ဒီပုံကို Andriod ဖုန်း စခရင် မတင်မိစေနဲ့
သင်ကသာ Android ဖုန်းအသုံးပြုသူ တော်တော်များများ မှာ ကြောက်မက်ဖွယ်ရာ နဲ့ အူကြောင်ကြောင်နိုင်တဲ့ ကိစ္စ ရပ်လေးတစ်ခုဖြစ်နေကြောင်း
သိရှိရပါတယ်။အကြောင်းကတော့ ထူးဆန်းတဲ့ ပုံတစ်ပုံကြောင့် ဖြစ်ပြီး အဆိုပါ
ပုံဟာ ရေကန်လေးရယ် ၊ နေဝင်ဆည်းဆာ ရယ်နှင့် တိမ်ခိုဝေဝါးနေတဲ့ တိမ်တိုက်တွေရယ် ၊ စိမ်းပြပြ တောင်ကုန်းတွေရယ် နှင့်
အင်မတန် လှပါ့တဲ့ ရှုမျှော်ခင်းပုံလေးတစ်ပုံပါပဲ သင်ထိုပုံကို သင့်ဖုန်းရဲ့ စခရင် မှာ မတင်မိသ၍ပေါ့။
သင်ကသာ  ထိုပုံကိုသင့်ဖုန်းမှာ တယုတယ နှင့် စခရင် မှာ တင်မိသွားလို့ကတော့ သေချာပါတယ် သင့်ဖုန်း ဟမ်းစက်ကို သင့်အနေနဲ့ လွင့်ပြစ်လိုက်ရပြီသာ မှတ်ထားလိုက်ပါတော့။လတ်တလော မှာ တကယ်ဖြစ်ပျက်နေတဲ့ အရာဖြစ်ပြီး မြှောက်များစွာသော Andriod အသုံးပြုသူတွေဟာ ၎င်း တို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ တင်ထားတာဖြစ်ပါတယ်။နာမည်ကြီး Brands ဖုန်းပိုင်ရှင် တွေတော်တော်များ ခံလိုက်ရပြီး ထိုထဲတွင် Samsung နဲ့ Google's Pixel စတဲ့ ဖုန်းအမျိုး အစားဖုန်းပိုင်ရှင်တွေ ပါခံလိုက်ရတာပါ။
ထိုပုံထဲမှာ သင့်ဖုန်းထဲ မှ လုပ်ငန်းဆောင်တာ ဆောင်ရွက်နေတဲ့ Feature များကို ဖျက်စီးနိုင်တဲ့ နည်းပညာ ဗိုင်းရပ်စ်တစ်မျိုးပါဝင်တယ်လို့ပြောကြပါတယ်။ထိုပုံကို စခရင် မှာ တင်မယ်ဆိုပါစို့ သင့်ဖုန်း လုံး၀ ပိတ်သွားပါလိမ့်မယ်။ထိုစဉ်တစ်ချို့ဖုန်းတွေကျ ဖုန်းတစ်ခုလုံး ရှင်းပြီး factory reset ချရင် ပြန်သုံးလို့ရပါတယ်။တချို့ဖုန်းတွေကတော့ ထိုအချိန်မှာတွင် ဘာမှ ဆက်လုပ်လို့မရနိုင်တော့ပါဘူ ( ဟမ်းတာမျိုးပေါ့ ) ။ဒါက သင့်အနေနဲ့ စမ်းကြည့်သင့်တဲ့ ကိစ္စ မဟုတ်ပါဘူး။
Samsung အနေနဲ့ ထိုပုံကိစ္စ နဲ့ ပတ်သက် ဇွန်လ ၁၁ ရက်နေ့မှာ ပြင်ဆင်မှု့တွေ ပြုလုပ်သွားမယ်သိရပါတယ်။Google အနေနဲ့ကတော့ အခုအချိန်ထိ ထိုအချင်းအရာနှင့် ပတ်သက် ဘာမှ တုန့်ပြန်ခြင်းမရှိသေးပါဘူး။၎င်းပုံကိစ္စ နဲ့ Twitter မှာ Tweet တစ်ခု တတ်လာပြီး ထို Tweet ကို ပြန်လည် Retweet လုပ်သူများနှင့် အောက်ထဲတွင် ၎င်းတို့ အနေနဲ့ အဆိုပါပုံကို ပြောင်းမိလို့ ဖုန်းပျက်စီးခဲ့ကြောင်း ရေးသားထားတာတွေများပြားစွာတွေ့ရပါတယ်။
