2019 week 16 ၏ ေရပန္းအစားဆံုး စမတ္ဖုန္း (၁၀) လံုး

2019 week 16 ၏ ေရပန္းအစားဆံုး စမတ္ဖုန္း (၁၀) လံုး google

ျမန္မာ့ ႏွစ္သစ္ကူး သၾကၤန္ကေတာ့ ၿပီးသြားခဲ့ၿပီေနာ္..။ နွစ္သစ္ကို ေရာက္ရွိခဲ့ပါၿပီ..

နွစ္သစ္ ရဲ႕ပထမဆံုုး အပတ္ လည္းျဖစ္၊ 2019 ရဲ႕ week 16 လည္းျဖစ္တဲ့ ဒီတပတ္မွာ ဘယ္ဖုန္းေတြက လူႀကိဳက္အမ်ားဆံုး Top ten စာရင္းမွာ ပါဝင္ေနမလဲ ဆိုတာ တခ်က္ေလ့လာၾကည့္ရေအာင္..

Top ten စာရင္းမွာ အခ်ိန္အတန္ၾကာေနရာယူထားတဲ့ ဖုန္းေတြဆိုတာ ေတာ္ေတာ္လည္း ေကာင္းလို႕လူႀကိဳက္မ်ားၾကတာ ထင္ပါတယ္။

ဒီတပတ္မွာလည္း Week 15တုန္းက အဆင့္ ၂ ေနရာနဲ႕ေက်နပ္ခဲ့ရတဲ့ Samsung Galaxy A50 က အခုတပတ္မွာ top one ေနရာကို ျပန္လည္ရယူသြားခဲ့ပါၿပီ။ ဒီဖုန္းကို Feb ထဲက စတင္ Announced လုပ္ခဲ့တာျဖစ္ၿပီး 2019 week 10 ေလာက္မွ Top ten စာရင္းထဲ စတင္ဝင္ေရာက္လာပါတယ္။

Specs အျပည့္အစံု

အဆင့္ ၂ ေနရာမွာေတာ့ A50 နဲ႕ series တူ Samsung Galaxy A80 က ဆက္လက္ေနရာယူထားပါတယ္။ ဒီဖုန္းကိုေတာ့ 2019 April မွ စတင္ေၾကျငာခဲ့တာျဖစ္ၿပီး ရလဒ္ကေတာ့ ျမင္တဲ့အတုိင္းပဲ announced လုပ္တဲ့ လမွာပဲ top ten စာရင္းထဲ ဝင္နုိင္ခဲ့ပါတယ္။

Specs အျပည့္အစံု

အဆင့္ ၃ မွာေတာ့ Huawei P30 Pro က ရပ္တည္ေနမယ္။ ဒီဖုန္းဟာလည္း အရင္တပတ္မွာ top ten ထဲပါဝင္လာတာျဖစ္ၿပီး လက္ရွိအဆင့္ကို ဆက္လက္ထိန္းသိမ္းထားပါတယ္။

Specs အျပည့္အစံု

အဆင့္ ၄ ေနရာမွာေတာ့ အပတ္တုိင္း ဖုန္းခ်စ္သူေတြရဲ႕ အားေပးမႈကို အခုိင္အမာရရွိထားတဲ့ Redmi note 7 က ရွိေနပါမယ္။

Specs အျပည့္အစံု

အဆင့္ ၅ ေနရာမွာဆိုရင္ ဆမ္ေဆာင္းရဲ႕ A series ထဲက Samsung Galaxy A70 ရွိေနပါတယ္။

Specs အျပည့္အစံု

အဆင့္ ၆ မွာေတာ့ Huawei P30 lite က အရင္တပတ္ကအတုိင္း မေျပာင္းလဲပဲ ရွိေနမယ္။

Specs အျပည့္အစံု

အဆင့္ ၇ ေနရာမွာလည္း ဒီအတုိင္းပဲဗ်။ အရင္တပတ္က Redmi note 7 Pro က ဆက္လက္ရွိေနပါတယ္။

Specs အျပည့္အစံု

အဆင့္ ၈ ေနရာမွာ Galaxy A30 က ရပ္တည္ေနမယ္။ သူလည္း အရင္တပတ္က ဒီေနရာပဲဗ်။ ေျပာင္းလဲမႈ မရွိပါဘူး။

