2019 week 18 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 18 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com

တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။ ဒီ မေလရဲ့

ပထမပတ်ရောက်ရှိလာတဲ့အခါမှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလည်းဆိုတာ ကြည့်လိုက်ကြရအောင်။

() ဒီအပတ်မှာလည်း အဆင့် ၁ နေရာကို Samsung Galaxy A50 ကပဲရယူထားပြီးတော့ အဆင့် ၁ နေရာကိုဆက်လက်ထိန်းသိမ်းထားပါတယ်။

- Specs အပြည့်အစုံ

() အဆင့် ၂ နေရာကိုတော့ ဒီမေလမှ စတင်မိတ်ဆက်ခဲ့တဲ့ OnePlus 7 Pro ကဝင်ရောက်နေရာယူလိုက်ပါတယ်။ ဒီ OnePlus 7 Pro ကတော့ Non-removable Li-Po 4000 mAh battery နဲ့အတူ Fast battery charging 30W ပါဝင်ပြီးပွဲထွက်လာတာပါ။

Specs အပြည့်အစုံ

() အဆင့် ၃ နေရာကိုတော့ Samsung Galaxy A70 ကဆက်လက်နေရာယူထားဆဲ ဖြစ်ပါတယ်။

- Specs အပြည့်အစုံ

() အရင်တစ်ပတ်က အဆင့် ၂ နေရာကို ရယူနိုင်ခဲ့တဲ့ Xiaomi Redmi Note 7 ကတော့ ဒီတစ်ပတ်မှာ အဆင့် ၄ နေရာကို ကျဆင်းသွားပြီပဲဖြစ်ပါတယ်။

- Specs အပြည့်အစုံ

() အဆင့်တွေကျဆင်းလာတဲ့ Huawei P30 Pro ကတော့ ဒီတစ်ပတ်မှာလည်း အဆင့် ၄ နေရာကနေ အဆင့် ၅ နေရာကို ကျဆင်းသွားတာဖြစ်ပါတယ်။

- Specs အပြည့်အစုံ

() အဆင့် ၆ မှာတော့ Huawei P30 lite က အရင်တစ်ပတ်ကအတိုင်း မပြောင်းလဲပဲ ရှိနေပါတယ်။

- Specs အပြည့်အစုံ

() အဆင့် ၇ နေရာမှာ ဒီမေလ ၈ ရက်နေ့မှစတင်မိတ်ဆက်မယ့် Google Pixel 3a XL ကထူးထူးခြားခြားပါဝင်လာတာပါ။ ဘာတွေများထူးခြားနေလို့ပါဝင်လာရတာလည်းဆိုတာကိုတော့ အောက်မှာပါတဲ့ Specs ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

- Specs အပြည့်အစုံ

() အရင်တစ်ပတ်က အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့တဲ့ Xiaomi Redmi Note 7 Pro ကတော့ ဒီတစ်ပတ်မှာ အဆင့် ၈ နေရာကို ရောက်ရှိသွားတာပဲဖြစ်ပါတယ်။

- Specs အပြည့်အစုံ

() ၂၀၁၉ ဖေဖော်ဝါရီမှာစတင်မိတ်ဆက်ခဲ့တဲ့ Samsung Galaxy A30 ကတော့ အဆင့် ၉ နေရာကနေ Top Ten List ထဲကိုပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။

- Specs အပြည့်အစုံ

(၁၀) မေလရဲ့ ပထမပတ်မှာဆိုရင် Samsung Galaxy S10+ က အဆင့် ၁၀ နေရာကနေပြီးတော့ Top Ten List ထဲကိုပြန်လည်ပါဝင်လာတာပဲဖြစ်ပါတယ်။

- Specs အပြည့်အစုံ

ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Samsung ဖုန်းတွေကဆက်လက်ဦးဆောင်နေတာပါ။ ထူးခြားချက်တွေအနေနဲ့ကတော့ ဒီမေလအစမှာ မိတ်ဆက်ခဲ့တဲ့ OnePlus 7 Pro က အဆင့်၂ နေရာကိုဝင်ရောက်လာပြီးတော့ မိတ်ဆက်ဖို့ရက်ပိုင်းလောက်လိုနေသေးတဲ့ Google Pixel 3a XL ကအဆင့် ၇ နေရာကို ဝင်ရောက်လာတာပါ။ နောက်ထူးခြားချက်တစ်ချက်က နှစ်စထဲက Top Ten List ထဲမှာနေရာယူထားတဲ့ Redmi Note 7 & Pro ကတော့ ဒီမေလရဲ့ပထမပတ်ထိဆက်လက်ပါဝင်နေတာဖြစ်ပါတယ်။

ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် တနင်္လာနေ့ ညနေ ၃ နာရီ အချိန်မှာ ပုံမှန်ရေးသားတင်ဆက်ပေးသွားပါမယ်။

Pk

Ref : Gsmarena

Myanmar ICT Guide

Read 3000 times
Rate this item
(1 Vote)