2019 week (15 ) ၏လူကြိုက် အများဆုံး စမတ်ဖုန်း ၁၀ လုံး

2019 week (15 ) ၏လူကြိုက် အများဆုံး စမတ်ဖုန်း ၁၀ လုံး google

2019 ရဲ့ week 15 ကိုရောက်ရှိလာခဲ့ပါပြီ။

ဒီတပတ်မှာကော ဘယ်ဖုန်းတွေက လူကြိုက်အများဆုံး top ten စာရင်းထဲပါဝင်နေမလဲ ဆိုတာ တချက်လေ့လာကြည့်ရအောင်။

အရင်တပတ်က ထိပ်ဆုံး နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ Samsung Galaxy A50 က အဆင့် ၂ နေရာကို ဆင်းပေးလိုက်ရပြီဗျ။ သူနေရာကို ဘယ်ဖုန်းဝင်ရောက်လာလဲ ကြည့်ရအောင်။

ဒီတပတ်ရဲ့ အဆင့် ၁ နေရာကို ယခုတပတ်မှ အသစ်ဝင်ရောက်လာတဲ့ Samsung Galaxy A80 ကနေရာဝင်ယူလိုက်တယ်။ ဆမ်ဆောင်းရဲ့ A series တွေ အောင်မြင်ချက်ကတော့ အံ့ဖွယ်ပါပဲ။

ဒီ A 80 ကို 2019 ဧပြီမှ စတင် announced လုပ်ခဲ့တာဖြစ်ပြီး 48 MP ကင်မရာကြီးနဲ့ ပွဲထွက်လာခဲ့တာပါ။ ဒီ လင့် မှာ specs ကို လေ့လာနိုင်ပါသည်။

အဆင့် ၂ နေရာမှာဆိုရင် week 14 က ဘုရင်ကြီး Samsung Galaxy A50 က ရပ်တည်နေမယ်။ အရင်တပတ်က စာရင်းကို ဒီ လင့် မှာ သွားလေ့လာနိုင်ပါသည်။

အဆင့် ၃ နေရာမှာ Huawei P30 Pro ကရှိနေပါမယ်။ သူလည်း အရင်တပတ်က အဆင့် ၂ အထိ ဝင်ခဲ့တဲ့ လူစိတ်ဝင်စားခြင်း အခံရခြင်း ဖုန်းတစ်လုံးပါ။

အဆင့် ၄ မှာ Samsung Galaxy A70 ရှိမယ်။ သူလည်း A series ထဲကပဲဆိုတော့ A series အောင်မြင်ချက်က 9 + ပါပဲ။

အဆင့် ၅ နဲ့ ၇ နေရာမှာဆိုရင် 2019 နှစ်စကနေ အခု week 15 ရောက်တဲ့အထိ top ten စာရင်းထဲမှာ နေရာတစ်ခုရပ်တည်ထားနိုင်တဲ့ Xiaomi note 7 နဲ့ note 7 Pro တို့က အသီးသီး ရပ်တည်နေပါမယ်။

ဖုန်းတွေရဲ့ specs တွေကို သိချင်ရင် ဒီ လင့် လင့် နှစ်ခုမှာ ဝင်ရောက်လေ့လာနိုင်ပါသည်။

အဆင့် ၆ နေရာမှာတော့ အရည်အသွေးမြင့်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei P30 lite က ရပ်တည်နေမယ်။

Read more : နောက်ဆုံးရ ဖုန်းဈေးနှုန်းများ ( 10.4.19 )

အဆင့် ၈ နေရာနဲ့ အဆင့် ၉ မှာဆိုရင်  ဒီတပတ်မှ အသစ်ဝင်ရောက်လာခဲ့သည့် Samsung Galaxy A30 နဲ့ Huawei P30 တို့က အသီးသီး ရပ်တည်နေခဲ့တယ်ဗျ။

အဆင့် ၁၀ နေရာမှာတော့ တချိန်က အဆင့် ၁ နေရာအထိ နေရာယူထားနိုင်တဲ့ Samsung Galaxy S10+ က တဖြည်းဖြည်း လူကြိုက်နည်းလာပြီလို့ ပြောရမယ်ဗျ။

ဒီတပတ်အတွက် ချုံငုံ သုံးသပ်ရရင် Samsung ရဲ့ A series က တော်တော်လေး လူကြိုက်များလာတာကို တွေ့ရပါမယ်။

ဒါ့အပြင် ထူးခြားတာတစ်ခုက Xiaomi ရဲ့ Note 7 နဲ့ Pro ။ ဒီဖုန်းတွေက အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ အခုအချိန်ထိ ရေပန်းအစားဆုံး ဖုန်းတွေဖြစ်နေတယ်ဗျ။

တန်ဖိုးသင့် အရည်အသွေးကောင်းတဲ့ ဖုန်းဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ဖုန်းဝယ်တော့မယ်ဆိုရင် ဒီဖုန်းမျိုးတွေ ဝယ်သင့်ကြောင်း အကြံပေးရင် နောက်တပတ်မှ ပြန်တွေ့ကြပါမယ်။

ICT Guide

Nga htet

Ref: Gsmarena

Read 2825 times
Rate this item
(2 votes)