Specs အျပည့္အစံု

အဆင့္ ၉ ေနရာမွာေတာ့ နည္းနည္းေလး လႈပ္ခတ္မႈ ရွိခဲ့တယ္။ အရင္ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနတဲ့ Galaxy S10+ က အခု ၉ အထိ တိုးတက္လာတာကို ေတြ႕ရပါတယ္။

Specs အျပည့္အစံု

အဆင့္ ၁၀ ေနရာမွာ Huawei P30 က ဆက္လက္ရပ္တည္ေနပါမယ္။ သူလည္းတျဖည္းျဖည္း က်ဆင္းလာၿပီလို႕ ေျပာလို႕ရပါတယ္။

Specs အျပည့္အစံု

ဒီတပတ္အတြက္ သံုးသပ္ရရင္ Top Ten စာရင္းက သိပ္ထူးထူးျခားျခား ေျပာင္းလဲလာတာမ်ိဳး မေတြ႕ရဘူးဗ်။ ဒါမဲ့ ဆမ္ေဆာင္းရဲ႕ A series ဖုန္း ၄ လံုးေလာက္ထိ စာရင္းထဲပါဝင္လာတာကို ေတြ႕ရပါတယ္။ ေတာ္ေတာ္လည္း ေကာင္းတဲ့ ဖုနး္ေတြလို႕ ေျပာလို႕ရတယ္ဗ်။ ေရွာင္မီဘက္မွာဆိုရင္ note 7 နဲ႕ Pro ဒီဖုန္း ၂ လံုးကေတာ့ အတန္ၾကာ စာရင္းထဲ ေနရာယူထားတာကို ေတြ႕ရပါတယ္။ ဟြာေဝးကေတာ့ သူရဲ႕ P series က ေတာ္ေတာ္ေလး အရာေရာက္ခဲ့ပါတယ္။

ျပည့္ျပည့္စံုစံုေတာ့ ရွိသြားၿပီ ထင္ပါတယ္။ ေနာက္တပတ္မွ ျပန္ေတြ႕ၾကမယ္ေနာ္..Top Ten trending phone သတင္းမ်ားကို အပတ္စဥ္ တနလၤာေန႕ ညေန ၃ နာရီ အခ်ိန္တြင္ ပံုမွန္ေရးသားေပးသြားပါမည္။

ict guide

nga htet

Ref; Gsmarena

Unicode version


မြန်မာ့ နှစ်သစ်ကူး သြင်္ကန်ကတော့ ပြီးသွားခဲ့ပြီနော်..။ နှစ်သစ်ကို ရောက်ရှိခဲ့ပါပြီ..။

နှစ်သစ် ရဲ့ပထမဆုံး အပတ် လည်းဖြစ်၊ 2019 ရဲ့ week 16 လည်းဖြစ်တဲ့ ဒီတပတ်မှာ ဘယ်ဖုန်းတွေက လူကြိုက်အများဆုံး Top ten စာရင်းမှာ ပါဝင်နေမလဲ ဆိုတာ တချက်လေ့လာကြည့်ရအောင်..။

Top ten စာရင်းမှာ အချိန်အတန်ကြာနေရာယူထားတဲ့ ဖုန်းတွေဆိုတာ တော်တော်လည်း ကောင်းလို့လူကြိုက်များကြတာ ထင်ပါတယ်။

ဒီတပတ်မှာလည်း Week 15တုန်းက အဆင့် ၂ နေရာနဲ့ကျေနပ်ခဲ့ရတဲ့ Samsung Galaxy A50 က အခုတပတ်မှာ top one နေရာကို ပြန်လည်ရယူသွားခဲ့ပါပြီ။ ဒီဖုန်းကို Feb ထဲက စတင် Announced လုပ်ခဲ့တာဖြစ်ပြီး 2019 week 10 လောက်မှ Top ten စာရင်းထဲ စတင်ဝင်ရောက်လာပါတယ်။

