2019 week 19 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 19 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com
တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။
အပတ်စဉ်ရေးသားတင်ဆက်နေကျဖြစ်တဲ့ ရေပန်းအစားဆုံး ဖုန်း (၁၀) လုံးရဲ့ အလှည့်ကိုပြန်လည်ရောက်ရှိလာပြန်ပါပြီ။ အခု မေလရဲ့ဒုတိယပတ်မှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလည်းဆိုတာ ကြည့်လိုက်ကြရအောင်။
 
(၁) ဒီအပတ်မှာလည်း အဆင့် ၁ နေရာကို Samsung Galaxy A50 ကပဲရယူထားတုန်းပါပဲ။ 
 
(၂) အဆင့် ၂ နေရာမှာလည်း ဒီမေလမှ စတင်မိတ်ဆက်ခဲ့တဲ့ OnePlus 7 Pro ကဝင်ရောက်နေရာယူနေတုန်းပါ။ ဒီ OnePlus 7 Pro ကတော့ Non-removable Li-Po 4000 mAh battery နဲ့အတူ Fast battery charging 30W ပါဝင်ပြီးပွဲထွက်လာတာပါ။
 
(၃) အဆင့် ၃ နေရာလည်း မပြောင်းလဲဘဲ Samsung Galaxy A70 ကဆက်လက်နေရာယူထားဆဲ ဖြစ်ပါတယ်။
 
(၄) Xiaomi Redmi Note 7 ကတော့ အဆင့် ၄ နေရာမှာ ဆက်လက်ရှိနေတုန်းပါပဲ။
 
(၅) အဆင့် ၅ နေရာမှာတော့ Huawei P30 Pro ဖြစ်ပါတယ်။ အဆင့် ၁ ကနေ ၅ အထိမှာတော့ အရင်တစ်ပတ်က အတိုင်း အပြောင်းအလဲမရှိပါဘူး။
 
(၆) အဆင့် ၆ နေရာကိုတော့ Realme X က ဝင်ရောက်နေရာယူသွားပါပြီ။ ဒီကောင်လေးရဲ့ အသေးစိတ် Specs ကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
(၇) အဆင့် ၇ နေရာမှာတော့ Huawei P30 lite ရှိနေပါတယ်။ အရင်တစ်ပတ်က အဆင့် ၆ နေရာမှာရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အဆင့်ကျဆင်းသွားတာဖြစ်ပါတယ်။
 
(၈) မိတ်ဆက်ထားတာသိပ်မကြာသေးတဲ့ Google Pixel 3a XL ကတော့ အဆင့် ၈ နေရာကို ရောက်ရှိသွားပါပြီ။ 
 
(၉) ၂၀၁၉ ဖေဖော်ဝါရီမှာစတင်မိတ်ဆက်ခဲ့တဲ့ Samsung Galaxy A30 ကတော့ အဆင့် ၉ နေရာမှာဖြစ်ပါတယ်။
 
(၁၀) နှစ်စထဲက Top Ten List ထဲပါဝင်လာခဲ့တဲ့ Xiaomi Redmi Note 7 Pro ကတော့ ဒီအပတ်မှာလည်း အဆင့် ၁၀ နေရာကနေ ပါဝင်နေတုန်းပါပဲ။
 
ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Samsung ဖုန်းတွေကဆက်လက်ဦးဆောင်နေတုန်းပါ။ ထူးခြားချက်တွေအနေနဲ့ကတော့ ဒီမေလအစမှာ မိတ်ဆက်ခဲ့တဲ့ OnePlus 7 Pro က အဆင့်၂ နေရာကိုဝင်ရောက်လာပြီး နောက်ပိုင်းမှာလည်း အဆင့် ၂ ကိုဆက်လက်ထိန်းထားနိုင်တုန်းပါပဲ။ အဆင့် ၁ ကနေ ၅ အထိမှာလည်းပြောင်းလဲသွားတာမျိုးမရှိတဲ့အပြင် Top Ten List ထဲမှာ နှစ်စထဲက နေရာယူထားတဲ့ Redmi Note 7 & Pro ကတော့ ဒီမေလရဲ့ ဒုတိယပတ်ထိဆက်လက်ပါဝင်နေတာဖြစ်ပါတယ်။
 
ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် တနင်္လာနေ့ ညနေ ၃ နာရီ အချိန်မှာ ပုံမှန်ရေးသားတင်ဆက်ပေးသွားပါမယ်။
 
Pk
Ref : Gsmarena
Read 3666 times
Rate this item
(1 Vote)