အလုံးရေ ၁၅ သန်းကျော်ကို ၆လအတွင်းရောင်းချနိုင်ခဲ့တဲ့ Note 7 Series များ

အလုံးရေ ၁၅ သန်းကျော်ကို ၆လအတွင်းရောင်းချနိုင်ခဲ့တဲ့ Note 7 Series များ google.com
Redmi Note 7 စီးရီးမှာ Redmi Note7, Redmi Note 7S နဲ့ Redmi Note 7 Pro ဆိုပြီး လောလောဆည် မော်ဒယ်သုံးခုရှိပါတယ်။
ရှေ့မော်ဒယ်နှစ်ခုက သိပ်ကွာခြားမှုမရှိဘဲ ရရှိနိုင်မယ့်ဈေးကွက်နဲ့ Storage options ကွာတာတွေတော့ ရှိပါတယ်။ Redmi Note 7 Pro က အမြင့်ဆုံးမော်ဒယ်ဖြစ်ပြီး၊ ပိုမိုကောင်းမွန်တဲ့ Chipset၊ Sony IMX586 ဆန်ဆာသုံး 48MP ကင်မရာတို့ ပါဝင်ပါတယ်။
 
Redmi Note 7 စီးရီးကို တကမ္ဘာလုံးမှာ အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ မေလက ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ၁၂၉ ရက်အတွင်း ၁၀ သန်းကျော် ရောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ Xiaomi ပူးတွဲတည်ထောင်သူဖြစ်တဲ့ Lei Jun က ဒီသတင်းကောင်းကို Weibo မှာ တင်ခဲ့တာဖြစ်ပြီး၊ Xiaomi နဲ့ Redmi က အဓိကအမှုဆောင်အရာရှိချုပ်အားလုံးနဲ့ ဂုဏ်ပြုကိတ်ခွဲနေတဲ့ပုံတွေကိုပါ တင်ပေးခဲ့ပါတယ်။ Jun က ဒီအောင်မြင်မှုဟာ “အရည်အသွေးမြင့်မားမှုနဲ့ ပေးရတဲ့ငွေနဲ့ ထိုက်တန်မှု စတဲ့ Xiaomi ရဲ့ စံတန်ဖိုးတွေကို ထိန်းသိမ်းထားနိုင်မှု ရဲ့ သက်သေဖြစ်ပါတယ်။ “ လို့ ဆိုပါတယ်။
 
အခုလည်း ကုမ္ပဏီက ၆ လအတွင်းမှာ ကမ္ဘာအ၀န်းတွင် Redmi Note 7 Phone များ ၁၅ သန်းကျော် ရောင်းချရတယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက တွစ်တာမှာ ကြေညာလိုက်တာ ဖြစ်ပြီး ပို့စ်မှာ “ အံ့အားသင့်စရာ ကောင်းပါတယ်။ နောက်ထပ် စံချိန်တစ်ခု တင်နိုင်ခဲ့ပါပြီ။ ၆ လအတွင်းမှာ ကမ္ဘာအ၀န်းတွင် Redmi Note 7 Phone များ ၁၅ သန်းကျော် ရောင်းချရပါတယ်။ အရမ်းအားပေးတဲ့ Mi Fans များ မပါဘဲ ကျွန်တော်တို့ ဒီလို ရောင်းအား ကောင်းနိုင်မှာ မဟုတ်ပါဘူး။ “ လို့ ရေးသားထားပါတယ်။
 
Digital Times 
Read times
Rate this item
(1 Vote)