယ့် ဂျွန်လ ၁၁ ရက်နေ့ ကျင်းပမယ့် International Gaming Expo “E3” ပွဲအမီ Google ဘက်က သတင်းအချက်အလက်အားလုံး ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)