Redmi ရဲ့ ပထမဆုံး Flagship ဖုန်း Redmi K20 Pro ကို မိတ်ဆက်

Redmi ရဲ့ ပထမဆုံး Flagship ဖုန်း Redmi K20 Pro ကို မိတ်ဆက် google.com
Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi က Redmi K20 နဲ့ Redmi K20 Pro ဖုန်းနှစ်မျိုးကို ယနေ့ မိတ်ဆက်သွားခဲ့ပါတယ်။
ဒီမော်ဒယ်နှစ်ခုထဲမှာ Redmi K20 Pro က Redmi အမှတ်တံဆိပ်ရဲ့ ပထမဆုံး Flagship ဖုန်းလည်း ဖြစ်ပါတယ်။
 
Redmi K20 နဲ့ K20 Pro တို့မှာ တူညီတဲ့အချက်တွေကတော့ 48MP ကင်မရာ၊ OLED Panels နဲ့ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာနဲ့ ကိုယ်ထည်အတွင်းက ထွက်လာမယ့် မော်တာတပ် Pop-up ကင်မရာတို့ ဖြစ်ပါတယ်။ Redmi K20 မှာ Snapdragon 730 သုံးပေးထားပြီး၊ K20 Pro မှာတော့ Flagship ဖုန်းဆိုတဲ့အတိုင်း Snapdragon 855 သုံးပေးထားတာ တွေ့ရပါတယ်။
 
Redmi K20 Pro မှာ 6.39-inch ရှိတဲ့ FHD+ OLED Display ပါရှိပြီး၊ ရှေ့ကင်မရာကို Pop-up ဒီဇိုင်းအသုံးပြုထားတာကြောင့် လုံးဝ မျက်နှာပြင်အပြည့်ဖြစ်နေမှာပါ။ 6GB နဲ့ 8GB RAM နှစ်မျိုး ရွေးနိုင်သလို၊ Storage ကိုလည်း 64GB,128GB နဲ့ 256GB ဆိုပြီး ထပ်မံ ရွေးချယ်နိုင်ပါတယ်။
 
ကျောကင်မရာ သုံးလုံးပါဝင်ပြီး၊ Sony IMX586 ဆန်ဆာသုံး 48MP main camera၊ Ultra-wide-angle lens နဲ့ 13MP ဒုတိယကင်မရာနဲ့ 8MP telephoto ကင်မရာတို့ ဖြစ်ပါတယ်။ slow-mo ဗီဒီယိုကို 960fps နဲ့ ရိုက်ကူးနိုင်မှာပါ။ ရှေ့က မော်တာတပ် Selfie ကင်မရာကတော့ 20MP sensor ဖြစ်ပါတယ်။ ကင်မရာမှာ AI လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။
 
Redmi K20 Pro မှာ Flagship ဖုန်းတော်တော်များများမှာလိုပဲ 4,000mAh ဘက်ထရီကို အသုံးပြုပေးထားပါတယ်။ Xiaomi Mi 9 နဲ့ Black Shark 2 ဖုန်းတွေမှာ ပါဝင်တဲ့ 27W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ မိနစ် ၃၀ အတွင်း ၅၈ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ကာ၊ အားအပြည့်သွင်းဖို့ ၇၄ မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။
 
Redmi K20 ဖုန်းနှစ်ခုလုံးမှာ Game Turbo 2.0 စနစ်နဲ့ ပါဝင်မှာဖြစ်ပြီး၊ ဂိမ်းကစားတဲ့အခါ အကောင်းဆုံး ကွန်ရက်ချိတ်ဆက်မှုနဲ့ Lag ခြင်း လုံးဝမရှိစေဖို့အတွက် Wi-Fi နဲ့ 4G ကွန်ရက်ကို အလိုအလျောက်ပေးလဲပေးနိုင်တဲ့ Mode လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Redmi K20 ကတော့ ဈေးကွက်ထဲမှာ Snapdragon 730 သုံးထားတဲ့ ဒုတိယမြောက်ဖုန်း ဖြစ်ပါတယ်။ Pro ဗားရှင်းနဲ့ Display၊ ကင်မရာတွေ တူညီပါတယ်။ ကျောကင်မရာမှာ main camera က 48MP ပဲ ဖြစ်ပေမယ့် Sony IMX582 ဆန်ဆာ ဖြစ်သွားပါတယ်။ ဘက်ထရီပမာဏလည်း တူပေမယ့်၊ အားအမြန်သွင်းစနစ်ကတော့ 18W ဖြစ်သွားပါတယ်။
 
Redmi K20 စီးရီးနဲ့ အနီနဲ့ အပြာ နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။ K20 ရဲ့ ဈေးနှုန်းကတော့ 6/64GB မော်ဒယ်ကို ၁,၉၉၉ ယွမ် (၂၉၀ ဒေါ်လာခန့်) နဲ့ 6/128GB မော်ဒယ်ကို ၂,၀၉၉ ယွမ် (၃၀၀ ဒေါ်လာခန့်) ဖြစ်ပါတယ်။
 
Redmi K20 Pro ကို RAM နဲ့ Storage မတူတဲ့ ဗားရှင်းလေးခုအပြင် Avengers Edition လည်း ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Limited Edition ရဲ့ ဈေးနှုန်းနဲ့ ထွက်မယ့် ရက်တွေတော့ မသိရသေးပါဘူး။ Redmi K20 Pro ဗားရှင်းလေးမျိုးရဲ့ ဈေးနှုန်းတွကတော့ 6/64GB ကို ၃၆၀ ဒေါ်လာ၊ 6/128GB ကို ၃၇၇ ဒေါ်လာ၊ 8/128GB ကို ၄၀၅ ဒေါ်လာ၊ 8/256GB ကို ၄၃၄ ဒေါ်လာခန့် အသီးသီး သတ်မှတ်ထားပါတယ်။
 
ဂိမ်မာတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဒီဖုန်းမှာ တပ်ကစားနိုင်တဲ့ လက်ကိုင်ခလုတ်တခုကိုလည်း ၁၇၉ ယွမ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဂျွန်လ ၁ ရက်နေ့မှာ Flash sale နဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)