၂၀၂၀ မှာခေတ်စားလာမယ့် ဈေးသက်သာတဲ့ Wireless Earphone တွေအကြောင်း တစေ့တစောင်း

၂၀၂၀ မှာခေတ်စားလာမယ့် ဈေးသက်သာတဲ့ Wireless Earphone တွေအကြောင်း တစေ့တစောင်း google.com
“Save Money and cut the cord” လို့ဆိုတဲ့အတိုင်းဘဲ ကျွန်တော် ၂၀၂၀မှာ ဈေးသက်သာပြီး Trend ဖြစ်နေတဲ့ wireless earphone အကြောင်းတွေကို ကျွန်တော် ရှာတွေ့သလောက်ဖော်ပြပေးချင်ပါတယ်။
 
Wireless Earphone တွေဟာ သီချင်းနားထောင်တဲ့နေရာမှာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလို့ ကျွန်တော်တော့မြင်တယ်။ လမ်းမှာဘဲ သီချင်းနားထောင်မလား၊ Gym မှာဘဲ ကစားရင်း နားထောင်မလား၊ မနက်ခင်းရဲ့အရသာကို ခံစားပြီး ပြေးရင်း နားထောင်မလား၊ အရင်လိုကြိုးနဲ့မဟုတ်တော့တဲ့အခါကြတော့ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေမှာ အဟန့် အတားမနိုင်တော့ဘူးပေါ့။ 
 
ကံကောင်းတာတစ်ခုကတော့ အရင်လို ဈေးကြီးပေးဝယ်ရတာမျိုးမဟုတ်တော့ဘဲ ဈေးသက်သာရတဲ့ earphones တွေမှာပါ functions အစုံပါလာတော့တာပါဘဲ။ ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ list လုပ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။ 
 
Skullcandy Ink’d Wireless Earbuds 
 
အကြည့်နဲ့တင် ကြည့်မယ်ဆိုရင် Skullcandy eaephone ဟာ premium မဆန်ပါဘူး။ သို့သော် တကယ်ကို အသုံးပြုကြည့်တဲ့အခါကြရင် အသံ အားကောင်းမှုနဲ့ earphone ရဲ့ အလေးချိန်ဟာဆိုရင် သုံးရတဲ့သူတွေအတွက် အဆင်ပြေလွယ်ကူစေပါတယ်။ အရောင် (၇)ရောင်ထိ လည်း ကြိုက်နှစ်သက်ရာ ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ US$14.88 ဖြစ်ပါတယ်။ 
 
Skullcandy Inkd Wireless Earbuds
 
Shure SE 112 Sound Isolating Earphones 
 
Noiseblockers လို့အမည်ပေးထားတဲ့ Shure Isolating Earphone တွေဟာဆိုရင် အသံထွက်ကောင်းမွန်တဲ့ Earphone တစ်လုံးဖြစ်မှာ အသေအချာပါဘဲ။ 37 db of ambient ထိတောင် ဆူညံမှုတွေကို လျော့ချပေးနိုင်တယ် လို့ဆိုထားပါတယ်။ အားအပြည့်သွင်းထားယုံနဲ့ (၈)နာရီအထိ အသုံးခံပြီး အကြမ်းလည်း ခံသလို Bluetooth 4.1 အထိ ထောကိပံ့ပေးပါတယ်။ ဈေးနှုန်းအားဖြင့်က US$49 ဘဲဖြစ်ပါတယ်။ 
 
Shure SE 112 Sound Isolating Earphones
 
Jabra Move Wireless Headphone
 
US$ 100 အောက် wireless  headphone တွေထဲမှာ design ပိုင်းတွေထဲမှာ အရမ်းကို သေလောက်အောင် မိုက်လွန်းပါတယ်။ Budget headphone တွေထဲမှာ ရွေးချယ်သင့်တဲ့ headphone ဆိုလည်းမမှားပါဘူး။ ဈေးနှုန်းကတော့ US$60.72 ဖြစ်ပါတယ်။ 
 
Jabra Move Wireless Headphone
 
Optoma Nuforce Be Sports3 
 
Optoma Headphone က အထူးသဖြင့် work out လုပ်သူတွေအတွက် အဆင်ပြေလွယ်ကူပါတယ်။ အားတစ်ခါ အပြည့်သွင်းယုံနဲ့ ၁၀ နာရီထိ ဆက်တိုက်အသုံးပြနိုင်ပါတယ်။ ဒါ့အပြင် Siri နဲ့ Google Assistant ပါ အထောက် အကူပြုပါတယ်။ ဈေးနှုန်းကတော့  US$ 29.95 ဘဲဖြစ်ပါတယ်။ 
 
