စတင်ရောင်းချပြီး ၂ပတ်အတွင်း အလုံးရေအားလုံး ရောင်းကုန်သွားခဲ့သည့် OPPO Reno 10x Zoom

စတင်ရောင်းချပြီး ၂ပတ်အတွင်း အလုံးရေအားလုံး ရောင်းကုန်သွားခဲ့သည့် OPPO Reno 10x Zoom google.com
ဖက်ရှင်ကျလှပသော စမတ်ဖုန်းများသာမက စွမ်းဆောင်ရည်ကောင်းမွန်သော စမတ်ဖုန်းများကို မိတ်ဆက်ပေးလျက်ရှိသော OPPO ၏ flagship စမတ်ဖုန်းတစ်မျိုးဖြစ်သည့်
 
OPPO Reno 10x Zoom သည် စမတ်ဖုန်းချစ်သူများ၏ စိတ်ဝင်စားမှုကို အထူးရရှိခဲ့ပြီးနောက် ယခုအခါတွင် စမတ်ဖုန်းအားလုံးရောင်းကုန်သွားခဲ့ပြီဖြစ်ကြောင်း OPPO Myanmar မှအသိပေးအပ်ပါသည်။ ဆယ်ဆထိချဲ့နိုင်သော  10x Hybrid Zoom၊ အဆ ၆၀ထိချဲ့နိုင်သော 60x Digital Zoom နှင့်အတူ Supercar Door Design ကို inspiration ယူထားသော ကမ္ဘာ့ပထမဆုံး Pivot Rising Camera ပါဝင်သည့် OPPO Reno 10x Zoom ကို ဇွန်လ (၂၂) ရက်နေ့က မြန်မာငွေ (၁,၁၉၉,၉၀၀) ကျပ်ဖြင့် စတင်ရောင်းချပေးခဲ့ပြီး ၂ပတ်အတွင်း အလုံးရေအားလုံး ရောင်းကုန်သွားခဲ့ခြင်း ဖြစ်ပါသည်။
 
 Green-min.jpg
 
ဆန်းသစ်သော ဒီဇိုင်းများဖြင့် ဖန်တီးထားသော OPPO Find series နှင့် Reno series တို့ကို မြန်မာနိုင်ငံအတွင်းရှိ Premium ဆန်သော ခံစားချက်ကို လိုချင်သည့်အသုံးပြုသူများအတွက် စတင်မိတ်ဆက်ပေးခဲ့ပြီး OPPO Find X သည်လည်း ပထမဆုံးရောင်းချသည့်အပတ်အတွင်း ရောင်းကုန်သွားသကဲ့သို့ OPPO Reno 10x Zoom သည်လည်း  ရောင်းကုန်သွားသည်အထိ အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ OPPO ၏ flagship စမတ်ဖုန်းများဖြစ်သော  Find X နှင့် Reno 10x Zoom ကဲ့သို့ စမတ်ဖုန်းများအားလုံး ရောင်းကုန်သွားခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ စမတ်ဖုန်းချစ်သူများ၏ ဖန်တီးမှုအားကောင်းသော Premium ဆန်သည့်ခံစားချက်ကို ပေးစွမ်းသည့် OPPO စမတ်ဖုန်းများအပေါ် အထူးနှစ်ခြိုက်မှုကို သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။ Find X နှင့် OPPO Reno 10x Zoom ကဲ့သို့ စွမ်းဆောင်ရည်ကောင်းမွန်ရုံသာမက Premium ဆန်သည့် စမတ်ဖုန်းများကို မိတ်ဆက်ပေးခြင်းဖြင့် OPPO သည် Premium brand တစ်ခုအဖြစ် ဦးတည်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။
  
 Black-min.jpg
 
စွဲမက်ဖွယ်ရာအရောင် ဖြစ်သည့် Ocean Green အရောင် နှင့် Jet Black အရောင်တို့ဖြင့် ဖန်တီးထားသော OPPO Reno 10x Zoom တွင် ၁၀ဆအထိချဲ့နိုင်သော 10x Hybrid Zoom၊ အဆ ၆၀အထိချဲ့နိုင်သော 60x Digital Zoom၊ 120° Ultra-Wide Angle Camera၊ လုပ်ဆောင်ချက်ပိုမိုမြန်ဆန်စေမည့် Snapdragon 855 professor အပြင် စမတ်ဖုန်းလောကတွင် ထူးခြားသော selfie camera တည်ဆောက်ပုံဖြစ်သည့် Pivot Rising Camera ပါဝင်ထားကြောင့် အသုံးပြုများ၏ စိတ်ဝင်စားမှုကို အထူးရရှိခဲ့သည့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါသည်။
 
OPPO Reno series မိတ်ဆက်ပွဲကို ဇွန်လ (၁၃) ရက်နေ့က Radio Bar တွင်ကျင်းပပေးခဲ့ပြီး ထိုမိတ်ဆက်ပွဲတွင် OPPO Reno နှင့် Reno 10x Zoom ဟူ၍ စမတ်ဖုန်းနှစ်မျိုးကို OPPO Reno series အဖြစ် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ OPPO Reno 10x Zoom နှင့်အတူ မိတ်ဆက်ပေးခဲ့သော ကမ္ဘာ့ပထမဆုံး Pivot Rising Camera ပါဝင်သည့် OPPO Reno ကို မြန်မာငွေ (၆၉၉,၉၀၀) ကျပ်ဖြင့် OPPO ဖုန်းအရောင်းကောင်တာများနှင့် ဖုန်းအရောင်းဆိုင်များတွင် ဆက်လက်ဝယ်ယူရရှိနိုင်ဦးမည် ဖြစ်ပါသည်။
 
Read times
Rate this item
(1 Vote)