Kirin 985, HongMeng OS နဲ့ ထုတ်လုပ်မယ့် Huawei Mate 30 Series

Kirin 985, HongMeng OS နဲ့ ထုတ်လုပ်မယ့် Huawei Mate 30 Series google.com
Google က Huawei ကို နောက်အသစ်ထုတ်မယ့် Huawei နဲ့ Honor ဖုန်းတွေမှာ Android services တွေ
ပိတ်လိုက်တာကြောင့် နောက်အသစ်ထွက်မယ့် Mate 30 Series ကို ဘယ်လိုလုပ်မလဲ တွေးမိကြမှာပါ။ အခုနောက်ဆုံးရရှိတဲ့သတင်းအရ Huawei ဟာ Mate 30 ကို သတ်မှတ်ထားတဲ့အချိန်အတွင်း ရအောင် မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Huawei ဟာ Mate 30 စီးရီးကို အရင် မိတ်ဆက်နေကြ အောက်တိုဘာလမှာ မဟုတ်ဘဲ စက်တင်ဘာ ၂၂ ဝန်းကျင်လောက်မှာ အနည်းငယ်စောပြီး မိတ်ဆက်မယ်လို့ Teme ဆိုတဲ့ tipster တဦးက သတင်းပေးထားပါတယ်။ ဒီဖုန်းမှာ အခုတရားဝင် မိတ်ဆက်မပေးရသေးတဲ့ HongMeng OS ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ တရုတ်ဈေးကွက်အတွက် မိတ်ဆက်မယ့် အလုံးတွေမှာ HongMeng OS ပါလာမှာဖြစ်ပြီး၊ နိုင်ငံတကာဈေးကွက်ဝင် Global အလုံးတွေမှာတော့ ဘာ OS သုံးမလဲ မသေချာသေးပါဘူး။ မကြာသေးခင်က မှတ်ပုံတင်ထားတဲ့ ArkOS နဲ့ ဖြစ်နိုင်ပါတယ်။
 
Huawei ဟာ HongMeng ကိုယ်ပိုင် OS ကို တရုတ်နိုင်ငံမှာ နောက်လထဲ ထုတ်ပေးမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
 
Mate 30 Series မှာ ကိုယ်တိုင်ထုတ်ထားတဲ့ Kirin 985 Chipset အသစ်လည်း ပါဝင်လာမှာဖြစ်ပြီး၊ Balong 5000 modem နဲ့ ဖြစ်တာကြောင့် 5G လည်း အဆင်သင့် အသုံးပြုနိုင်မှာပါ။
 
Digital Times
Read times
Rate this item
(1 Vote)