iPhone 6 တစ်လုံးပေါက်ကွဲမှုကို Apple စစ်ဆေးနေ

iPhone 6 တစ်လုံးပေါက်ကွဲမှုကို Apple စစ်ဆေးနေ google.com
ကယ်လီဖိုးနီးယားမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ဟာ iPhone 6 ကို သုံးနေချိန်မှာ လက်ထဲမှာ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
Apple က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ကံကောင်းတာက မိန်းကလေးငယ်ဟာ ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။ မိန်းကလေးငယ်ရဲ့ အမည်က Kayla Ramos ဖြစ်ပြီး ဖုန်းမီးလောင်ချိန်မှာ သူမဟာ ဖုန်းကို အိပ်ယာပေါ် ပစ်ချခဲ့ပါတယ်။ မွေ့ယာကတော့ အပေါက် ဖြစ်သွားခဲ့ပါတယ်။
 
သူမရဲ့ မိခင် Maria Adata က “ ကလေး ဘာမှမဖြစ်လို့ ၀မ်းသာရပါတယ်။ မီးလောင်မှုကြောင့် ကလေး တစ်ခုခု ဖြစ်သွားနိုင်ပါတယ်။ ဘေးနားမှာ ဖုန်းထားပြီး ကျွန်မ မအိပ်ရဲတော့ပါဘူး။ အားသွင်းလွန်သွားလို့ ဒီလို ဖြစ်သွားတာလို့ ထင်ပါတယ်။ “ လို့ ပြောပါတယ်။ Apple က “ အပူလွန်ကဲပြီး မီးလောင်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် မဟုတ်တဲ့ အားသွင်းစက်များကို သုံးခြင်း၊ ကုမ္ပဏီရဲ့ တရားဝင် မဟုတ်တဲ့ ပြင်ဆိုင်များမှာ ပြင်ခြင်းနဲ့ ဖုန်းကို ထိခိုက်မှု တစ်ခုခု ဖြစ်ခြင်းများ ပါဝင်ပါတယ်။ “ လို့ Adata ကို ရှင်းပြပါတယ်။
 
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် စမတ်ဖုန်းများ မီးလောင်မှုဟာ အနည်းစုလို့ ပြောနိုင်ပါတယ်။ လစ်သီယမ်အိုင်းယွန်း ဘက်ထရီများဟာ အခန့်မသင့်ရင် မီးလောင်တတ်ကြပါတယ်။ အိုင်ဖုန်းများ မီးလောင်မှုများလည်း အရင်က ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ iPhone X ဟာ iOS 12.1 ကို တင်ပြီးချိန်မှာ မီးလောင်သွားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လူတစ်ယောက်ရဲ့ အိတ်ကပ်ထဲမှ iPhone XS Max ဟာ မီးလောင်သွားခဲ့ပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)