စိတ်ဝင်စားမှု ရေချိန်မြင့်မားနေတဲ့ Mi A3

Mi က Android One ကို စတင်ခဲ့တော့ Mi A1 ဆိုပြီး အမည်ပေးခဲ့တယ်။ 

Android one ဆိုတာကတော့ အများသိပြီး ဖြစ်တဲ့အတိုင်း Google က ထုတ်လုပ်ပေးလိုက်တဲ့ Android operating system ဖြင့် လုပ်ကိုင်ရတဲ့ ဖုန်း ဖြစ်ပြီး ထုတ်လုပ်တဲ့ ဖုန်းကုမ္ပဏီမှ ပြုပြင်မွမ်းမံခွင့် မရှိတဲ့အတွက် Google ရဲ့ ဖုန်း ပရိသတ်တွေြိကုက်ကြတယ်။ ဘာလို့လဲဆိုတော့ Google မှ ပုံမှန် တစ်လတစ်ြိကမ် ထုတ်ဝေဖြန့်ဖြူးတဲ့ security updates တွေကို သုံးနှစ်တိုင်တိုင် ပေးဖို့ Google  က အာမခံထားတဲ့အပြင် operating system ကို update လုပ်ပေးတာကိုလည်း ၂ နှစ်တိုင်တိုင် ပေးမယ်လို့ အာမခံချက် ထားရှိတယ်။ 

 

Mi က  Android One နဲ့ နောက်ထပ်ဖုန်းတစ်မျိုး ထုတ်လုပ်တော့ Mi A2 ဆိုပြီး အမည်ပေးခဲ့တယ်။ အခု တတိယမြောက်ကို Mi A3 ဆိုပြီး အမည်ပေးတယ်။

Gsmarena မှာ ဖော်ပြထားတဲ့ ဆောင်းပါးအရ သိရတာတွေက ရှေ့ စခရင်မှာ ထိပ်ချိုင့် notch (ချိုထောင်လို့လည်း ပြောကြတယ်) ပါတယ်။ ကျောဘက်ကို ကြည့်လိုက်ရင် ကင်မရာ သုံးလုံးကို ထက်အောက် ထောင်လိုက်စီထားတယ်။ ဖုန်းရဲ့ ၀ဲဘက်အပေါ်ထောင့်နားမှာ ဖြစ်ပါတယ်။ လိုဂိုကိုတော့ အောက် ယာဘက်ထောင့်မှာ ဖော်ပြထားတာ တွေ့ရတယ်။ Android One အမည်နာမနဲ့တကွ ဖော်ပြထားတယ်။

 

ဘူးထဲမှာ လှဲလျောင်းနေတဲ့ Mi A3 ရဲ့ စခရင်အကာ အကြည်ပြားမှာ ဖုန်းရဲ့ အရည်အသွေး အချက်အလက်တွေ ကောက်နုတ်ဖော်ပြထားတယ်။ 48MP AI ကင်မရာသုံးလုံးပါတယ်။ Ultra Wide Angle ဖြစ်ပါတယ်။ ရှေ့ဖက်မှာ ပါတဲ့ selfie ကင်မရာကတော့ 32MP ဖြစ်ပါတယ်။ 

ဘက်ထရီက 4030mAh ဖြစ်ပါတယ်။ UD fingerprint scanner လက်ဗွေဖတ်ပေးတာ ပါတယ်။ Snapdragon 730 သုံးထားတယ်လို့ ခန့်မှန်းရေးသားချက်တွေ ရှိခဲ့ပေမဲ့ တကယ်က Snapdragon 665 SoC ဖြစ်ပါတယ်။ 

 

Display က 6.08" AMOLED ဖြစ်ပါတယ်။ global version ကိုသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

Mi CC9e နဲ့ ဆင်ဆင်တူ ဖြစ်ပေမဲ့ 

 

CC9e က HD+ display ဖြစ်ပြီး Mi A3 မှာတော့ Mi A2 တုန်းကလိုပဲ FHD+ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ A3 ရဲ့ display မှာ resolution က A2 ထက် သာရင်သာ၊ မသာခဲ့ရင် တန်းတူတော့ ဖြစ်နေဖို့ လိုတာကြောင့် ဖြစ်ပါလိမ့်မယ်။

Read times
Rate this item
(0 votes)