Optoma Nuforce Be Sports3
 
Zawgyi Version
 
၂၀၂၀ မွာေခတ္စားလာမယ့္ ေဈးသက္သာတဲ့ Wireless Earphone ေတြအေၾကာင္း တေစ့တေစာင္း
 
“Save Money and cut the cord” လို႔ဆိုတဲ့အတိုင္းဘဲ ကြၽန္ေတာ္ ၂၀၂၀မွာ ေစ်းသက္သာၿပီး Trend ျဖစ္ေနတဲ့ wireless earphone အေၾကာင္းေတြကို ကြၽန္ေတာ္ ရွာေတြ႕သေလာက္ေဖာ္ျပေပးခ်င္ပါတယ္။ Wireless Earphone ေတြဟာ သီခ်င္းနားေထာင္တဲ့ေနရာမွာ ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈတစ္ခုလို႔ ကြၽန္ေတာ္ေတာ့ျမင္တယ္။ လမ္းမွာဘဲ သီခ်င္းနားေထာင္မလား၊ Gym မွာဘဲ ကစားရင္း နားေထာင္မလား၊ မနက္ခင္းရဲ႕အရသာကို ခံစားၿပီး ေျပးရင္း နားေထာင္မလား၊ အရင္လိုႀကိဳးနဲ႔မဟုတ္ေတာ့တဲ့အခါၾကေတာ့ ကိုယ္ခႏၶာလႈပ္ရွားမႈေတြမွာ အဟန္႔ အတားမႏိုင္ေတာ့ဘူးေပါ့။ 
 
ကံေကာင္းတာတစ္ခုကေတာ့ အရင္လို ေစ်းႀကီးေပးဝယ္ရတာမ်ိဳးမဟုတ္ေတာ့ဘဲ ေစ်းသက္သာရတဲ့ earphones ေတြမွာပါ functions အစုံပါလာေတာ့တာပါဘဲ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္အေနနဲ႔ list လုပ္ၿပီး ေဖာ္ျပေပးလိုက္ရပါတယ္။ 
 
Skullcandy Ink’d Wireless Earbuds 
 
အၾကည့္နဲ႔တင္ ၾကည့္မယ္ဆိုရင္ Skullcandy eaephone ဟာ premium မဆန္ပါဘူး။ သို႔ေသာ္ တကယ္ကို အသုံးျပဳၾကည့္တဲ့အခါၾကရင္ အသံ အားေကာင္းမႈနဲ႔ earphone ရဲ႕ အေလးခ်ိန္ဟာဆိုရင္ သုံးရတဲ့သူေတြအတြက္ အဆင္ေျပလြယ္ကူေစပါတယ္။ အေရာင္ (၇)ေရာင္ထိ လည္း ႀကိဳက္ႏွစ္သက္ရာ ဝယ္ယူႏိုင္ပါတယ္။ ေစ်းႏႈန္းကေတာ့ US$14.88 ျဖစ္ပါတယ္။ 
 
Shure SE 112 Sound Isolating Earphones 
 
Noiseblockers လို႔အမည္ေပးထားတဲ့ Shure Isolating Earphone ေတြဟာဆိုရင္ အသံထြက္ေကာင္းမြန္တဲ့ Earphone တစ္လုံးျဖစ္မွာ အေသအခ်ာပါဘဲ။ 37 db of ambient ထိေတာင္ ဆူညံမႈေတြကို ေလ်ာ့ခ်ေပးႏိုင္တယ္ လို႔ဆိုထားပါတယ္။ အားအျပည့္သြင္းထားယုံနဲ႔ (၈)နာရီအထိ အသုံးခံၿပီး အၾကမ္းလည္း ခံသလို Bluetooth 4.1 အထိ ေထာကိပံ့ေပးပါတယ္။ ေစ်းႏႈန္းအားျဖင့္က US$49 ဘဲျဖစ္ပါတယ္။ 
 
Jabra Move Wireless Headphone
 
US$ 100 ေအာက္ wireless  headphone ေတြထဲမွာ design ပိုင္းေတြထဲမွာ အရမ္းကို ေသေလာက္ေအာင္ မိုက္လြန္းပါတယ္။ Budget headphone ေတြထဲမွာ ေ႐ြးခ်ယ္သင့္တဲ့ headphone ဆိုလည္းမမွားပါဘူး။ ေစ်းႏႈန္းကေတာ့ US$60.72 ျဖစ္ပါတယ္။ 
 
Optoma Nuforce Be Sports3 
 
Optoma Headphone က အထူးသျဖင့္ work out လုပ္သူေတြအတြက္ အဆင္ေျပလြယ္ကူပါတယ္။ အားတစ္ခါ အျပည့္သြင္းယုံနဲ႔ ၁၀ နာရီထိ ဆက္တိုက္အသုံးျပႏိုင္ပါတယ္။ ဒါ့အျပင္ Siri နဲ႔ Google Assistant ပါ အေထာက္ အကူျပဳပါတယ္။ ေစ်းႏႈန္းကေတာ့  US$ 29.95 ဘဲျဖစ္ပါတယ္။ 
 
Read times
Rate this item
(1 Vote)