အများကြီး ပြောင်းလဲပစ်တော့မယ့် Google Photos

ဓာတ်ပုံတွေကို အလိုအလျောက် အကန့်အသတ်မရှိ သိမ်းပေးနေတဲ့ Google Photos က ဒီဇိုင်းအပြောင်းအလဲတွေ လုပ်နေတယ်။

ရိုးရိုးရှင်းရှင်း  three-tab interface ကို သုံးထားတယ်။ မြေပုံအတွက် map view ကိုလည်း ထည့်ပေးထားတယ်။  Google  ရဲ့ ပင်တိုင်အရောင်တွေ ခြယ်ပေးထားတဲ့ ဒလက်တွေနဲ့ လေစကြာ လိုဂိုကိုလည်း ပြောင်းလဲထားတယ်။

ထိပ်ချွန် ဒလက် ၄ခု အစား အဝိုက်ဒလက်တွေအဖြစ် ပြောင်းလဲလိုက်တယ်။

 

 လောလောဆယ် မျက်နှာသွင်ပြင်အတွက် ပုံအလှုပ် GIF ဖိုင် ၂ ခု ထွက်ပေါ်တယ်။ ပြင်ဆင်ချက်တွေ အပြီး မသတ်သေးတာမို့ လာမယ့်သီတင်းပတ်တွေမှာ ဖုန်းတွေထဲကို မူသစ် ရောက်လာတဲ့အခါ အခု ဖော်ပြထားတဲ့ ပုံတွေနဲ့ ကွဲလွဲမှု ရှိကောင်းရှိနိုင်ပါတယ်။ Android နဲ့ iOS  ၂မျိုးစလုံးဆီကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။ 

 

 

ယာထိပ်ဒေါင့်မှာ ခလုတ်သုံးခု ပါတယ်။ ရိုးရှင်းပါတယ်။ ဓာတ်ပုံကဏ္ဍမှာ ဓာတ်ပုံတွေ ဗီဒီယိုတွေကို အချိန်ကာလအရ အစဉ်လိုက် တန်းစီပြီး ပြပေးထားတယ်။ နောက်ဆုံးရတဲ့ ဓာတ်ပုံက အရင်ဆုံး လာတယ်။ အဲဒီလို ပြသတာမှာ အခုပြသနေပုံထက် အကွက် ပိုကြီးတယ်။ ဗီဒီယိုတွေ ရပ်မနေဘူး၊ ပြသနေမယ်။ 

"For you" tab က Memories section ထဲကို နေရာရွှေ့ထားတယ်။

 

 

ဓာတ်ပုံတွေကို ဓာတ်ပုံရိုက်တဲ့နေရာရဲ့ တည်နေရာအချက်အလက် location data တစ်ပါးတည်း မှတ်သားပေးထားမယ်ဆိုရင် သိမ်းဆည်းထားတဲ့ အဲဒီဓာတ်ပုံတွေကို တည်နေရာပြ မြေပုံနဲ့တကွ ကြည့်လို့ရမယ်။

ဘယ်နေရာမျိုးမှာ အသုံးတည့်မလဲ။ နမူနာ တစ်ခုက

ဆိုင်တစ်ဆိုင်ကို သွားတယ်။ အဲဒီဆိုင်ကို တည်နေရာအချက်အလက်နဲ့  ဓာတ်ပုံကို ဖုန်းမှာပါတဲ့ ကင်မရာနဲ့ ရိုက်ပြီး Google Photos မှာ သိမ်းထားလိုက်မယ်။ နောက်တစ်ကြိမ် သွားဖို့ လိပ်စာ မမှတ်မိရင် ပုံကို ထောက်ကြည့်ပြီး မြေပုံအညွှန်း ယူလို့ရတယ်။ အဲဒီ ဓာတ်ပုံကို လှမ်းပို့ပေးပြီးတော့ဖြစ်ဖြစ်၊ ရှယ်ပြီးတော့ဖြစ်ဖြစ် တခြားသူတစ်ဦးကို ဆိုင်လိပ်စာ လမ်းပြပေးလို့ ရမယ်။ 

 

 

Albums tab မပါတော့ဘူး။ Library tab ထဲမှာ ဝင်ပြီး လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။  folders တွေ  albums တွေ ရှာဖို့ လုပ်ပေးထားပါတယ်။ 

Sharing tab လည်း မပါတော့ဘူး။ ရှယ်တဲ့ကိစ္စအတွက် ဝဲဘက်ထိပ်ထောင့်မှာ ရှိနေတဲ့ "conversation"  ခလုတ်ကို သုံးပြီး ရှယ်ရမယ်လို့ ဆိုတယ်။ 

 

 

သုံးစွဲသူ ၁ ဘီလျံဆီကို လေထဲကနေ ရောက်လာတော့မှာ ဖြစ်ပါတယ်။

 

Source:  Google

Play Store မှ ယူရန် ထိပါ

Read times
Rate this item
(1 Vote)