Specs အပြည့်အစုံ

အဆင့် ၂ နေရာမှာတော့ A50 နဲ့ series တူ Samsung Galaxy A80 က ဆက်လက်နေရာယူထားပါတယ်။ ဒီဖုန်းကိုတော့ 2019 April မှ စတင်ကြေငြာခဲ့တာဖြစ်ပြီး ရလဒ်ကတော့ မြင်တဲ့အတိုင်းပဲ announced လုပ်တဲ့ လမှာပဲ top ten စာရင်းထဲ ဝင်နိုင်ခဲ့ပါတယ်။

Specs အပြည့်အစုံ

အဆင့် ၃ မှာတော့ Huawei P30 Pro က ရပ်တည်နေမယ်။ ဒီဖုန်းဟာလည်း အရင်တပတ်မှာ top ten ထဲပါဝင်လာတာဖြစ်ပြီး လက်ရှိအဆင့်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

Specs အပြည့်အစုံ

အဆင့် ၄ နေရာမှာတော့ အပတ်တိုင်း ဖုန်းချစ်သူတွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Redmi note 7 က ရှိနေပါမယ်။

Specs အပြည့်အစုံ

အဆင့် ၅ နေရာမှာဆိုရင် ဆမ်ဆောင်းရဲ့ A series ထဲက Samsung Galaxy A70 ရှိနေပါတယ်။

Specs အပြည့်အစုံ

အဆင့် ၆ မှာတော့ Huawei P30 lite က အရင်တပတ်ကအတိုင်း မပြောင်းလဲပဲ ရှိနေမယ်။

Specs အပြည့်အစုံ

အဆင့် ၇ နေရာမှာလည်း ဒီအတိုင်းပဲဗျ။ အရင်တပတ်က Redmi note 7 Pro က ဆက်လက်ရှိနေပါတယ်။

Specs အပြည့်အစုံ

အဆင့် ၈ နေရာမှာ Galaxy A30 က ရပ်တည်နေမယ်။ သူလည်း အရင်တပတ်က ဒီနေရာပဲဗျ။ ပြောင်းလဲမှု မရှိပါဘူး။

Specs အပြည့်အစုံ

အဆင့် ၉ နေရာမှာတော့ နည်းနည်းလေး လှုပ်ခတ်မှု ရှိခဲ့တယ်။ အရင် အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ Galaxy S10+ က အခု ၉ အထိ တိုးတက်လာတာကို တွေ့ရပါတယ်။

Specs အပြည့်အစုံ

အဆင့် ၁၀ နေရာမှာ Huawei P30 က ဆက်လက်ရပ်တည်နေပါမယ်။ သူလည်းတဖြည်းဖြည်း ကျဆင်းလာပြီလို့ ပြောလို့ရပါတယ်။

Specs အပြည့်အစုံ

ဒီတပတ်အတွက် သုံးသပ်ရရင် Top Ten စာရင်းက သိပ်ထူးထူးခြားခြား ပြောင်းလဲလာတာမျိုး မတွေ့ရဘူးဗျ။ ဒါမဲ့ ဆမ်ဆောင်းရဲ့ A series ဖုန်း ၄ လုံးလောက်ထိ စာရင်းထဲပါဝင်လာတာကို တွေ့ရပါတယ်။ တော်တော်လည်း ကောင်းတဲ့ ဖုန်းတွေလို့ ပြောလို့ရတယ်ဗျ။ ရှောင်မီဘက်မှာဆိုရင် note 7 နဲ့ Pro ဒီဖုန်း ၂ လုံးကတော့ အတန်ကြာ စာရင်းထဲ နေရာယူထားတာကို တွေ့ရပါတယ်။ ဟွာဝေးကတော့ သူရဲ့ P series က တော်တော်လေး အရာရောက်ခဲ့ပါတယ်။

ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီ ထင်ပါတယ်။ နောက်တပတ်မှ ပြန်တွေ့ကြမယ်နော်..။ Top Ten trending phone သတင်းများကို အပတ်စဉ် တနင်္လာနေ့ ညနေ ၃ နာရီ အချိန်တွင် ပုံမှန်ရေးသားပေးသွားပါမည်။

ict guide

nga htet

Ref; Gsmarena

Read 4159 times
Rate this item
(1 Vote)