ဒုတိယမြောက် 5G ဖုန်းကို စတင်ရောင်းချပေးတော့မယ့် Xiaomi

ဒုတိယမြောက် 5G ဖုန်းကို စတင်ရောင်းချပေးတော့မယ့် Xiaomi google.com
Xiaomi ရဲ့ဒုတိယမြောက် 5G ဖုန်းကို စက်တင်ဘာလမှာ စတင်ရောင်းချတော့မယ်လို့ ကုမ္ပဏီရဲ့ စီအီးအို လီဂျန်ကပြောပါတယ်။
Mi Mix 3 5G ဖုန်းကို ဒီနှစ်အစောပိုင်းမှာရောင်းချပေးထားတာဖြစ်ပြီတော့ အခု ဒုတိယမြောက်ရောင်းချပေးမယ့် ဖုန်းကတော့ Mi Mix 4 ဖြစ်နိုင်တယ်လို့ တရုတ်မှာကျင်းပတဲ့ နည်းပညာဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
 
Xiaomi ရဲ့ ထုတ်ကုန် ဒါရိုက်တာ ဝမ်တန်က Mi Mix 4 ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ မကြာခင်ကလည်း Mi Mix 4 ရဲ့ ကြိုးမဲ့ အားသွင်းစနစ်ကို စောင့်ကြည့်သင့်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအတွက် Mi Mix 4 မှာ Mi Mix 3 ထက် ပိုကောင်းတဲ့ Wireless Charging ပါလာနိုင်ပါတယ်။ Mi Mix 4 နဲ့ အတူ Mi Mix 4 5G ကိုပါ ကြေညာနိုင်ပါတယ်။
 
 
မကြာခင်က တရုတ်ကထွက်လာတဲ့ သတင်းအရ Xiaomi Mi Mix 4 မှာ 2.96GHz Snapdragon 855+ ပါမယ်လို့ သိရပါတယ်။ ဒါ့အပြင် 12GB RAM ,1TB Storage တွေပါလာမှာပါ။ 30W Fast Charge ပါတဲ့ 4,500mAh Batteyr ထည့်ထားမှာပါ။ Wireless Reverse Charging ပါတဲ့ ပထမဆုံး Mi Mix Phone ပါ။ အနောက်ကင်မရာ ၄ လုံးမှာ 108MP Main , 16MP Super-wide , 12MP နဲ့ Periscope Zoom Lens တွေ ဖြစ်ပါတယ်။ တောက်ပြောင်တဲ့ ကိုယ်ထည်ကို ဖန်တီးထားမှာပါ။
 
ဒါ့အပြင် မျက်နှာပြင်ရဲ့ ဘယ်နေရာကနေ မဆို လက်ဗွေရာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ Under-display Fingerprint Sensor ပါလာနိုင်ပါတယ်။ စကရင်အောက်မှာ အရှေ့ကင်မရာကို မြုပ်နှံထားနိုင်ပါတယ်။
 
 
Digital Times
Read times
Rate this item
(2 votes)