2019 week 14 ၏ ရေပန်းအစားဆုံး စမတ်ဖုန်း ( ၁၀ ) လုံး

2019 week 14 ၏ ရေပန်းအစားဆုံး စမတ်ဖုန်း ( ၁၀ ) လုံး google

ကျနော်တို့တွေ 2019 ရဲ့ week 14 ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ်မှာကော ဘယ်ဖုန်းတွေက လူကြိုက်အများဆုံး စာရင်းထဲမှာ ပါဝင်နေမလဲ တချက် ဖတ်ကြည့်လိုက်ရအောင်။

အရင်တပတ်က ထိပ်ဆုံးမှာ ဆမ်ဆောင်း Galaxy A50 က ရပ်တည်ခဲ့တာပါ။ အခုတပတ်မှာလည်း အဆင့် ၁ နေရာမှာပဲ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ ဘာလို့ ၂ ပတ်ဆက်တိုက် လူကြိုက်အများဆုံး ဖြစ်ခဲ့တာလဲ သိချင်ရင် သူ့ရဲ့ specs ကို ဒီလင့်မှာ တစ်ချက် လေ့လာကြည့်နော်..

အဆင့် ၂ နေရာမှာဆိုရင် အရင်တပတ်က အတိုင်းပဲဗျ။ Huawei P30 Pro ကရပ်တည်နေတယ်။ ဒီဖုန်းကလည်း ၂ ပတ်ဆက်တိုက် လူကြိုက်အများဆုံး ဖြစ်ခဲ့တာပါ။ သူ့ရဲ့ Specs ကို ဒီ link မှာ လေ့လာကြည့်နော်..

အဆင့် ၃ နေရာမှာတော့ နည်းနည်းပြောင်းလဲမှု ရှိလာပြီ။ Redmi note 7 ပါ။ ဒီဖုန်းကတော့ မထွက်ခင်ကတည်းက လူကြိုက်များခဲ့တာပါ။ launch လုပ်ပြီးတော့လည်း လူကြိုက်အများဆုံး စာရင်းထဲမှာ တောက်လျောက်ပါဝင်နေခဲ့တာပါ။

အဆင့် ၄ နေရာမှာလည်း ဆမ်ဆောင်းပဲဗျ။ Galaxy A70 ကရပ်တည်နေခဲ့တယ်။ A series ကို လူကြိုက်ပိုများတယ် ထင်တယ်ဗျ။ အရင်တပတ်က ဒီဖုန်းလေးက အဆင့် ၃ နေရာက ရပ်တည်ခဲ့တာပါ။ ဒါကြောင့် Specs ကို စိတ်ဝင်စားရင် ဒီ link မှာဝင်ကြည့်နော်..

အဆင့် ၅ မှာတော့ ထူးထူးခြားခြား Nokia က ပါဝင်လာတယ်။ Nokia X71 ဒီဖုန်းလေးကို 2019 ဧပြီမှ စတင် announced လုပ်ခဲ့တာပါ။ 48MP 8MP 5 MP ကင်မရာ ၃ လုံးနဲ့ ကင်မရာပိုင်း စိတ်ချရတယ်။ 3500 mAh ဘတ္ထရီ အသေပါဝင်လာမှာဖြစ်ပြီး fast battery charging 18 W ပါဝင်လာမယ်။ Display က 6.39 inches နဲ့ မျက်နှာပြင် ကျယ်ကျယ်မှ ကြိုက်တဲ့ သူတွေအတွက် ဒီဖုန်းက လုံးဝမိုက်တယ်။ ဒီဖုန်းရဲ့ ထူးခြားချက်က 6 RAM ကို 128 GB ROM တစ်မျိုးတည်းနဲ့ ထွက်လာတာပဲ။ ဒီဖုန်းရဲ့ Specs အပြည့်အစုံကို ဒီ လင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ဗျ။

ဆင့် ၆ နေရာမှာဆိုရင် Redmi note 7 Pro က ရပ်တည်နေမယ်။ အပတ်တိုင်းလိုလို ပါနေတော့ သိပ်ပြောစရာကို မရှိတော့ဘူး..:3

အဆင့် ၇ နေရာမှာ Huawei P30 ကရပ်တည်နေတယ်။ ဟွာဝေးက P series ထဲမှာ P30 ကို မတ်လထဲမှာ ကြေငြာခဲ့တယ်။ လူကြိုက်များပြီး ဟွာဝေးရဲ့ ကင်မရာပိုင်းကို အထူး ဂရုစိုက်ထားတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

အဆင့် ၈ နေရာမှာ Huawei P 30 lite ရှိနေမယ်။ top ten စာရင်းထဲကို အခုမှ စတင်ဝင်လာတယ်ဆိုတာကလည်း ဒီဖုန်းကို April မှ စတင် announce လုပ်ခဲ့လို့ ထင်တယ်။ မတ်လမှာ P30 ထွက်ပြီးတော့ P30 ကို အထူးစီမံထားတဲ့ တန်ဖိုးသင့်ဖုန်းတစ်လုံး ထပ်မံကြေငြာလာတယ်လို့ ထင်တယ်။ ကင်မရာပိုင်းမှာ P30 လောက် 40 MP ထိ မပါလာပေမဲ့လည်း 20MP နဲ့လည်း ကောင်းမွန်နေတာ တွေ့ရတယ်။

အဆင့် ၉ နေရာကို Samsung Galaxy S10+ က အရင်အဆင့် ၇ နေရာက ဆင်းပေးလိုက်ရတယ်။ သူလည်း လူကြိုက်များတဲ့ ဖုန်းလို့ ပြောရမယ်။ ဘာလို့လည်းဆိုရင် လူကြိုက်အများဆုံး ဖုန်းစာရင်းရဲ့ week 14 ထိအောင် ပါဝင်နေခဲ့တာကို တွေ့ရတယ်။

အဆင့် ၁၀ နေရာမှာတော့ Samsung Galaxy M30 က ရပ်တည်နေပါတယ်။

ဒီ week 15 မှာဆိုရင် အရင်တပတ်နဲ့ သိပ်မကွာကြီး ပြောင်းလဲမှုမျိုးသိပ်မတွေ့ရပါဘူး။ ဒါမဲ့ ကျနော်ထင်တယ်ဗျ နောက်တပတ် week 16 မှာ ပြောင်းလဲမှုကြီးတွေ လာမယ်ဆိုတာ..စောင့်ကြည့်ကြရအောင်ဗျာ..

ict guide

Ref : Gsmarena

Read times
Rate this item
(0 votes)