2019 week 17 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 17 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com

ဧပြီလရဲ့ နောက်ဆုံးပတ်ကိုတော့ရောက်ရှိလာခဲ့ပါပြီ။ ဒီနောက်ဆုံးပတ်မှာ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်နေလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

- ဒီအပတ်မှာတော့ အဆင့် ၁ နေရာကို Samsung Galaxy A50 ကပဲရယူထားပြီးတော့ ဆက်လက်ဗိုလ်စွဲလျက်ရှိပါတယ်။

Specs အပြည့်အစုံ

- အဆင့် ၂ နေရာကိုတော့ အရင်အပတ်ကအဆင့် ၄ နေရာမှာရှိခဲ့တဲ့ Xiaomi Redmi Note 7 ကခုန်တတ်လာတာဖြစ်ပါတယ်။

Specs အပြည့်အစုံ

- အဆင့် ၃ ကိုနေရာကိုလည်း Samsung Galaxy A70 ကအဆင့် ၅ နေရာကနေ ဝင်ရောက်နေရာယူလိုက်ပါပြီ။

Specs အပြည့်အစုံ

- Top Ten list ထဲပါဝင်လာပြီး နှစ်ပတ်ဆက်တိုက် အဆင့် ၃ နေရာကိုရယူထားတဲ့ Huawei P30 Pro ကတော့ ဒီတစ်ပတ်မှာတော့ အဆင့် ၄ နေရာကို ကျဆင်းသွားပြီပဲဖြစ်ပါတယ်။

Specs အပြည့်အစုံ

- ဒီလထဲမှာပဲစတင်မိတ်ဆက်ခဲ့ပြီးတော့ အဆင့် ၂ နေရာကိုယူနိုင်ခဲ့တဲ့ Samsung Galaxy A80 ကတော့ ဒီအပတ်မှာတော့ အဆင့် ၅ နေရာကိုကျဆင်းသွားတာပဲဖြစ်ပါတယ်။

Specs အပြည့်အစုံ

- အဆင့် ၆ မှာတော့ Huawei P30 lite က အရင်တစ်ပတ်ကအတိုင်း မပြောင်းလဲပဲ ရှိနေပါတယ်။

Specs အပြည့်အစုံ

- အဆင့် ၇ နေရာမှာလည်း ဒီအတိုင်းပဲဗျ။ အရင်တပတ်က Redmi note 7 Pro က ဆက်လက်ရှိနေတုန်းပါပဲ။

Specs အပြည့်အစုံ

- ဒီတစ်ပတ်အဆင့် ၈ နေရာကိုတော့ Samsung Galaxy A60 ကဝင်ရောက်လာတာဖြစ်ပြီးတော့ ဒီလမှစတင်မိတ်ဆက်ခဲ့တာပါ။ ဒီကောင်လေးကတော့ Main Camera ၃ လုံးနဲ့ ပွဲထွက်လာတာပါ။ Specs အပြည့်အစုံကိုတော့ အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။

Specs အပြည့်အစုံ

- အဆင့် ၉ နေရာကိုလည်း ဒီလမှ စတင်မိတ်ဆက်လာတဲ့ Lenovo Z6 Pro လေးကတော့ 48 MP,16MP,8MP,2MP ဆိုတဲ့ ကင်မရာ ၄လုံး ပါဝင်ပြီးတော့ Battery 4000 mAh နဲ့ ပွဲထွက်လာတာပါ။ 512 GB, 12 GB RAM or 256 GB, 8 GB RAM or 128 GB, 6/8 GB RAM ဆိုပြီး ၃မျိုးထွက်ရှိလာမှာဖြစ်ပြီး ကြိုက်နှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာ ဖော်ပြပေးထားပါတယ်။

Specs အပြည့်အစုံ

- အဆင့် ၁၀ နေရာကိုလည်း ဒီလမှာပဲမိတ်ဆက်ခဲ့တဲ့ Xiaomi Redmi Y3 ကဝင်ရောက်ပြီးတော့ Top Ten list ထဲမှာပါဝင်လာတာဖြစ်ပါတယ်။

Specs အပြည့်အစုံ

ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Samsung A series တွေထိပ်ဆုံးနေရာမှာ တော်တော်များများနေရာယူထားပါတယ်။ ဒီတစ်ပတ်အတွက်ထူးခြားချက်ကတော့ ဒီလထဲမှာမိတ်ဆက်ခဲ့တဲ့ ဖုန်းသစ် ၃လုံး စလုံးပါဝင်လာတာကိုတွေ့ရတယ်။ နောက်ထူးခြားချက်တစ်ချက်က နှစ်စထဲက Top Ten List ထဲမှာနေရာယူထားတဲ့ Redmi Note 7 & Pro ကတော့ ဒီလကုန်ထိမြင်တွေ့နေရပြီးတော့ ဒါကလည်းထူးခြားတဲ့အချက်ပါပဲ။

ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် တနင်္လာနေ့ ညနေ ၃ နာရီ အချိန်တွင် ပုံမှန်ရေးသားတင်ဆက်ပေးသွားပါမယ်။

Myanmar ICT Guide

Pk

Ref : Gsmarena

Read times
Rate this item
(2 votes)