Android အာဏာပိုင်အဖွဲ့မှ နည်းပညာ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Bogdan Petrovan ပြောကြားချက်ကတော့ ထိုပိုးက သူ့ရဲ့ Huawei 20 Pro ကိုတော့ မထိ ပါဘူး သို့ပေမည့် Google Pixel 2 ကိုတော့ Function ပိုင်းဆိုင်ရာမှာ ထိတယ်ပြောခဲ့ပါတယ်။
image that confuses phones
ထို့အပြင် Bogdan Petrovan ထောက်ခံပြောကြားခဲ့သည်က ထိုပုံကို စကရင်တွင် ဖုန်းမျက်နှာပြင် ပုံအဖြစ်တင်တဲ့ အချိန် တင်မည် အတည်ပြုလိုက်ပါက ထိုဖုန်းဟာ ချက်ချင်းဆိုသလို ပျက်ကြသွားပါတယ်။ပါဝါ ပိတ်ရင် ပိတ်မယ် ၊ ထိုနေရာ တစ်ခုထဲမှာ ဟမ်းရင် ဟမ်းနေမယ် သို့ပေမယ့် ဘာမှတော့ ဆက်လုပ်လို့မရတော့ဘူးပေါ့ ထိုအချိန် Restart ချလည်း ချမရတော့ပါ။
ဖုန်းအမျိုးအစားတော်တော်များများကို ထို ဗိုင်းရပ်စ်က သက်ရောက်မှု့ရှိပေမယ့် Android ရဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Android 10 မှာတော့ ဘာမှ ဖြစ်ပွားခြင်း မရှိပါဘူး။ယခုဆိုရင် ကိုဗစ်ကိစ္စတွေရော George Floyd ကိစ္စ တွေရောကြောင့် ဆူပူအုံကြွနေတာမို့ ယခု အပတ်ထဲမှာ စတင်ထွက်ရှိမိတ်ဆက်မဲ့ Android 11 ကိုလောလောဆည် ခေတ္တ မိတ်ဆက်ဖို့ရပ်နားထားတယ်သိရပါတယ်။
အခုအချိန်မှာ ဆော့ဝဲလ်တီထွင်သူဖြစ်တဲ့ Dylan Roussel အနေနဲ့ အဆိုပါ ပုံရှိ ဗိုင်းရပ်က ဖုန်းတွေကို အန္တရာယ်ဘယ်လို ပေးနေတယ် နဲ့ ဘာကြောင့်ဆိုတာကို အခုထိ အဖြေ ရှာ မရပါဘူး ဆိုကာ 9to5Google ဒဿန မှာ အတည်ပြုရေးသားထားတာတွေ့ရပါတယ်။
နည်းပညာ လုံခြုံရေးအသင်းဖြစ်တဲ့ Pen Test မှ နည်းပညာ လုံခြုံရေးသမား Ken Munro နဲ့ Dave Lodge ပြောကြားချက်ကတော့ အဆိုပါ ဒီဂျစ်တယ်ပုံမှာ ကာလာနေရာ အကွက်တွေပါပါတယ် ထိုအခြင်းအရာတွေက ပုံမှန်မဟုတ်ပါဘူး သင်တွေ့နိုင်တာ ထိုပုံဟာ Standard RGB format မဟုတ်ပါဘူး ဒီကတည်းက စဉ်းစားစရာပါ။
ဒါကြောင့် တစ်ချို့ဖုန်းတွေပျက်စီးကုန်တယ်ဆိုတာ သူတို့မသိတဲ့ အရာတစ်ခု ၎င်းတို့ကို ထည့်သွင်းလိုက်တဲ့ အတွက် ဖုန်းပျက်စီးသည်အထိ ဖြစ်ကုန်တာပါ ကျန်တဲ့ ကိစ္စ အချင်းအရာတော့တိကျစွာ မသိရသေးပါဘူး။
<<< Zawgyi >>>
-------------------------------------------------
Ref : BBC 
Read times
Rate this item
(0 votes)